တရုတ်နိုင်ငံ အန်ဟွီပြည်နယ်မှာ မေလ ၁၉ ရက်က သမိုင်းဝင် မင်နန်းဆက် နန်း‌ဆောင်မျှော်စင် အမိုးပြိုကျမှုဖြစ်ပွားခဲ့တဲ့အတွက် လာရောက်လေ့လာတဲ့ ခရီးသွားတွေ အထိတ်တလန့် ထွက်ပြေးခဲ့ရပါတယ်။

အမိုးပေါ်က အုတ်ပြားတွေ အတန်းလိုက်ပြိုကျခဲ့ရာမှာ ခရီးသွားတွေ အနီးအနားကို ပြုတ်ကျခဲ့ပြီး လူအများအပြား ဖုန်လုံးကြီးတွေ ကြားကနေ ထွက်ပြေးနေကြတာကို အခြားခရီးသွားတွေက ဗီဒီယို ရိုက်ကူးနိုင်ခဲ့ပါတယ်။

အဲဒီဖြစ်ရပ်အတွင်း ထိခိုက်သူမရှိခဲ့ဘူးလို့ သိရပြီး တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးမှုတွေ လုပ် ဆောင်နေပြီလို့ သိရပါတယ်။

အဲဒီမျှော်စင်ဟာ မြို့တော် ဘေဂျင်းနဲ့ မိုင် ၂၀၀ လောက် အကွာမှာ တည်ရှိပြီး အန်ဟွီပြည်နယ်မှာ ခရီးသွားတွေကိုလာရောက်ဖို့ ဆွဲဆောင်နိုင်တဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။

Video -​ လူမှုကွန်ရက်

0 Shares:
You May Also Like
Read More

Suu 80 Birthday Campaign

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) ပြည့် မွေးနေ့အတွက် Suu 80 Birthday Campaign မှာ  အားလုံးရဲ့ ပါဝင်မှုနဲ့ မွေးနေ့ဆုတောင်းရုပ်သံ ရှစ်သောင်းပြည့်အောင် စုပေးကြဖို့ ကိုဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် Kim Aris (ခေါ်) ကိုထိန်လင်းက တိုက်တွန်းပြောကြားခဲ့ပါတယ်။
Read More

ညောင်ဦးမြို့နယ်အတွင်း ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူပြီး ပြန်လာတဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ဒုစစ်ကြောင်းမှူးအပါအဝင် အများအပြားသေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း ညောင်ဦးမြို့နယ် ကြအိုကျေရွားမှာ ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူပြီး ပြန်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ဒုစစ်ကြောင်းမှူးအပါအဝင် အများအပြား သေဆုံးခဲ့တယ်လို့ Black Eagle PDF -Bagan မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မိုးဗြဲမြို့ကို ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ် အထိနာပြီး မြို့တွင်းကို မီးလောင်ဗုံးတွေ ပစ်ခတ်မှုကြောင့် နေအိမ် ၃၀ ကျော် မီးလောင်ပျက်စီး (ရုပ်/သံ)

ရှမ်း - ကရင်နီပြည်အစပ်မှာရှိတဲ့ မိုးဗြဲမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ် နိုင်ရေး ထိုးစစ်ဆင်လျက်ရှိရာ ၄ လကြာတဲ့အထိ တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိတယ် လို့ သိရပါတယ်။
Read More

တောင်သာမြို့နယ် ဇဂျမ်းရဲစခန်းကို စီးနင်းတိုက်ခိုက်မှု စစ်ကောင်စီလက်အောက်ခံ အများအပြားသေ (ရုပ်/သံ)

မန္တလေးတိုင်း၊ တောင်သာမြို့နယ် ဇဂျမ်းရဲစခန်းကို နိုဝင်ဘာ ၁၂ ရက် မနက်ပိုင်းက တော်လှန်ရေးတပ်တွေ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ တောင်သာမြို့နယ် ပကဖ ထံက သိရပါတယ်။
Read More

MDY PDF တိုက်ခိုက်မှုကြောင့် ဧရာဝတီမြစ်ထဲ စစ်ကောင်စီသင်္ဘော ၁ စီး နစ်မြုပ်၊ ၃ စီး မီးလောင်ပျက်စီး (ရုပ်/သံ)

မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘော ၅စီးပါ စစ်ကောင်စီသင်္ဘော ၁၄ စီးအုပ်စုကို ကြားဖြတ်တိုက်ခိုက်ရာ လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေ တင်ဆောင်လာတဲ့ တွဲတွန်းသင်္ဘော ၁ စီး နစ်မြုပ်ပြီး စစ်သင်္ဘော ၁ စီးနဲ့ အခြားတွန်းသင်္ဘော ၂ စီး မီးလောင်ပျက်စီးခဲ့တဲ့ တိုက်ပွဲမှတ်တမ်းရုပ်သံဖိုင်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်လိုက်ပါတယ်။
Read More

S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့မှ ဆောက်လုပ်ထားသည့် မြေအောက်စာသင်ကျောင်းဆောင် (ရုပ်/သံ)

စစ်ကောင်စီရဲ့ အရပ်သားပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကနေ ကာကွယ်နိုင်ဖို့ ဆောက်လုပ်ထားတဲ့ မြေအောက်စာသင်ကျောင်းဆောင်ကို S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က မှတ်တမ်းရုပ်သံထုတ်ပြန်ခဲ့ပါတယ်။