စစ်ကိုင်းတိုင်း ဘုတလင်မြို့ရှိ အထကကျောင်းဝင်းအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင် စီတပ်သားတွေကို တိုက်ခိုက်ခဲ့တယ်လို့ People Defence organization of Budalin မှ သတင်း ထုတ်ပြန်ထားပါတယ်။

မေလ ၁၈ ရက် နံနက်အ‌စောပိုင်းက ဘုတလင်မြို့ရှိ အထကကျောင်းအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စိတပ်သားတွေကို တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၃ နာရီကြာဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားတွေ ထိခိုက်မှုရှိနိုင်ပြီး နယ်မြေအခြေအနေအရ အတိအ ကျ မသိရသေးဘူးလို့ သိရပါတယ်။

အဲဒီစစ်ဆင်ရေးကို ဘုတလင်မြို့နယ် မြို့နယ်-ပကဖ အဖွဲ့ ၊ ဘုတလင်မြို့နယ် ရပ်/ကျေး ကာကွယ်ရေးနှင့် တိုက်နယ် အဖွဲ့များ၊ မုံရွာနယ် ရပ်ကျေး-ပကဖ အဖွဲ့ များ၊ ရေဦးနယ် တိုက်နယ်-ပကဖ၊ တိုက်နယ် ကိုကင်းအဖွဲ့ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မြောင်က ကျောက်ရစ်စခန်းကို စစ်ကူလာတဲ့ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းကို စစ်ကူလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိနိုင်ကြောင်း Anyar Federal Task Force (A F T F) မှ ရုပ်သံနဲ့တကွ ထုတ်ပြန်ပါတယ်။ 
Read More

ထားဝယ်မြို့နယ်မှာ ကင်းလှည့်နေတဲ့ အကြမ်းဖက်စစ်သားတွေ စောင့်ကြိုတိုက်ခိုက်ခံရပြီး ၅ ယောက်သေ (ရုပ်/သံ)

တနင်္သာရီတိုင်း ထားဝယ်မြို့နယ်မှာ နိုဝင်ဘာ ၁၈ ရက် မနေ့က မနက်ပိုင်းမှာ ကင်းလှည့်လာတဲ့ အကြမ်းဖက်စစ်သားတွေ စောင့်ကြိုတိုက်ခိုက်ခံရပြီး ၅ ယောက်သေကာ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော် ‘TRIဗျူဟာ’ သင်တန်းဆင်းပွဲနဲ့ လက်နက်တပ်ဆင်ခြင်း (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော် 'TRIဗျူဟာ' သင်တန်းဆင်းပွဲနဲ့ လက်နက်တပ်ဆင်ခြင်း မှတ်တမ်းရုပ်သံကို အမှတ် -၁၂၂၂ တပ်ရင်းက ထုတ်ပြန်လိုက်ပါတယ်။
Read More

မြိုင်မြို့နယ် ကန်နီပျူစခန်းကို ဒရုန်းနဲ့ အီနာဂါဗုံးသီး အလုံး ၂၀ ကြဲချတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း မြိုင်မြို့နယ် ကန်နီပျူစခန်းကို ဒီဇင်ဘာ ၂ ရက် မနေ့နေ့လယ်ပိုင်းက Fixed Win Drone တွေနဲ့ အီနာဂါဗုံးသီးအလုံး ၂၀ ခန့် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ Victor Hidden Forces အဖွဲ့ထံက သိရပါတယ်။
Read More

မြိုင်မြို့နယ် ထန်းဘူးတော စစ်တပ်ဂိတ်ကို တော်လှန်ရေးတပ်များ တိုက်ခိုက်မှုအတွင်း စစ်သား ၅ ဦး သေ (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ထန်းဘူးတောအကြမ်းဖက်စစ်တပ်ဂိတ်ကို တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ယောက်သေဆုံးခဲ့တယ်လို့ Myaing Garuda People's Defense Force အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

CDM ပြုလုပ်လာသည့် စစ်ကောင်စီတပ်သား အောင်ချမ်းမြေ့နှင့် တွေ့ဆုံမေးမြန်းမှု (ရုပ်/သံ)

''တပ်တွင်းမှာ လူအင်အားနည်းတာတွေ ဖြစ်နေတယ်။ ရှေ့တန်းဆိုရင် တောက်လျှောက်ထွက်နေရတယ်။ နောက်တန်းမှာ တစ်လ၊ နှစ်လလောက်ပဲ နားရသေးတယ်။ ရှေ့တန်းပြန်ပြန်ပါသွားတယ်။ ရှေ့တင်ကျရင်တော့ လူကြီးပြောသွားရင်တော့ မခံချင်လည်း သည်းခံရတယ်ပေါ့။ ဒါပေမယ့် ကွယ်ရာကျရင်တော့ တိုက်ပွဲမဖြစ်သေးလို့ တိုက်ပွဲဖြစ်ရင်တော့ ငါပစ်သတ်မှာပဲပေါ့။ ဒါမျိုးတွေ ပြောတာဆိုတာတွေ ကြုံရတယ်''