ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းက စစ်ကောင်စီ ဘလယ်ဒိုတပ်စခန်းကို KNLA၊ KNDO နဲ့ PDF ပူးပေါင်းတပ်များက ဒီကနေ့ညနေမှာ တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။

ဒီကနေ့ မေလ ၂၃ ရက်နေ့ ညနေ ၅ နာရီခန့်အချိန်မှာ ကော့ကရိတ်မြို့နယ် ဘလယ်ဒိုကျေးရွာအနီး အကြမ်းဖက် စစ်ကောင်စီတပ်များ ဝင်ရောက်ကျူးကျော်တပ်စွဲထားတဲ့ ဘလယ်ဒို စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရတာပါ။

အဆိုပါစခန်းသိမ်းတိုက်ပွဲကို တပ်မဟာ ၆ ဦးဆောင်တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (P.D.F) တို့က ပူးပေါင်းတိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ‌ ဖော်ပြပါရှိပါတယ်။

ဘလယ်ဒို စစ်ကောင်စီတပ်စခန်းမှ သိမ်းပိုက်ရရှိသောလက်နက်ခဲယမ်းများ

 

0 Shares:
You May Also Like
Read More

သီပေါနဲ့ နောင်ချိုမြို့တို့မှာ စစ်ကောင်စစ်တပ်က ပေါင် (၅၀၀)ဗုံး လာရောက်ကြဲချမှုကြောင့် ဒေသခံ ၁ ယောက် သေဆုံးပြီး နေအိမ်အများအပြားပျက်စီး…

ရှမ်းပြည်နယ်မြောက်ပိုင်းက သီပေါမြို့နဲ့ နောင်ချိုမြို့တို့မှာ အကြမ်းဖက်စစ်ကောင်စစ်တပ်က ဖျက်အားပြင်း ပေါင် (၅၀၀)ဗုံး လာရောက်ကြဲချမှုကြောင့် ဒေသခံ ၁ ယောက် သေဆုံးပြီး နေအိမ်အများအပြားပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

ပေါက်ခေါင်းတွင် မဲရုံလုံခြုံရေး ကင်းပတ်ထွက်လာသည့် စစ်ကော်မရှင်တပ်သားများ မိုင်းဆွဲခံရပြီး ၂ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်က မဲရုံလုံခြုံရေးအတွက် ကင်းပတ်ထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရတဲ့အတွက် ထိခိုက်သေဆုံးသူတွေ ရှိခဲ့တယ်လို့ ၃၆၀၁ တပ်ရင်းက ဒီနေ့ ဇန်နဝါရီလ ၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီရဲ့ တပ်မဟာ (၁) က ၆ လပတ်အစည်းအဝေးနဲ့ တပ်တွင်းစည်းလုံးရေး ဘောလုံးပြိုင်ပွဲ ပြုလုပ်

ချင်းပြည်နယ်အခြေစိုက် ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ - မတူပီ၊ တပ်မဟာ-၁ (ဆီနိုင်းတပ်ရင်း) က ၆ လပတ်အစည်းအဝေးနဲ့ တပ်တွင်းစည်းလုံးရေးအတွက် ဆီနိုင်းတိုက်နယ် ဘောလုံးပြိုင်ပွဲကို နိုဝင်ဘာလ ၄ ရက်နဲ့ ၅ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

KK Park တွင် KNU ပါဝင်ပတ်သက်နေသည်ဟု စစ်တပ်၏ စွပ်စွဲချက် KNU ပြတ်ပြတ်သားသား ငြင်းဆို

အာဏာသိမ်းစစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ကျားဖြန့်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ KK Park စီမံကိန်းမှာ KNU ပါဝင်ပတ်နေတယ်လို့ စွပ်စွဲခဲ့တဲ့အပေါ် ပြတ်ပြတ်သားသား ငြင်းဆိုကြောင်း KNU က ထုတ်ပြန်လိုက်ပါတယ်။
Read More

ရွှေဘိုမှာ ဘုန်းကြီးကျောင်းထဲ တပ်စွဲထားတဲ့ စစ်အုပ်စုတွေ ဒရုန်းနဲ့ ဗုံးကြဲခံရပြီး ၅ ယောက်သေ

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ကံမရွာကို အကြမ်းဖက်စစ်တပ် ဝင်ရောက်စီးနင်းပြီး ဒေသခံများကို ဖမ်းဆီး၊ လူနေအိမ်များကို မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ကံမကျေးရွာကို အကြမ်းဖက်စစ်တပ်က ဇန်နဝါရီ ၂ရက်နေ့ ညပိုင်းမှာ သေနတ်တွေ ပစ်ဖောက်ကာ ဝင်ရောက်စီးနင်းခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။