စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက တိုက်နယ် ၃ ခုကို စစ်ကြောင်းထိုးဝင်ရောက်ပြီး လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့ရာ အရပ်သား ၁ ယောက်သေဆုံးကာ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့(ကန့်ဘလူခရိုင်) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ မေလ ၂၁ ရက်နေ့ တစ်မနက်တည်းမှာပဲ ကန့်ဘလူမြို့နယ် မလည်တိုက်နယ်က ကျောက်မြေရွာနဲ့ ချပ်သင်းတိုက်နယ်မှာရှိတဲ့ ကံကြီးရွာ၊ ပေါက်ဆိန်ကုန်းရွာတို့အပြင် ကိုးတောင်ဘို့တိုက်နယ်အတွင်းက သင်တောနဲ့ လွင်ကြီးရွာတွေကို တံတားဦးလေဆိပ်တက် Y12 ၊ ဂျက်ဖိုက်တာတွေ သုံးပြီး လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

“ပထမ မနက် ၁၀ နာရီလောက်မှာ မလည်တိုက်နယ်က ကျောက်မြေရွာဘုန်းကြီးကျောင်းကို ဂျက်ဖိုက်တာနဲ့ ကြဲတာ လူထိခိုက်တာတော့မရှိပါဘူး။ ၁၁ နာရီ ၅၀ မှာကျ ကန့်ဘလူမြောက်ခြမ်းက ချပ်သင်းတိုက်နယ်နဲ့ ကိုးတောင်ဘို့တိုက်နယ်က ရွာတွေကို Y12 ယာဥ်နဲ့ ဗုံးကြဲပါတယ်။ ၁၂ကြိမ်လောက်ကြဲချသွားတာပါ။”လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းဒဏ်ကြောင့် ချပ်သင်းတိုက်နယ်၊ ပေါက်ဆိန်ကုန်းရွာနေ အသက် ၆၀အရွယ် ဦးမှိုင်းဆိုသူ သေဆုံးပြီး သားဖြစ်သူနဲ့ ကိုးတောင်ဘို့တိုက်နယ်အတွင်းက သင်တောရွာနေ အမျိုးသမီး ၁ယောက် ထိခိုက်ဒဏ်ရာတွေရခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့သည့် ကျောက်မြေရွာ ဘုန်းကြီးကျောင်းကို တွေ့ရစဥ်


ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့ကစလို့ ကန့်ဘလူမြို့နယ် ၊ ဇီးကုန်း၊ ချပ်သင်း၊ ကိုးတောင်ဘို့စတဲ့ စစ်ကောင်စီ အထိုင်စခန်း၃ခုက အကြမ်းဖက်စစ်တပ်ဟာစစ်ကြောင်း ၃ခု ခွဲထွက်လာခဲ့ပြီး ကန့်ဘလူ ၆၀၀၆ တပ်ရင်းထဲ ပြန်ဆုတ်သွားတာမျိုးတွေရှိခဲ့သလို အနီးအနားကျေးရွာတွေဆီ ဝင်ရောက်စီးနင်း မွှေနှောက်တာမျိုးတွေလည်း ရှိတယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်) က ထုတ်ပြန်ပါတယ်။

အင်အား၁၇၀ ကျော်ရှိတဲ့ အကြမ်းဖက်စစ်အုပ်စုတွေဟာ လက်ရှိမှာတော့ သင်တောရွာထဲ ဘန်ကာတွေ အခိုင်အမာဆောက်လုပ်ပြီး တပ်စွဲထားသလို ကျေးရွာတွေကို လှည့်ပက်မွှေနှောက်ကာ ကျွဲ၊ နွားနဲ့ လှည်းတွေ၊ ပစ္စည်းတွေ ခိုးယူသယ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

“တိုက်ပွဲတွေမရှိဘဲ စစ်ကြောင်းထိုးနေသလိုလေကြောင်းတိုက်ခိုက်တာတွေ လုပ်နေတာပါ။” လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်) တာဝန်ရှိသူက ပြောပါတယ်။

