တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း (ခမရ) ၄၀၁ က စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်နဲ့ အလင်း၀င်ရောက်လာ တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။

မေလ ၁၁ ရက်နေ့က ထား၀ယ်မြို့နယ်အခြေစိုက် ခမရ ၄၀၁ က စစ်ကောင်စီတပ်သားဟာ လောင်းလုံး(ပကဖ) ဆီ ချိတ်ဆက်ပြီး လက်နက်နဲ့ အလင်း၀င်ရောက်လာခဲ့တယ်လို့ သိရပါတယ်။

လောင်းလုံး ပကဖ အနေနဲ့ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားကို လက်ခံကြိုဆိုပြီး ကနဦးအနေနဲ့ ဆုကြေးငွေ ကျပ်သိန်းသုံးဆယ် ချီးမြှင့်ပေးအပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ကျောက်ကြီးမှာ နောက်တန်းပြန်ဆင်းတဲ့ အင်အားရာချီ စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရပြီး အယောက် ၃၀ ကျော် သေ

အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အင်အားရာနဲ့ချီတဲ့ နောက်တန်းပြန်ဆင်း စစ်ကြောင်းကို တိုက်ခိုက်ချေမှုန်းရှင်းလင်းခဲ့ရာ စစ်ကောင်စီတပ်သား ၅၀ ကျော် ထိခိုက်မှုနဲ့ သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ရိုးမ (၂) စစ်ကြောင်း အထူးကွန်မန်ဒိုတပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

နောင်လာနောက်သားတွေအတွက် ဆိုးကျိုးတွေပဲ ဖြစ်စေနိုင်မယ့် ဘိန်းခင်းတွေကို CDF Civic Defense Militia – CDM-Siyin တပ်ဖွဲ့ ဖျက်ဆီးရှင်းလင်း

ချင်းပြည် (Chinland) ၊  Siyin ဒေသမှာ စီးပွားရေးသမားတွေရဲ့ သွေးထိုးမှုနဲ့ စိုက်ပျိုးထားတဲ့ ဘိန်းခင်းတွေကို ဒီဇင်ဘာလ ၁၉ရက်နေ့က  ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း CDF Civic Defense Militia - CDM-Siyin တပ်ဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ဝက်လက်နယ်က စစ်ဘေးရှောင်တွေ နေထိုင်တဲ့စာသင်ကျောင်းကို စစ်တပ်က ဗုံးကြဲလို့ စစ်ရှောင် ၂ ဦးသေဆုံး၊ ၄ ဦးဒဏ်ရာရ

“စာသင်ကျောင်းထဲနေတာက ညောင်ကန်ရွာသူ၊ ရွာသားမဟုတ်ဘူး၊ မတ္တရာဘက်က စစ်ဘေးရှောင်လို့ သိရတယ် စာသင်ကျောင်းမှာနေတယ်ဗျ အရင်ကအဲ့ရွာမှာလေကြောင်း တိုက်ခိုက်မှုမရှိဘူးဗျ၊ နောက်တစ်ချက်က မြေပြင်စစ်ကြောင်းလည်းမရှိဘူး၊ ဒဏ်ရာရတဲ့သူတွေထဲမှာ ဒီနေ့နောက်ထပ် တစ်ယောက် သေဆုံးတယ် သိလို့ရတယ်၊ ဘယ်သူဘယ်ဝါလည်း မသိရသေးဘူး၊ ဒဏ်ရာရသူတွေထဲက တစ်ယောက်ခြေထောက်ဖြတ်ရမယ်လို့ သိရတယ်”လို့ Wetlet Informational Network မှ တာဝန်ခံကိုနဂါးလေးကမောင်းကိုပြောပါတယ်။
Read More

နမခအတွင်းက တိုင်းစစ်ရုံးနှင့် ရဟတ်ယာဉ်ကွင်းတို့ကို ရှော့တိုက်ဒုံး ၂လုံးဖြင့် အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) အတွင်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၂ လုံး အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) က သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

နေပြည်တော် ပကဖထံ ပြည်သူ့ကာကွယ်ရေး ထောက်ပံ့တပ်စု (CSC-Japan) လာရောက်တွေ့ဆုံ ထောက်ပံ့ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နေပြည်တော်တိုင်းစစ်ဌာနလက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - နေပြည်တော် (ပကဖ) ကို ပြည်သူ့ကာကွယ်ရေး ထောက်ပံ့တပ်စု (CSC-Japan) က လာရောက်တွေ့ဆုံပြီး ထောက်ပံ့ခဲ့တယ်လို့ နေပြည်တော် ပကဖ က ထုတ်ပြန်ပါတယ်။
Read More

ကန့်ဘလူမှာ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်သားနဲ့ပျူ ၁၁ယောက်သေ၊ လက်နက်ခဲယမ်းတွေ PDF ရရှိ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ တစ်နေကုန်ဖြစ်ပြီး စစ်အုပ်စုဘက်က စစ်သားနဲ့ပျူစောထီး ၁၁ယောက်သေဆုံးကာ အထိနာသွားခဲ့တယ်လို့ ကျွန်းလှကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့က မောင်းကို ပြောပါတယ်။