မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်မှာ KTV လာတဲ့ ရဲ ၃ယောက်ကို လက်ပစ်ဗုံးတွေနဲ့အတူ အရှင်ဖမ်းဆီးရမိခဲ့ကြောင်း Yesagyo Revolution Group (YRG) တာဝန်ခံက မောင်းကို ပြောပါတယ်။

မေလ ၁၈ ရက်နေ့က ပခုက္ကူမြို့နယ်၊ အရှေ့ဘုန်းကံရွာ စစ်ဆေးရေးဂိတ်ကနေ ထွက်လာတဲ့ အဆိုပါရဲ ၃ ယောက်ကို Southern Local PDF တပ်ပေါင်းစုက လမ်းကြောင်းတစ်နေရာကနေ အရှင်ဖမ်းဆီးနိုင်ခဲ့တာလို့သိရပါတယ်။

ဖမ်းဆီးရမိသူတွေဟာ ရဲဒုတပ်ကြပ် သီဟအောင်၊ရဲတပ်သားလှဘုန်းနဲ့ ရဲတပ်သား စည်သူလွင် တို့ဖြစ်ကြပြီး သူတို့နဲ့အတူ ဖုန်း ၃ လုံး၊ ငွေကျပ် ၁၉၈,၀၀၀ ကျပ်နဲ့ လက်ပစ်ဗုံး ၂ လုံး တို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရပါတယ်။

Southern Local PDF တပ်ပေါင်းစု ဖမ်းဆီးရမိသည့် ရဲ ၃ ဦးကို တွေ့ရစဉ်


“ကေတီဗီ သွားတဲ့လမ်းခုလပ် တစ်နေရာက ဖမ်းဆီးခဲ့တာဗျ။ ဖမ်းတော့လည်း အခက်အခဲမရှိခဲ့ပါဘူး။ ဒီကောင်တွေရဲ့ ဘုန်းကံဂိတ်က စခ ရခ တွေက ပြည်သူတွေအပေါ် တအားအနိုင်ကျင့်တယ်။ တောလမ်းမှာ ကင်းပုန်းဝပ်တယ် ပြီးရင် လာတဲ့ ဆိုင်ကယ်တွေ သုံးဘီးတွေ ဖမ်းပြီး ငွေတောင်းပါတယ်။ ဆိုင်ကယ် ၁စီး ၅သောင်း တောင်းတယ်။ သုံးဘီးဆို ၁ စီး ၁ သိန်းလောက် တောင်းပါတယ်” လို့ Yesagyo Revolution Group (YRG) တာဝန်ခံက မောင်းကို ပြောပါတယ်။

လက်ရှိမှာတော့ ဖမ်းဆီးထားတဲ့ ရဲ ၃ ယောက်ကို စစ်သုံ့ပန်းဥပဒေအတိုင်း ထိန်းသိမ်းထားတယ်လို့လည်း Southern Local PDF တပ်ပေါင်းစုက ပြောပါတယ်။

“ကျနော်တို့ စစ်မေးတဲ့ချိန်အထိတော့ ပြည်သူကို ငွေညှစ်တဲ့အထဲ မပါဘူး။ အဲ့ဒီရောက်တာ သိပ်မကြာသေးဘူးလို့ပဲ ဖြေပါတယ်” လို့ Yesagyo Revolution Group (YRG) တာဝန်ခံက မောင်းကို ပြောပါတယ်။

ဒီဖမ်းဆီးမှုကို Southern Local PDF တပ်ပေါင်းစုဖြစ်တဲ့ Yesagyo Revolution Group (YRG)၊ Southern YSO PDF၊ ဒေါင်းညီနောင်၊ ပြည်သူ့အားမာန် PDF YSO၊ King Cobra နဲ့ ဒေါင်းစစ်သည်တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့လည်းသိရပါတယ်။

