ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) အနေနဲ့ ရခိုင်ပြည်ကနေ ပြင်ပကို ထွက်ခွာဖို့ ကြိုးစားအားထုတ်‌နေကြတဲ့သူတွေအတွက် တားမြစ်တဲ့အချက် (၄) ချက်ပါ စည်ကမ်းချက်တွေကို မေလ ၂၂ ရက် မနေ့က ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်ထဲက လူငယ်လူရွယ်အနည်းစုအနေနဲ့ ULA/AA က ပြဋ္ဌာန်းလိုက်တဲ့ အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ်ပြဋ္ဌာန်းချက် (National Defense Emergency Provision – NDEP) အပေါ် သေချာစွာနားမလည်ဘဲ အဓိပ္ပာယ်ကောက်လွဲမှားပြီး တိုင်းပြည်တာဝန် ထမ်းဆောင်မှုကို ရှောင်လွဲဖို့ ကြိုးစား အားထုတ်လာတာတွေကို ကြားသိနေရတယ်လို့ AA က ဆိုပါတယ်။

ဒါကြောင့် အခုအချိန်ကာလတွေအတွင်း ပုံစံအမျိုးမျိုး၊ နည်းလမ်းအမျိုးမျိုးနဲ့ ရခိုင်ဒေသရဲ့ ပြင်ပကို ထွက်ခွာဖို့ ကြိုးစားအားထုတ်‌နေသူတွေကို တားမြစ်တာဖြစ်တယ်လို့ ဆိုပါတယ်။

ပထမဆုံးအချက်အနေနဲ့ ကျိုးကြောင်းဆီလျော်မှုမရှိတဲ့ အကြောင်းပြချက်တွေနဲ့ ရခိုင်ဒေသအတွင်းက နေရပ်စွန့်ခွာပြီး သွားလိုကြတဲ့သူတွေ၊ NDEP အရ စစ်မှုထမ်းဖို့ အကျုံးဝင်ပြီး စစ်မှုမထမ်းလိုဘဲ ထွက်ပြေးဖို့ ကြိုးစားသူတွေကို သွားလာခွင့်မပြုဘဲ တည်ငြိမ်တဲ့ စစ်ရေးအခြေအနေတစ်ခု ရောက်ရှိလာတဲ့အထိ တားမြစ်လိုက်တယ်လို့ ဆိုပါတယ်။

ဒုတိယအချက်အနေနဲ့ AA ရဲ့ ပြည်သူ့ကျန်းမာရေးဌာနက ကုသမှုမပေးနိုင်တဲ့ ပြင်းထန်ရောဂါရှိတဲ့ လူနာတွေ၊ အသက်အန္တရာယ်စိုးရိမ်ရတဲ့ လူနာတွေက လွဲပြီး နေရပ်စွန့်ခွာ သွားလိုသူတွေဟာ NDEP ပြဋ္ဌာန်းချက်ပါ အသက်အရွယ် (မ ၁၈ နှစ်မှ ၂၅ နှစ်အထိ၊ ကျား ၁၈ နှစ်မှ ၄၅ နှစ်အထိ) အတွင်း အကျုံးဝင်တဲ့သူတွေကို သွားလာခွင့်မပြုဘဲ လက်ရှိတိုက်ပွဲတွေကြောင့် ဖြစ်ပေါ်လာတဲ့ အရေးပေါ်ကာလပြီးဆုံးချိန်အထိ တားမြစ်ကြောင်း AA က ဖော်ပြထားပါတယ်။

တတိယအနေနဲ့ ရခိုင်ဒေသအတွင်းကနေ နေရပ်စွန့်ခွာပြီး သွားလိုသူတွေကို ကုန်းလမ်း၊ ရေလမ်းတွေကနေ အခကြေးငွေယူကာ သယ်ယူပို့ဆောင်ပေးနေသူတွေကို တားမြစ်လိုက်ပြီး တွေ့ရှိရင် တည်ဆဲဥပဒေအရ အရေးယူခံရမယ်လို့ AA က ဆိုပါတယ်။

