မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်မှာ KTV လာတဲ့ ရဲ ၃ယောက်ကို လက်ပစ်ဗုံးတွေနဲ့အတူ အရှင်ဖမ်းဆီးရမိခဲ့ကြောင်း Yesagyo Revolution Group (YRG) တာဝန်ခံက မောင်းကို ပြောပါတယ်။

မေလ ၁၈ ရက်နေ့က ပခုက္ကူမြို့နယ်၊ အရှေ့ဘုန်းကံရွာ စစ်ဆေးရေးဂိတ်ကနေ ထွက်လာတဲ့ အဆိုပါရဲ ၃ ယောက်ကို Southern Local PDF တပ်ပေါင်းစုက လမ်းကြောင်းတစ်နေရာကနေ အရှင်ဖမ်းဆီးနိုင်ခဲ့တာလို့သိရပါတယ်။

ဖမ်းဆီးရမိသူတွေဟာ ရဲဒုတပ်ကြပ် သီဟအောင်၊ရဲတပ်သားလှဘုန်းနဲ့ ရဲတပ်သား စည်သူလွင် တို့ဖြစ်ကြပြီး သူတို့နဲ့အတူ ဖုန်း ၃ လုံး၊ ငွေကျပ် ၁၉၈,၀၀၀ ကျပ်နဲ့ လက်ပစ်ဗုံး ၂ လုံး တို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရပါတယ်။

Southern Local PDF တပ်ပေါင်းစု ဖမ်းဆီးရမိသည့် ရဲ ၃ ဦးကို တွေ့ရစဉ်


“ကေတီဗီ သွားတဲ့လမ်းခုလပ် တစ်နေရာက ဖမ်းဆီးခဲ့တာဗျ။ ဖမ်းတော့လည်း အခက်အခဲမရှိခဲ့ပါဘူး။ ဒီကောင်တွေရဲ့ ဘုန်းကံဂိတ်က စခ ရခ တွေက ပြည်သူတွေအပေါ် တအားအနိုင်ကျင့်တယ်။ တောလမ်းမှာ ကင်းပုန်းဝပ်တယ် ပြီးရင် လာတဲ့ ဆိုင်ကယ်တွေ သုံးဘီးတွေ ဖမ်းပြီး ငွေတောင်းပါတယ်။ ဆိုင်ကယ် ၁စီး ၅သောင်း တောင်းတယ်။ သုံးဘီးဆို ၁ စီး ၁ သိန်းလောက် တောင်းပါတယ်” လို့ Yesagyo Revolution Group (YRG) တာဝန်ခံက မောင်းကို ပြောပါတယ်။

လက်ရှိမှာတော့ ဖမ်းဆီးထားတဲ့ ရဲ ၃ ယောက်ကို စစ်သုံ့ပန်းဥပဒေအတိုင်း ထိန်းသိမ်းထားတယ်လို့လည်း Southern Local PDF တပ်ပေါင်းစုက ပြောပါတယ်။

“ကျနော်တို့ စစ်မေးတဲ့ချိန်အထိတော့ ပြည်သူကို ငွေညှစ်တဲ့အထဲ မပါဘူး။ အဲ့ဒီရောက်တာ သိပ်မကြာသေးဘူးလို့ပဲ ဖြေပါတယ်” လို့ Yesagyo Revolution Group (YRG) တာဝန်ခံက မောင်းကို ပြောပါတယ်။

ဒီဖမ်းဆီးမှုကို Southern Local PDF တပ်ပေါင်းစုဖြစ်တဲ့ Yesagyo Revolution Group (YRG)၊ Southern YSO PDF၊ ဒေါင်းညီနောင်၊ ပြည်သူ့အားမာန် PDF YSO၊ King Cobra နဲ့ ဒေါင်းစစ်သည်တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့လည်းသိရပါတယ်။

0 Shares:
You May Also Like
Read More

ရခိုင်တစ်ပြည်လုံးမှာ စစ်ရှုံးနေတာကို လက်ခံဖို့ မင်းအောင်လှိုင်နဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေကို စစ်သုံ့ပန်း ဗိုလ်မှူးချုပ် ကျော်ကျော်သန်း ပြော

စစ်သားတွေရဲ့ အသက်ကိုငဲ့ညှာပြီး ရခိုင်တစ်ပြည်လုံးမှာ စစ်ရှုံးနေတာကို မင်းအောင်လှိုင်နဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ လက်ခံပေးပါလို့ AA က သုံးပန့်အဖြစ် ဖမ်းဆီးထားတဲ့ နပခ တိုင်းစစ်ဦးစီးမှူး ဗိုလ်မှူးချုပ် ကျော်ကျော်သန်းကပြောကြားလိုက်ပါတယ်။
Read More

ကောလင်းမြို့နယ်ရှိ ကျေးရွာ စာသင်ကျောင်းကို အပစ်ရပ်ကြေညာထားသည့် စစ်တပ်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ကြဲချတိုက်ခိုက်၊ စစ်ရှောင် မိန်းကလေးငယ် တစ်ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း ၊ ကောလင်းမြို့နယ်၊ အင်ပင်လှကျေးရွာ စာသင်ကျောင်းကို အပစ်ရပ်ကြေညာထားတဲ့ အကြမ်းဖက်စစ်တပ်က ဗုံးကြဲတိုက်ခိုက်ရာ စစ်ဘေးရှောင် မိန်းကလေးငယ် တစ်ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ Kawlin Info က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပဲခူးအနောက်ခြမ်းက ကျေးရွာတွေမှာ စစ်ကောင်စီရဲ့ ပေါ်တာဆွဲမှုကြောင့် လူငယ်တွေ ရှောင်တိမ်းနေကြရ

ပဲခူးတိုင်းအနောက်ခြမ်းက မြို့နယ်တွေဖြစ်တဲ့ မင်းလှ၊ အုတ်ဖို၊ သုံးဆယ်မြို့တို့က ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေက ပေါ်တာဆွဲမှုတွေ ထပ်မံလုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ဖလမ်းမှာ တိုက်ပွဲတွေပြင်းထန်နေလို့ ပြည်သူတွေမြို့ထဲကို အဝင်အထွက်မလုပ်ဖို့ CNDF အသိပေး

ချင်းပြည်နယ်၊ ဖလမ်းမြို့မှာ စစ်ကောင်စီနဲ့ ပြင်းထန်တဲ့တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် မြို့အတွင်းအဝင်အထွက်ကို အများပြည်သူအနေနဲ့ လုံး၀မပြုလုပ်ဖို့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF က မနေ့က ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

နောင်ချိုမြို့ ရှေ့တန်းတစ်နေရာမှ ထွက်ပြေးလာသည့် စစ်မှုထမ်းတပ်သား ၂ ဦး ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးအဖွဲ့ထံ အလင်းဝင်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်အတွင်း တိုက်ပွဲတစ်နေရာကနေ စစ်မှုထမ်းတပ်သား ၂ ယောက် ထွက်ပြေး အလင်းဝင်ရောက်လာကြောင်း ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

နောင်ချိုမှာ စစ်တပ် လက်နက်ကြီးကြောင့် မိခင် သေဆုံးပြီး ပြင်းထန်ဒဏ်ရာနဲ့ ကျန်ရစ်တဲ့ ကလေးငယ်အတွက် ဆေးကုသစရိတ် လိုအပ်နေ

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်းတပ်မတော် TNLA  ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ယောက် သေဆုံးပြီး ကလေး ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။