ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်မှာအကြမ်းဖက်စစ်ကြောင်းကနေ ထွက်ပြေးလာတဲ့ စစ်မှုထမ်းတပ်သား ၂ ယောက် လက်နက်ကိုယ်စီနဲ့ အလင်းဝင်ခိုလှုံလာကြောင်း သာယာဝတီခရိုင် အမှတ် (၁) တပ်ရင်း P23801 တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဧရာဝတီတိုင်း၊ ရေကြည်နဲ့ ကျုံပျော်မြို့တို့ကနေ စစ်မှုထမ်းအဖြစ် ဖမ်းဆီးခံခဲ့ရပြီး စစ်ကောင်စီတပ်သားဖြစ်လာတဲ့ ကိုနိုင်ဝေလင်းနဲ့ ကိုရာဇာမင်းတို့ဟာ မေလ ၁၉ ရက်နေ့မှာ သာယာဝတီခရိုင် အမှတ် (၁) တပ်ရင်း P23801 ထံ ချိတ်ဆက်အလင်းဝင်ရောက်လာခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ကို ပြန်လည်တိုက်ခိုက်သွားမယ်လို့လည်း သိရပါတယ်။

အလင်းဝင်ရောက်လာသူ ၂ ယောက်ဟာ စစ်မှုထမ်းတပ်သားအဖြစ် ပေါ်တာဆွဲခံရပြီးတဲ့နောက် အစပိုင်း မှာ တပ်တွင်းကင်းနဲ့ တပ်တွင်းသက်သာချောင်ချိရေး လုပ်ငန်းတွေမှာ တာဝန်ထမ်းဆောင်ခဲ့ကြရပေမယ့် နတ်တလင်းမြို့နယ်၊ ပျဉ်ပုံရွာကို လှုပ်ရှားစစ်ကြောင်းနဲ့အတူ ပါလာချိန်မှာတော့ အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးရတာ၊ လူရိုက်နှက်ရတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

“သူတို့က ပျဥ်ပုံရွာကနေ လက်နက်နဲ့ထွက်ပြေးလာတယ်။ ကျနော်တို့ နယ်မြေထဲရောက်တော့ ပြည်သူတစ်ယောက်အိမ်မှာနေပြီး ကျနော်တို့နဲ့ချိတ်ဆက်ခဲ့တာပါ။ သူတို့ ကတော့ ကျနော်တို့နဲ့ ပူးပေါင်းပြီးတော်လှန်ရေးဆက်လုပ်မယ် ပြောပါတယ်။ ဆုကြေးငွေကိစ္စအတွက်လည်း အထက်နဲ့ ချိတ်ဆက်ဆောင်ရွက်နေပါတယ်” လို့သာယာဝတီခရိုင် အမှတ်(၁)တပ်ရင်း P23801 တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အလင်းဝင်ရောက်လာသူ ၂ယောက်နဲ့အတူ MA 1 သေနတ် (၂) လက်၊ လက်ပစ်ဗုံး (၁) လုံး၊ စကားပြောစက် (၁) လုံး၊ ကျည်ဘောက် (၆) ခု တို့ပါဝင်ခဲ့ကြောင်း သိရပါတယ်။

အလင်းဝင်ရောက်လာသူ ၂ ဦးကို လက်နက်များနှင့်အတူ တွေ့ရစဥ်
0 Shares:
You May Also Like
Read More

ပုသိမ်-မုံရွာ လမ်းပိုင်းကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် မိုင်းဆွဲခံရပြီး ၄ ဦး သေ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်း ပုသိမ်-မုံရွာလမ်းပိုင်းမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ယင်းမာပင်ခရိုင် ပကဖထံက သိရပါတယ်။
Read More

ဂန့်ဂေါတွင် စစ်ကောင်စီက စစ်ကြောင်းထိုးရာလမ်းတလျှောက် အရပ်သား ၈ ဦးကို ဖမ်းဆီးကာ စိတ်ကျန်းမာရေးချို့တဲ့သူ ၁ ဦးကို ရိုက်သတ်ခဲ့

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ အင်အားအပြောင်းလဲလုပ်ဖို့ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေက အရပ်သားတွေကို စစ်ကြောင်းထိုးရာ လမ်းတလျှောက် ဖမ်းဆီးခေါ်ဆောင်ရင်း စိတ်ကျန်းမာရေး ချို့တဲ့နေသူ ၁ ယောက်ကို ရိုက်နှက်သတ်ဖြတ်ထားခဲ့တယ်လို့ သိရပါတယ်။
Read More

KNU နိုင်ငံခြားရေးဌာနနဲ့ နိုင်ငံတကာရောက် ကရင်တွေ တွေ့ဆုံ

ကရင်အမျိုးသားအစည်းအရုံး - KNU နိုင်ငံခြားရေးဌာနတာဝန်ရှိသူတွေနဲ့ နိုင်ငံတကာရောက် ကရင်တွေ တွေ့ဆုံပွဲကို ဒီဇင်ဘာလ (၂၇) ရက်က နယ်စပ်တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။
Read More

ရွှေပေါက္ကံမြို့သစ် ၂၂ ရပ်ကွက်ရုံးကို လက်ပစ်ဗုံး၂လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်အုပ်စုဝင် တစ်ယောက်သေ

ရန်ကုန်တိုင်း၊ ရွှေပေါက္ကံမြို့သစ်က (၂၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ယောက်သေဆုံးပြီး ၁ယောက်ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ မြောက်ဥက္ကလာပမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ကလလတ တပ်ရင်းအမှတ် ၉၄၂၅ (KPLA B/9425) တပ်ခွဲ (၄) တွင် ဒုစစ်ကြောင်းမှူး အဖြစ် တာဝန်ထမ်းဆောင်နေသည့် ရဲဘော် ကျဆုံးခဲ့

ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး ၊ ဗျူဟာ(၂) ကလလတ တပ်ရင်းအမှတ် ၉၄၂၅ (KPLA B/9425) တပ်ခွဲ (၄) မှ ဒုစစ်ကြောင်းမှူး အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

မုံရွာမှ ထွက်ခွာလာသည့် စစ်ကော်မရှင်ရေယာဉ် (၁၅) စီးကို တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ခိုက် ၊ ထိခိုက်သေဆုံးသူများ ရှိနိုင်ဟု ဆို…

" ထိခိုက်သေဆုံးမှုကတော့ ရှိနိုင်တယ် ၊ အတိအကျတော့ မသိရဘူး၊ စက်တပ်လေထီး‌နဲ့က မပစ်သွားဘူး၊ ဒီအတိုင်းပဲ ကာပေးသွားတာ၊ ရှေ့ထွက်မိုင်းတွေတောင် မဆွဲလိုက်ရဘူး၊ ဂန်းငယ်တွေနဲ့ပဲ ပစ်လိုက်ရတယ်၊ ရှေ့ထွက်မိုင်းဆွဲလိုက်ရင် မီးခိုးတွေ ထွက်သွားရင် အဆင်မပြေလို့ စက်တပ်လေထီးကလည်း တက်လာတာဆိုတော့လေ" လို့ ChindwinFighterGroup(CFG) ရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။