နောက်ဆုံးအချက်အနေနဲ့ အခြေခံစားသောက်ကုန် ရောင်း/ဝယ် ကုန်သည်တွေ၊ နွားကုန်သည်တွေ၊ နွားအချ အငှားလိုက်သူတွေ ကုန်သည်တွေအနေနဲ့ သွားလာတဲ့ အချိန်တွေမှာ လူပိုတွေကို ခေါ်ဆောင်တာ၊ အခကြေး ငွေယူပြီး လူကယ်ရီပို့ဆောင်တာတွေကို လုံးဝ မပြုလုပ်ဖို့ တားမြစ်လိုက်ကြောင်း AA က ဆိုပါတယ်။

ULA/AA အနေနဲ့ NDEP ကို ပြီးခဲ့တဲ့ မတ်လ (၁၈) ရက်နေ့က စတင်ပြဋ္ဌာန်းခဲ့တာဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်းရှိ ပြည်သူလူထုတစ်ရပ်လုံးရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်တွေရဲ့ လုံခြုံရေး၊ တည်တံ့ရေးကို အထူးအလေးပေးဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မပြီးပြတ်သေးတဲ့ မြို့သိမ်းတိုက်ပွဲတွေကို အကန့်အသတ်နဲ့ ဆင်နွှဲရင်း “အာရက္ခဒေသတခုလုံး အာရက္ခပြည်သူ လက်ထဲသို့ ရောက်ရှိရေး” ဆိုတဲ့ ရည်မှန်းချက်ကို အကောင်အထည်ဖော်နေတယ်လို့ ULA/AA က ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီ ထိန်းချုပ်ရာ နေရာတွေမှာ ရခိုင်လူမျိုးမှတ်ပုံတင် ကိုင်ဆောင်ထားသူတွေနဲ့ ခရီးသွားလာ‌နေတဲ့ ရခိုင်လူမျိုးတွေကို ရည်ရွယ်ချက်ရှိရှိ ဖမ်းဆီးပြီး ငွေညှစ်နေမှု၊ ပြန်ပေးဆွဲထားသလို ဖမ်းဆီးထိန်းသိမ်းထားမှု၊ ပုဒ်မ အမျိုးမျိုးတပ်ပြီး မတရားသဖြင့် ထောင်ချနေမှု၊ လူသတ်အလောင်းဖျောက်နေမှုတွေ အန္တရာယ်ကနေ ကင်းလွတ်စေဖို့အတွက် အခုလို တားမြစ်ရတယ်လို့လည်း AA က ဆိုပါတယ်။

ရခိုင်ဒေသက မြို့သိမ်းတိုက်ပွဲတွေအတွင်း အကြမ်းဖက်စစ်ကောင်စီ ထောင်ထားတဲ့ စွန့်လွှတ်မိုင်းတွေ မနင်းမိစေဖို့၊ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြို့တွေကို ရောက်ရှိရင် စစ်မှုထမ်းစုဆောင်းရေး မခံရစေဖို့၊ လူမှောင်ခိုဂိုဏ်းတွေ၊ ကျားဖြန့်ဂိုဏ်းတွေရဲ့ လက်ထဲသို့ မရောက်ရှိစေဖို့၊ ရက္ခိုင်ရိုးမနယ်စပ်တလျှောက် တိုက်ပွဲတွေ ဆက်လက်ရှိနေဆဲဖြစ်တာကြောင့် တိုက်ပွဲတွေအတွင်း ကြားညပ်မသွားစေဖို့ အစရှိတဲ့ လူ၊ မိုင်းအန္တရာယ်တွေကနေ ကင်းလွတ်စေဖို့ ရည်ရွယ်ပြီး အခုလို တားမြစ်ချက် ထုတ်ပြန်ရတာဖြစ်ကာ အရေးပေါ်ကာလ ပြန်လည်ရုပ်သိမ်းမယ့်အချိန်ကို ထပ်မံအသိပေးသွားမယ်လို့လည်း AA က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

