အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်း လူငယ်လူရွယ် ၂၀၀၀ ကျော်ကို သတ်ဖြတ်ပြီး လူငယ် ၈၀၀၀ ကျော်ကို ဖမ်းဆီးခဲ့တဲ့ အကြမ်းဖက်စစ်တပ် ခေါင်းဆောင် မင်းအောင်လှိုင်က တိုင်းပြည်တည်ဆောက်ရေးမှာ လူငယ်အခန်းကဏ္ဍကို အထူးအလေးထား ဆောင်ရွက်ပေးနေတယ်လို့ ပြောဆိုလိုက်ပါတယ်။

နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်မှာ ဒီနေ့ မနက်ပိုင်းက ပြုလုပ်တဲ့ အခြေခံနဲ့တန်းမြင့် ရေကြောင်းလူငယ်သင်တန်းအမှတ်စဉ်(၁/၂၀၂၅)နဲ့ အခြေခံနဲ့တန်းမြင့် လေကြောင်းလူငယ်သင်တန်း(၁/၂၀၂၅)တို့က သင်တန်းသား၊ သင်တန်းသူတွေနဲ့ အုပ်ချုပ်သူနည်းပြတွေကို တွေ့ဆုံပြီး အမှာစကားပြောကြားချိန် အခုလို ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အကြမ်းဖက်မင်းအောင်လှိုင်က ၂၀၂၀ ရွေးကောက်ပွဲဟာ သမိုင်းမှာ အရုပ်ဆိုးအကျည်းတန်တဲ့ ဖြစ်ရပ်လို့ ပြောဆိုထားပြီး NLD လက်ထက် ရွေးကောက်ပွဲမတိုင်မီကာလတွေကတည်းက ဒီမိုကရေစီအမည်ခံ ဥပဒေမဲ့လုပ်ဆောင်မှုတွေ၊ အာဏာရှင်ဆန်ဆန် လုပ်ဆောင်မှုတွေရှိခဲ့တယ်လို့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။

ပြည်သူတွေ လိုလားတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းရာမှာ နိုင်ငံသားတိုင်း နိုင်ငံရဲ့ သမိုင်းဖြစ်ရပ်မှန်တွေ သိရှိပြီး စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ်နဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်တည်ဆောက်ရာမှာ ဦးဆောင်တဲ့ လူငယ်တွေအဖြစ် ပါဝင်ဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ထုတ်ပြန်ချက်အရ အကြမ်းဖက်စစ်တပ်ဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ကြား လူငယ်အယောက် ၂၀၀၀ ကျော်ကို သတ်ဖြတ်ခဲ့သလို လူငယ် ၈၁၀၀ ကျော်ကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

တော်လှန်ရေးတပ်ဖွဲ့ ၂ ဖွဲ့က ရဲဘော်တွေ ပေါင်းစည်းထားတဲ့ အမှတ်(၈) စစ်ကြောင်းရဲ့ ပထမသက်တမ်း တိုက်ပွဲဝင် ပုံရိပ်များ

ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့ /ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDO/PDA) နဲ့ ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) တို့ရဲ့ တပ်ဖွဲ့ဝင်တွေ ပူးပေါင်းကာ ၂၀၂၄ နှစ်စပိုင်းမှာ စတင်ဖွဲ့စည်းခဲ့တဲ့ အမှတ်(၈) စစ်ကြောင်း (ပထမသက်တမ်း) ပုံရိပ်တွေကို အဆိုပါစစ်ကြောင်းက ဒီနေ့မှာ ထုတ်ပြန်ဖော်ပြလာပါတယ်။
Read More

အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်း ၂၀၀ နီးပါးကို မလေးအာဏာပိုင်တွေ ဖမ်းဆီး

မြန်မာပြည်ကနေ တရားမဝင် ဝင်ရောက်လာတဲ့ အထောက်အထားမဲ့ ရွှေ့ပြောင်းသူ ၁၉၆ ယောက်ကို မလေးအာဏာပိုင်တွေက ဇန်နဝါရီလ ၃ ရက် မနက်အစောပိုင်းမှာ ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ မလေးရှားသတင်းက ဖော်ပြထားပါတယ်။ 
Read More

နမ့်ခမ်းနဲ့ လောက်ကိုင်ကို စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်

MNDAA နဲ့ TNLA တို့ထိန်းချုပ်ထားတဲ့ နမ့်ခမ်းနဲ့ လောက်ကိုင်မြို့တို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မေလအတွင်း ဘောလခဲမြို့စစ်ဆင်ရေးနှင့် မိုးဗြဲမြို့ခံစစ်တွင် တိုက်ပွဲဝင်ခဲ့သည့် DMO Local PDF တပ်ဖွဲ့မှ ဒုတပ်ရင်းမှူး ကျဆုံးခဲ့၊ ၂၀ ဦးဒဏ်ရာရ

ပြည်သူ့ကာကွယ်ရေးတပ် ဒီးမောဆိုတပ်ဖွဲ့ (DMO Local PDF) အနေနဲ့ မေလ (၁) လတာအတွင်း ဘောလခဲမြို့ စစ်ဆင်ရေးနဲ့ မိုးဗြဲမြို့ ခုခံစစ်မှာ ပါဝင်တိုက်ပွဲဝင်ခဲ့ရာ ဒုတပ်ရင်းမှူး ကျဆုံးခဲ့ပြီး အယောက် ၂၀ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရေဘေးသင့် ဒေသတွေကို ကူညီဖို့ အမေရိကန်က ဒေါ်လာသုံးသန်းထပ်မံ ထောက်ပံ့

နိုင်ငံတစ်ဝန်းက ရေဘေးသင့်ဒေသက ပြည်သူတွေအတွက် အမေရိကန်က ဒေါ်လာသုံးသန်း ထပ်မံ ထောက်ပံ့ကူညီလိုက်ကြောင်း ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးက အသိပေး ထုတ်ပြန်ပါတယ်။
Read More

KTV သွားသည့် ရဲ ၃ ဦး လိုရာခရီးမရောက်ဘဲ ဖမ်းဆီးခံရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်မှာ KTV လာတဲ့ ရဲ ၃ယောက်ကို လက်ပစ်ဗုံးတွေနဲ့အတူ အရှင်ဖမ်းဆီးရမိခဲ့ကြောင်း Yesagyo Revolution Group (YRG) တာဝန်ခံက မောင်းကို ပြောပါတယ်။