ချင်းပြည်နယ်ရှိ မတူပီ-မင်းတပ် လမ်းပိုင်းက မိုင်တိုင် ၉၁ မိုင်မှာ လမ်းပြုပြင်နေတာကြောင့် လမ်းပိတ်ထားတယ်လို့ Chin Defense Force-Matupi က ဒီနေ့မှာ ထုတ်ပြန်ကြေညာပါတယ်။

မတူပီမြို့နယ် ပြည်သူလူထုရဲ့ ကုန်စည်စီးဆင်းရာ အဓိကလမ်းပိုင်းဖြစ်တဲ့ မတူပီ-မင်းတပ် လမ်းပိုင်းက မိုင်တိုင် ၉၁ မိုင်နေရာမှာ ယိုယွင်းပျက်စီးနေတာကြောင့် ပြန်လည် ပြုပြင်နေတယ်လို့ ဆိုပါတယ်။

လမ်းပြုပြင်ဆဲ ကာလမှာ ဖြတ်သန်းသွားလာနေတဲ့ ယာဥ်တွေရဲ့ အလေးချိန်နဲ့ တုန်ခါမှုတွေကြောင့် လမ်းပြုပြင်ရေး အခက်အခဲများစွာ ကြုံတွေ့နေရတဲ့အတွက် အခုလို လမ်းပိတ်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါလမ်းပိုင်းကို မေလ ၂၂ ရက်ကနေ ဇွန်လ ၅ ရက်အထိ လမ်းပြုပြင်ဆဲကာလ နှစ်ပတ်တာအတွင်း လုံးဝ ဖြတ်သန်းသွားလာတာမပြုလုပ်ဖို့ CDF-Matupi က အသိပေးထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်းတည်ထောင်ခြင်း (၄)နှစ်ပြည့် အခမ်းအနား

ပဲခူးတိုင်း၊ ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်းတည်ထောင်ခြင်း (၄)နှစ်ပြည့် အခမ်းအနားကို ကရင်အမျိုးသားအစည်အရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNU/KNLA) တပ်မဟာ (၁) နယ်မြေမှာ ဇွန်လ ၂၃ ရက်က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ညောင်ပင်ဆိပ်ကျေးရွာ အုပ်ချုပ်ရေးမှူး လက်သည်မပေါ်ဘဲ ပစ်ခတ်ရှင်းလင်းခံရ

AA ရဲ့ ထိုးစစ်တွေ ဝင်ရောက်လာမှာကို ကြောက်လန့်ပြီး လုံခြုံရေးတွေ တင်းကြပ်ထားတဲ့ ဧရာဝတီတိုင်း ကျုံပျော်မြို့နယ်မှာ ဇန်နဝါရီ ၁၅ ရက် မနေ့က ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ယောက် ပစ်သတ်ခံခဲ့ရပါတယ်။
Read More

ကရင်နီတွင် အကျဉ်းသား ၈၀ ခန့် ထောင်ဖောက် ထွက်ပြေး

ကရင်နီပြည်နယ်အတွင်းက အကျဉ်းထောင်တစ်ခုမှာ အကျဉ်းသား ၈၀ နီးပါးလောက်ဟာ ထောင်ဖောက်ပြီး လက်နက်တွေနဲ့အတူ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။
Read More

မုံရွာ နမခမှ စစ်မှုထမ်းတပ်သား ၂ ဦး လက်နက်ခဲယမ်းနှင့်အတူ တော်လှန်ရေးတပ်ဖွဲ့ထံ အလင်းဝင်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) က စစ်မှုထမ်းတပ်သား ၂ ယောက်ဟာ‌ တော်လှန်ရေးတပ်ဖွဲ့ထံကို လက်နက်နဲ့တကွ အလင်းဝင်လာတယ်လို့ ဒို့အရေးချန်နယ်ဆီက သိရပါတယ်။
Read More

စစ်ကိုင်းမြို့ပေါ်တွင် စစ်အုပ်စု ဆိုးဆိုးရွားရွား ပေါ်တာဆွဲဖမ်းဆီးနေ၊ စစ်ရှောင်ဘုန်းကြီးကျောင်းကိုလည်း သေနတ်ဖောက် ဝင်ရောက်ကာ ကျောင်းထိုင်ဆရာတော်ကို ခြိမ်းခြောက်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်မှာ အကြမ်းဖက်စစ်အုပ်စုက ပေါ်တာဆွဲဖမ်းဆီးမှုတွေ ဆိုးဆိုးရွားရွား လုပ်ဆောင်နေသလို စစ်ဘေးရှောင်ဘုန်းကြီးကျောင်းတစ်ခုကိုလည်း သေနတ်ပစ်ဖောက် စီးနင်းခဲ့တယ်လို့ The Voice Of Wetlet Madayar တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (၁၀၀၁) တပ်ရင်း တည်ထောင်ခြင်း ၄ နှစ်ပြည့်အခမ်းအနား

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ရှမ်းတောင်-ကယား(ကရင်နီ)တိုင်းစစ်ဒေသ ဗျူဟာအမှတ်(၁၄) ကွပ်ကဲရေးအောက်ရှိ အမှတ်(၁၀၀၁) တပ်ရင်း၊ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် ကို ဖွဲ့စည်းတည်ထောင်ခဲ့တာ ၄ နှစ်ပြည့်ပြီ ဖြစ်တယ်လို့ အဆိုပါတပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။