နမ့်ဆန်မြို့နယ်တွင် စစ်အုပ်စု ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံး ၆ လုံး ကြဲချတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်၊ ကယားကြီးကျေးရွာမှာ အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူငယ်အမျိုးသား (၁) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပေးပြီး ၁၁ရက်အကြာမှာ NLD လျှပ်စစ်ဝန်ကြီးဦးဝင်းခိုင် ကွယ်လွန် ကျန်းမာရေးဆိုးရွားပြီး ဆေးရုံပေါ် အသက်လုနေချိန်မှ လွတ်ငြိမ်းခွင့်ပေးခဲ့ခြင်းဖြစ်

မန္တလေးဆေးရုံကြီး၊ အထူးကြပ်မတ်ကုသဆောင်(ICU) မှာ ဆေးကုသမှုခံယူနေရတဲ့ ဦးဝင်းခိုင်ကို စစ်ကောင်စီက အောက်တိုဘာ ၂၉ရက်နေ့မှာ လွတ်ငြိမ်းခွင့်ပေးခဲ့ပြီး ၁၁ရက်အကြာမှာပဲ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။
Read More

မုံရွာ-ရေဦးလမ်းပိုင်းမှာ တပ်ချိန်းဖို့လာတဲ့ အကြမ်းဖက်စစ်သားတွေကို ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ ဘုတလင်မြို့ပေါ်သို့ တပ်ချိန်းဖို့လာတဲ့ အကြမ်းဖက်စစ်သားတွေကို မုံရွာ-ရေဦးလမ်းပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Ba Thu Kyawal Column အဖွဲ့ထံက သိရပါတယ်။
Read More

Urban Operation Column ၏ 7 july ​အောက်​မေ့ဖွယ်အခမ်းအနား

၆၃ နှစ်ပြည့်​ 7 July ​အောက်​မေ့ဖွယ်အခမ်းအနားကို ဇွန်လိုင်လ ၇ ရက် ဒီနေ့ မနက်ပိုင်းမှာ ကရင်နီပြည်နယ်ရှိ တပ်ရင်းရုံး စခန်းမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ Urban Operation Column က ထုတ်ပြန်ပါတယ်။
Read More

တိုက်ပွဲအပြန် ထိခိုက်ဒဏ်ရာနဲ့ ကျဆုံးသွားခဲ့တဲ့ တပ်စုမှူး ရဲဘော် အာကြီးရဲ့ စျာပန… (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ယင်းမာပင်ခရိုင် တပ်ရင်းအမှတ် (၃၀) အနေနဲ့ တိုက်ပွဲကအပြန် ထိခိုက်ဒဏ်ရာနဲ့ ကျဆုံးသွားခဲ့တဲ့ တပ်စုမှူး ရဲဘော် အာကြီးရဲ့ စျာပနအခမ်းအနားမှာ တပ်ရင်းရဲဘော်တွေက ​အမိန့်ပြန်တမ်း ဖတ်ရှုကာ အလေးပြုပြီး ကျန်ရစ်သူမိသားစုအပါ ပြည်သူတွေနဲ့အတူ မီးရှို့သင်္ဂြိုလ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကမ္မမြို့ပေါ်တွင် စစ်ကောင်စီတပ် ယာယီအထိုင်ချစဥ် ပိတ်ဆို့ထားသည့် လမ်းများကို ပြည်သူများနှင့်အတူ တော်လှန်ရေးတပ်များ ပြန်လည်ရှင်းလင်းပေးခဲ့ (ဓာတ်ပုံသတင်း)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကမ္မမြို့ပေါ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် ယာယီအထိုင်ချစဥ်က ပိတ်ဆို့ထားတဲ့ လမ်းတွေကြောင့် ပြည်သူတွေ အခက်အခဲတွေ့နေတဲ့အတွက် ပြန်လည်ရှင်းလင်းပေးခဲ့တယ်လို့ RED GIANT တပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။