0 Shares:
You May Also Like
Read More

စတီရီယိုခေတ်ဦးမှာ ကျော်ကြားထင်ရှားခဲ့တဲ့ တေးသံရှင် ဗစ်တာခင်ညို ကွယ်လွန်

နွေ၊ မြခွာညို၊ ဒီဇင်ဘာနံနက်ခင်း၊ စတဲ့ တေးသီချင်းတွေနဲ့အတူ စတီရီယိုခေတ်ဦးမှာ ထင်ရှားကျော်ကြားခဲ့တဲ့ တေးသံရှင် ဗစ်တာခင်ညို ဟာ စက်တင်ဘာ ၂၅ ရက် ဒီနေ့မှာ ကွယ်လွန်သွားတယ်လို့ မိသားစုဝင်တွေနဲ့ ညီဖြစ်သူ တေးသံရှင် တူးတူးတို့က အသိပေးထားပါတယ်။
Read More

တီးတိန်မှာ စစ်ကောင်စီကင်းစင်အောင် လုပ်ပြီးရင် ဆက်စပ်နယ်မြေများကိုပါ ကူညီသွားမည်ဟု ချင်းညီနောင် ပြော

အာဏာသိမ်းစစ်ကောင်စီဟာ ချင်းပြည်နယ်မြောက်ပိုင်းက တီးတိန်မြို့ကို လက်မလွှတ်ရရေးအတွက် အသည်းအသန် ခုခံကာ စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားနေတယ်လို့ ချင်းညီနောင်အဖွဲ့ (CB) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က ဒီနေ့ ဇွန်လ ၁၈ရက်နေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
Read More

သတ်မှတ်ရန်ပုံငွေထက် ၂ဆကျော်ရရှိခဲ့လို့ မင်းတပ်မြို့ကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်မယ်လို့ ချင်းတော်လှန်ရေးတပ် ကြွေးကြော်

ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲဖို့ သတ်မှတ်ထားတဲ့ ရန်ပုံငွေ ထက် ၂ဆကျော် ရရှိခဲ့တာကြောင့် မြို့သိမ်းတိုက်ပွဲကို အောင်မြင်စွာဆင်နွှဲသွားမယ်လို့ ချင်းကာကွယ်ရေးတပ် (မင်းတပ်) က ဒီနေ့ ဒီဇင်ဘာလ ၂ ရကမှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

မင်းအောင်လှိုင် တရုတ် သွားမည်ဟု ထုတ်ပြန်၊ ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် (၈၀) ပြည့်ပွဲကိုလည်း အကြမ်းဖက်စစ်ခေါင်းဆောင် တက်ရောက်ဦးမည်ဟု ဆို

တရုတ်နိုင်ငံကို အကြမ်းဖက် စစ်ကော်မရှင်ခေါင်းဆောင် မင်းအောင်လှိုင်က အလုပ်သဘောနဲ့ ခရီးသွားရောက်မယ်လို့ စစ်တပ်အားပေး မီဒီယာတွေနဲ့ စစ်တပ်လော်ဘီတွေက သတင်းဖော်ပြထားပါတယ်။
Read More

ဆားတောင်တွင် နေအိမ်များ မီးရှို့သည့် အကြမ်းဖက်စစ်ကြောင်းကို ပြောက်ကျားတိုက်ခိုက်ရာ စစ်သား ၂ ဦး သေပြီး လက်နက် ၂ လက် ရရှိ

စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့မှာ အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးလာတဲ့ အကြမ်းဖက်စစ်ကြောင်းကို ပြောက်ကျားတိုက်ခိုက်ရာ စစ်သား ၂ ယောက် သေဆုံးပြီး သေနတ် ၂ လက် ရရှိခဲ့တယ်လို့ ဆားတောင်မိုးကြိုး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

တိုင်းပြည်တည်ငြိမ်ရေးကို ဦးစားပေး လုပ်ဆောင်နေသည်ဟု မင်းအောင်လှိုင် ပြော

တိုင်းပြည်တည်ငြိမ်ရေးကိုသာ ဦးစားပေးဆောင်ရွက်နေတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။