ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာကို အပစ်ရပ်ထားတဲ့ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် (၂၅၀)ဗုံး (၄)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA က ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်က TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာကို တိုက်ပွဲမဖြစ်ပွားဘဲ ဒီနေ့ မွန်းတည့်ခါနီးအချိန်မှာ (၄) ကြိမ် ဗုံးကြဲချခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါကျေးရွာကို မနေ့ကလည်း စစ်ကောင်စီတပ်က ဒရုန်းနဲ့ လက်နက်ကြီး (၁၅) လုံး၊ အဆိပ်ငွေ့ဗုံး (၁) လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ပြီး ဒေသခံ (၁) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလ (၂၀) ရက်ကလည်း တိုက်ပွဲမဖြစ်ပွားဘဲ စစ်ကောင်စီတပ်က TNLA ထိန်းချုပ်ရာ နောင်ချိုမြို့နယ်၊ ဟိုခိုကျေးရွာကို ဂျက်ဖိုက်တာနဲ့ ပေါင် (၂၅ဝ) ဗုံး (၁) လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံပြည်သူရဲ့ နေအိမ် (၁) လုံး ထိမှန်ပျက်စီးဆုံးရှုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

မေလ (၆) ရက်ကနေ (၃၁) ရက်ထိ အပစ်ခတ်ရပ်စဲရေးကာလ ထပ်မံတိုးထားတဲ့ စစ်ကောင်စီတပ်ဟာ TNLA အုပ်ချုပ်တဲ့ မြို့နယ်တွေကို မြေပြင်ထိုးစစ်ဆင်ခြင်း၊ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးတွေ ပစ်ခတ်ခြင်း၊ ဒရုန်း၊ လေကြောင်းနဲ့ နေ့စဉ်အသုံးပြုတိုက်ခိုက်နေတာကြောင့် ပြည်သူတွေအနေနဲ့ စစ်ရေးသတိအမြဲရှိဖို့ လိုအပ်ကြောင်း TNLA က အသိပေးထုတ်ပြန်ထားပါတယ်။

 

0 Shares:
You May Also Like
Read More

မိုးမိတ်မှာ TNLA ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးရောင်းဝယ်သူ (၂) ဦးကို ကျပ်သိန်း ၇၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင်အတူ ဖမ်းဆီးရမိ

ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ မိုးမိတ်မြို့နယ်မှာ တအာင်းပြည် ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးရောင်းဝယ်သူ (၂) ယောက်ကို ကျပ်သိန်း ၇၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင်အတူ ဖမ်းဆီးရမိခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

TNLA အထူးတိုက်ခိုက်ရေး စစ်သင်တန်းဆင်းပွဲ ပြုလုပ်

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)ရဲ့ အထူးတိုက်ခိုက်ရေး စစ်သင်တန်းဆင်းပွဲကို တအာင်းပြည် ထိန်းချုပ်နယ်မြေတစ်နေရာမှာ နိုဝင်ဘာ (၉)ရက်နေ့ မနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း TNLA က အသိပေးထုတ်ပြန်ပါတယ်။
Read More

သပိတ်ကျင်းမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု ၁၆ နှစ်အရွယ် မိန်းကလေးငယ်အပါ ၄ ဦး ထိခိုက်ဒဏ်ရာရ

မန္တလေးတိုင်းရှိ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ သပိတ်ကျင်းမြို့နယ်ရှိ လိပ်ကျကျေးရွာနဲ့ ဇရပ်ကွင်းကျေးရွာတို့မှာ စစ်ကောင်စီရဲ့ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၆ နှစ်အရွယ် မိန်းကလေးငယ်အပါအဝင် အရပ်သားပြည်သူ ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်-မန္တလေးအမြန်လမ်းအနီး နွားထိုးကြီး၊ ပြင်စည်ရွာမှာ တိုက်ပွဲဖြစ်ပြီး စစ်​ကောင်စီတပ်သား ၇ ယောက် သေ

မန္တလေးတိုင်း၊ မြင်းခြံခရိုင် ၊ နွားထိုးကြီးမြို့နယ်မှာ စစ်အုပ်စုအထိုင်ချတပ်စွဲထားတဲ့ ပြင်စည်ရွာ လျှပ်စစ်ခွဲရုံးအပါအဝင် ရဲစခန်းနဲ့ စာသင်ကျောင်းတို့ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ရော အနီးကပ်ပါ ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၇ ယောက် သေဆုံးခဲ့ကြောင်း မြင်းခြံခရိုင် တပ်ရင်း ၄ ရဲဘော် ၁ ယောက်က မောင်းကို ပြောပါတယ်။
Read More

အမှတ် (၂) စစ်ဒေသခွဲ ထိန်းချုပ်နယ်မြေတွေမှာ ပြည်သူလူထုနဲ့ PDF တို့ စုပေါင်းမဟာဘုံကထိန်ပြုလုပ်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲ ထိန်းချုပ်ရာ ပဲခူးတိုင်း အရှေ့ခြမ်းရှိ ကျေးရွာတွေမှာ ပြည်သူလူထုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့ စုပေါင်းပြီး စုပေါင်းမဟာဘုံကထိန်ပွဲပြုလုပ် ကျင်းပခဲ့တယ်လို့ သိရပါတယ်။
Read More

တောင်ပိုင်းစစ်ဒေသမှာ အခုတစ်ပတ် တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား (၂၈) ယောက် သေဆုံးကာ (၄၅) ယောက်နဲ့အထက် ဒဏ်ရာရရှိ…

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသမှာ အခုတစ်ပတ် တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား (၂၈) ယောက် သေဆုံးကာ (၄၅) ယောက်နဲ့အထက် ဒဏ်ရာရရှိခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။