ပဲခူးတိုင်း၊ သံတောင်ကြီးမြို့နယ်၊ ဘုရင့်နောင်တပ်မြို့က စစ်ကောင်စီရဲ့ တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သား ၇ ဦး သေဆုံးသွားတယ်လို့ Brave Warriors For Myanmar (BWM) က နောက်ဆက်တွဲ သတင်းထုတ်ပြန်လာပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၉ ရက် မနက် ၇ နာရီဝန်းကျင်အချိန်မှာ အဆိုပါ တိုက်ခိုက်မှုကို ဖော်ဆောင်ခဲ့တာ ဖြစ်ပြီး ၁၀၇ မမ ၅လုံး ပစ်ခတ်ရာမှာ ၄ လုံးကို အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုမှာ ကျောင်းအုပ်ကြီးနေအိမ်က ကားဂိုဒေါင် ထိမှန်ကာ လုံခြုံရေးအစောင့် ၂ယောက်နဲ့ ဒုတပ်ကြပ် ၂ယောက် ပွဲချင်းပြီး သေဆုံးကာ ကား ၂ စီးလည်း  အကြီးစား ပျက်စီးသွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် တပ်ရင်းမှူးသင်တန်းသား အရာရှိ အိပ်ဆောင်တွေဖြစ်ကြတဲ့ အင်ကြင်းဆောင်၊ သဇင်ဆောင်နဲ့ နှင်းဆီဆောင်တို့လည်း ထိခိုက်ပျက်စီးကာ သင်တန်းသားအဆင့် ဗိုလ်မှူး ၇ ယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး ၃ ယောက်ကတော့ ဆေးရုံအရောက်မှာ သေဆုံးသွားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မစိုးရိမ်ရတဲ့ ဒဏ်ရာရရှိသူကလည်း ၁၆ ယောက်ရှိတယ်လို့ သိရပါတယ်။

ကျောင်းဗဟိုကင်းက ကင်းသားအိပ်ဆောင်ကိုလည်း ထိမှန်ခဲ့တာကြောင့် စစ်သည် ၃ယောက် ဒဏ်ရာရသွားကာ သေနတ်တင်စင် ၆ခုလည်း ပျက်စီးသွားပြီး ကျောင်းဌာနချုပ် လက်နက်တိုက်လည်း မျက်နှာကျက် ပွင့်ထွက်သွားသလို လက်နက်တွေ ထိခိုက်မှုရှိတယ်လို့ BWM အဖွဲ့က ထုတ်ပြန်ထားပါတယ်။

အခု ထိခိုက်သေဆုံး စာရင်းတွေဟာ BWM အဖွဲ့က လက်လှမ်းမှီသလောက် စုံစမ်းထောက်လှမ်းထားတာ ဖြစ်ပြီး အဆိုပါ တိုက်ခိုက်မှုကိုတော့ BWM အဖွဲ့ရဲ့ ဦးဆောင်မှုနဲ့အတူ Mountain Knight Civilian Defense Forces (MKCDF)၊ Anti-Coup People’s Liberation Force (ACPLF) အဖွဲ့တို့ဟာ KNLA တပ်မဟာ ၂၊ တပ်ရင်း ၅ နဲ့ ပူးပေါင်းဖော်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီ၏ တိုက်ခိုက်ရေးကျောင်း (ဘုရင့်နောင်) ကို ရှော့တိုက်ဒုံးများ ပစ်ခတ်ခဲ့စဉ် (ဓာတ်ပုံ BWM)

0 Shares:
You May Also Like
Read More

ဟားခါးမြို့ပေါ်ရှိ စစ်ကောင်စီတပ်သား ၁ ဦး အလင်းဝင်၊ ပြည်သူ့စစ် ၁ ဦး အရှင်ဖမ်းမိ

ချင်းပြည်နယ်၊ ဟားခါးမြို့မှာ စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာပြီး ပြည်သူ့စစ် ၁ ယောက်ကို အရှင်ဖမ်းမိခဲ့တယ်လို့ Chinland Defense Force - Hakha က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ညောင်ကျိုးစခန်း ကို သိမ်းပိုက်ခဲ့အပြီး ကပစ စက်ရုံတွေကို အနီးကပ်ခြိမ်းခြောက်လာပြီဖြစ်တဲ့ AA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ထိုးစစ်

အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတပ်ဖွဲ့ဝင်တွေဟာ ရခိုင်ပြည်နယ်နဲ့ ပဲခူးရိုးမအစပ်ကြားက ပန်းတောင်းမြို့နယ်၊ ညောင်ကျိုး စစ်တပ်စခန်းကို ပြီးခဲတဲ့ မတ်လ ၁၄ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့ပြီလို့ သိရပါတယ်။
Read More

စစ်အုပ်စု၏ နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ကြောင်းကို ရက်ပေါင်း ၅၀၀ ကျော် ခုခံတိုက်ခိုက်ခဲ့သည့် တော်လှန်ရေးရဲဘော်များကို KNLA ဌာနချုပ် ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း ထုတ်ပြန်

အကြမ်းဖက် စစ်အုပ်စုရဲ့ သာလွန် လက်နက်နဲ့ သာလွန် လူအင်အားများစွာ ပါဝင်တဲ့ နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ကြောင်းကို ရက်ပေါင်း ၅၀၀ ကျော် ခုခံတိုက်ခိုက်ခဲ့တဲ့ တော်လှန်ရေးရဲဘော်တွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဌာနချုပ်က ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း ထုတ်ပြန်ထားပါတယ်။
Read More

ဖားကန့်ဗျူဟာကုန်းမှ လက်နက်ကြီးပစ်ခတ်လို့ အမေဖြစ်သူ သေဆုံးပြီး သားနှင့်သမီး အရေးပေါ်လူနာဖြစ်နေ၊ အိမ်နီးချင်းအမျိုးသား ၂ ဦးလည်း ထိခိုက်ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်ဗျူဟာကုန်းကနေ စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့အတွက် ပြည်သူ ၁ယောက် သေဆုံးဟာ ၄ ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
Read More

ကရင်နီပြည်နယ်မှာ လူထုဗဟိုပြု ဒေသန္တရအုပ်ချုပ်ရေးကို ခြေလှမ်းမှန်စွာ ဖော်ဆောင်နိုင်ခဲ့ဟု ဆို

ကရင်နီပြည်မှာ လူထုဗဟိုပြုမြို့နယ်အုပ်ချုပ်ရေး လို့ခေါ်တဲ့ ဒေသန္တရ အုပ်ချုပ်ရေးတွေကို တစ်ဆင့်ချင်းစီ ခြေလှမ်းမှန်မှန်နဲ့ အကောင်းဆုံးဖော်ဆောင်နိုင်ခဲ့တယ်လို့  ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ဥက္ကဋ္ဌ ခူဦးရယ်က ပြောကြားလိုက်ပါတယ်။
Read More

ကရင်နီတွင် တော်လှန်ရေးတပ်ဖွဲ့များ၏ စည်းလုံးမှုနှင့် ပြည်သူလူထု တသားတည်းရှိမှုကို ပြသရန် တွေ့ဆုံပွဲပြုလုပ်

တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူလူထု တသားတည်းရှိနေကြောင်း ပြသဖို့အတွက် တွေ့ဆုံပွဲ အခမ်းအနားတစ်ခုကို ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်း လွတ်မြောက်နယ်မြေ တစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း (၄) က ထုတ်ပြန်ပါတယ်။