အကြမ်းဖက်စစ်ကြောင်းကြောင့် ကိုးတောင်ဘို့တိုက်နယ်နဲ့ ချပ်သင်းတိုက်နယ်တွေအတွင်းမှာရှိတဲ့ ကံကြီး၊ ပေါက်ဆိန်ကုန်း၊ သင်တော၊ အောက်တဲ၊ ဇော်ချောင်း၊ မိဿလင်ကုန်းနဲ့ အနီးအနားကျေးရွာတွေက အရပ်သားတွေ စစ်ဘေးတိမ်းရှောင်နေရတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် အထက်ပါကျေးရွာတွေဟာ စစ်ကောင်စီအထိုင်ချရာ တပ်စခန်းတွေနဲ့ နီးကပ်တာကြောင့် မကြာခဏ စစ်ဘေးတိမ်းရှောင်နေရတယ်လို့လည်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်) က ထုတ်ပြန်ပါတယ်။

0 Shares:
You May Also Like
Read More

PDF လက်အောက်ရှိ တပ်ရင်းတပ်ဖွဲ့ ၃၀၀ ကျော်ကို ၄ နှစ်တာအတွင်း အမေရိကန်ဒေါ်လာ ၂၄.၉ သန်းခန့် တပ်ရင်းထောက်ပံ့စရိတ် ပေးအပ်ခဲ့

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) လက်အောက်ရှိ နိုင်ငံတစ်ဝန်းက တပ်ရင်းတပ်ဖွဲ့ ၃၀၀ ကျော်ကို အမေရိကန်ဒေါ်လာ ၂၄.၉ သန်းခန့် တပ်ရင်းထောက်ပံ့စရိတ် ပေးအပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက မနေ့က ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။
Read More

မင်းဘူးတွင် မုန်းတောင်ရဲစခန်း မီးရှို့ခံရပြီးနောက် စစ်အုပ်စုက ကျေးရွာများကို စစ်ကြောင်းထိုး မီးရှို့နေ

မကွေးတိုင်း၊ မင်းဘူးမြို့နယ်မှာ မုန်းတောင် ရဲစခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်မီးရှို့ ပြီးတဲ့နောက် စစ်အုပ်စုက ကျေးရွာတွေကို စစ်ကြောင်းထိုး မီးရှို့နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်နဲ့ ဒေသခံတွေက မောင်းကိုပြောပါတယ်။
Read More

မြိုင်တွင် စစ်တပ်စစ်ကြောင်းက ဓားစာခံအဖြစ် ဖမ်းဆီးထားသူ ၃ ဦးကို ရက်ရက်စက်စက် သတ်ခဲ့

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ စစ်ကြောင်းဝင် အကြမ်းဖက်စစ်တပ်က လူသားဒိုင်းလုပ် ဖမ်းဆီးထားတဲ့ အရပ်သား ၃ ယောက်ကို ရက်ရက်စက်စက် သတ်ကာ ၂ ယောက်ကို စွန့်ပစ်ထားခဲ့ကြောင်း မြိုင်သတင်းရင်းမြစ်တွေက မောင်းကို ပြောပါတယ်။
Read More

တောင်သာမြို့မှာ စစ်ကြောင်းနှစ်ကြောင်းထိုးပြီး ပြန်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့ အနောက်ဘက်က ရွာတွေကို စစ်ကြောင်းနှစ်ကြောင်းထိုးပြီး ပြန်လာတဲ့ စစ်ကောင်စီတပ်ကို နိုဝင်ဘာ ၁၀ ရက်မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ် (၃) တပ်ရင်းက ဒီနေ့မနက် ထုတ်ပြန်ပါတယ်။
Read More

ရေဖြူမြို့နယ်မှာ တပ်စွဲထားသည့် စစ်ကော်မရှင်ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်၊ စစ်ကော်မရှင်တပ်သား ၃ ဦးသေဆုံး…

" တပ်စွဲထားတာက တစ်နှစ်ကျော်ပါပြီဗျ၊ လက်ရှိတော့ အင်အားထပ်ဖြည့်ပြီး ဆက်လက် တပ်စွဲထားတုန်း ခင်ဗျ"လို့ ဒေါနစစ်ကြောင်း-၃(KBDF) ရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ပြည်သူချစ်တဲ့ ဒေါက်ဇော် ကွယ်လွန်ရှာပြီ

NLD ပါတီရဲ့ ဒုဥက္ကဋ္ဌဖြစ်သလို NLD အစိုးရ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ အောက်တိုဘာလ ၇ ရက် မနက် ၃ နာရီ၊ မန္တလေးမြို့ပြည်သူ့ဆေးရုံကြီး အထူးကုသဆောင် (ICU) မှာ ဆေးကုသမှုခံယူနေရင်း ကွယ်လွန်သွားခဲ့ပါပြီ။