ကော်သူးလေထိန်းချုပ်နယ်မြေ၊ ဖားအံခရိုင်၊ တပ်မဟာ (၇)အတွင်းရှိ စစ်ကောင်စီတပ်စခန်း ၈ ခုလုံးကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ တပ်ဗိုလ်၊ တပ်မှူးတွေနဲ့ ရဲဘော်ရဲဘက်တွေကို မေလ ၂၁ ရက်မှာ ဂုဏ်ပြုပွဲ ကျင်းပပြုလုပ်ပေးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က သတင်းထုတ်ပြန်ထားပါတယ်။

၂၀၂၄ ဒီဇင်ဘာ ၁၆ ရက်ကနေ ၂၀၂၅ မေလ ၁၉ ရက်အတွင်း စစ်ကောင်စီတပ်စခန်း ၈ ခုလုံးကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ (၇) စစ်ရေးကွပ်ကဲမှု လက်အောက်ရှိ တပ်ရင်း (၂၂) တပ်ရင်းမှူး ဦးဆောင်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO တပ်ဗိုလ်၊ တပ်မှူးတွေနဲ့ ရဲဘော်ရဲဘက်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ စခန်းတွေကို သိမ်းပိုက်နိုင်ခဲ့တာကြောင့် သောင်ရင်းမြစ်ဘေးရှိ ရွာသူရွာသားတွေ အကြောက်တရားကင်းစွာ သွားလာလုပ်ကိုင်စားသောက်နိုင်တော့မှာ ဖြစ်တယ်လို့ KNU ဗဟို က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မြိုင်မြို့ပေါ်ရှိ အကြမ်းဖက်စစ်တပ်ကင်းစခန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်မှု ရဲ ၂ ယောက်သေ (ရုပ်/သံ)

မကွေးတိုင်း မြိုင်မြို့ပေါ်ရှိ အကြမ်းဖက်စစ်တပ်ကင်းစခန်းကို ဒီဇင်ဘာ ၂၆ ရက်က ဒရုန်းနဲ့ ဗုံးသီး ကြဲချတိုက်ခိုက်ခဲ့ရာ ရဲ ၂ ယောက်သေဆုံးခဲ့တယ်လို့ JOKER ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

မိုးကုတ်မြို့ ပင့်ကူတောင်ခြေရှိ ကျောက်တွင်းလုပ်ကွက်ကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်းအတွင်း TNLA သိမ်းပိုက်ထားတဲ့ မိုးကုတ်မြို့ ပင့်ကူတောင်ခြေရှိ ကျောက်တွင်းလုပ် ကွက်ကို ဧပြီလ ၅ ရက် နေ့လယ်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

မန္တလေးကနေ ဝမ်ပေါင်သို့ လာတဲ့ အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းအား မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

မန္တလေးမြို့ကနေ ဝမ်ပေါင်သို့ လာတဲ့ အကြမ်းဖက်စစ်ကောင်စီယာဉ်နဲ့ အက်စစ်တင်ယာဉ် ၅၁ စီး ကို ဖေဖော်ဝါရီ ၁၉ ရက်က ချောင်းဦးမြို့အဝင်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ချောင်းဦးမြို့နယ် တော်လှန်ရေးတပ်ထံက သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲပြီး မပေါက်ကွဲသေးတဲ့ ဗုံးကို အရပ်သားပြည်သူများ အန္တရာယ်ကင်းစေဖို့ ဖယ်ရှားပေး (ရုပ်/သံ)

ကရင်နီပြည်အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မပေါက်ကွဲသေးတဲ့ ဗုံးကို ဖယ်ရှားပေးခဲ့တယ်လို့ KNDF B - 05 မှ ဒီဇင်ဘာ ၁၂ ရက်က ထုတ်ပြန်ထားပါတယ်။
Read More

ရေတာရှည်မြို့နယ် ကြို့ပင်ရွာက အကြမ်းဖက်စစ်တပ်ဂိတ်ကို တိုက်ခိုက်မှု စစ်သား ၂ ယောက်သေပြီး သေနတ် ၁ လက်သိမ်းဆည်းရရှိ (ရုပ်/သံ)

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ အမြန်လမ်း ၁၆၄ မိုင် ၇ ဖာလုံက ကြို့ပင်ရွာမှာရှိတဲ့ အကြမ်းဖက်စစ်တပ်ဂိတ်ကို အောက်တိုဘာ ၂၇ ရက် မနက်ပိုင်းက တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ ကကွယ်‌ရေးတပ်ဖွဲ့ ပကဖ (ရေတာရှည်)ထံက သိရပါတယ်။
Read More

၅ ကြိမ်တိုင် တိုက်ခိုက်ခဲ့ရတဲ့ ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲက ပြန်လာကြတဲ့ ယင်းမာပင်ခရိုင်တပ်ရင်း ၆ ရဲဘော်တွေကို ဒေသခံပြည်သူတွေက သောင်းသောင်းဖြဖြကြိုဆို (ရုပ်/သံ)

ကသုံးလုံးခရိုင် အထူးစစ်ဆင်‌ရေးမှူးရဲ့ လမ်းညွှတ်မှုနဲ့ ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲကို ရွတ်ရွတ် ချွန်ချွန်အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာကြတဲ့ ယင်းမာပင်ခရိုင်တပ်ရင်း ၆ ရဲဘော်တွေကို ဒေသခံပြည်သူတွေက သောင်းသောင်းဖြဖြကြိုဆိုခဲ့ကြတယ်လို့ သိရပါတယ်။