ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ သန်လျင်တံတားအဆင်း ဆက်ကြေးကောက်ငွေညစ်နေတဲ့ စစ်အုပ်စုတွေရှိရာကို မေလ ၂၁ရက် ဒီနေ့မနက်ပိုင်းမှာ သွားရောက်ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Operation Flame (OF) သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက မောင်းကို ပြောပါတယ်။

သန်လျင်တံတားအဆင်း၊ မြို့ဟောင်းအနောက်ရပ်ကွက်၊ လက်မှတ်ဂိတ်မှတ်တိုင်အနီးမှာရှိတဲ့ မောတော်ပီကယ်တွေနဲ့ လုံခြုံရေးယူ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိရာကို မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေက ပြင်းအားမြင့် အဝေးထိန်းမိုင်းနဲ့ သွားရောက်ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

“သေချာသလောက် ထိခိုက်နိုင်ချေများပါတယ်ဗျ စစ်ခွေးလော်ဘီတွေဘက်က အသံမိုင်းဖောက်ခွဲတာ ထိခိုက်မှုမရှိဘူးဆိုပြီး သတင်းတုထုတ်နေတာရော ဖောက်ခွဲပြီးချိန်ကနေ အခုချိန်ထိ အဲ့နေရာမှာ ပိုက်စိပ်တိုက် စစ်ဆေးနေပုံထောက်ရင် သေချာသလောက် ထိခိုက်နိုင်ချေများပါတယ်ဗျ မြေပြင် အခြေအနေကိုတော့ ကျနော်တို့ စုံစမ်းဆဲပါပဲ။” လို့

Operation Flame (OF) သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက မောင်းကို ပြောပါတယ်။

လက်ရှိမှာတော့ ဖောက်ခွဲရေး လုပ်ခဲ့တဲ့ တပ်ဖွဲ့ဝင်တွေအားလုံး လုံခြုံ​ဘေးကင်းရာကို ရောက်ရှိနေပြီလို့ Operation Flame (OF) က ထုတ်ပြန်ပါတယ်။

ဆက်လက်ပြီးတော့လည်း ရန်ကုန်တော်လှန်ရေးမဟာမိတ်တွေအားလုံးနဲ့ လက်တွဲရင်း အကြမ်းဖက်စစ်တပ်ကို အရှိန်မြှင့်တိုက်ခိုက်ချေမှုန်းသွားမယ်လို့ Operation Flame (OF) သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

0 Shares:
You May Also Like
Read More

ကျုံဒိုးမှာ တိုက်ပွဲမဖြစ်ပွားဘဲ စစ်ကောင်စီတပ် ၁၇၀ မမ လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ် ၁ လုံး ထိခိုက်ပျက်စီး

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ ၁၇၀ မမ လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ် ၁ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

တညောင်ရဲစခန်းသိမ်းတိုက်ပွဲမှ အောင်ပွဲနှင့်အတူ ပြန်လာသည့် စလင်း ပကဖ ရဲဘော်များကို ဒေသခံပြည်သူများ ကြိုဆို…

မကွေးတိုင်း၊ စလင်းမြို့နယ်၊ တညောင်ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ စလင်း ပကဖ ရဲဘော်တွေကို ဒေသခံပြည်သူလူထုက ဂုဏ်ပြုကြိုဆိုခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီ မတရားဖမ်းဆီးထောင်ချထားသည့် ရတနာပုဂံတိုက် ဆရာတော် ဦးပသံသိယ (ခ) ဦးဇာနည်အောင် ထောင်တွင်း ရရှိသည့် ရောဂါများဖြင့် ပျံလွန်… ၂၀၂၅ ခုနှစ်အတွင်း ကျန်းမာရေးအခြေအနေကြောင့် သေဆုံးရသည့် နိုင်ကျဥ်း ၁၇ ဦးအထိရှိလာ…

" သူတို့(စကစ)ကတော့ သူတို့အာဏာတည်မြဲရေးအတွက် ဆန့်ကျင်တဲ့ဘယ်လို ရဟန်းရှင်လူပြည်သူတွေမဆို အခုလို ဖမ်းဆီးခြင်း၊ ဖိနှိပ်ချုပ်ခြယ်ခြင်း၊ သတ်ဖြတ်ခြင်း၊ ထောင်ထဲမှာရောက်သွားရင်လည်း ဆေးကုသခွင့်ကောင်းကောင်းမပေးတာတွေလုပ်တယ်။ ဒါတွေက ရှေ့မှာရောအခုရော နောက်လည်းပဲဆက်ရှိနေဦးမှာပါပဲ။ ဒါကြောင့်မို့ NUG အစိုးရအပါဝင် လူအား၊ မူအားဖြင့်ဖြစ်စေ ပြုပြင်ပြောင်းလဲသင့်သူတွေ ပြောင်းလဲပြီး မဟာမိတ်တွေနဲ့စည်းစည်းလုံးလုံးညီညီညွတ်ညွတ်နဲ့လက်တွဲပြီး စစ်အနိုင်တိုက်ရေးကို ဦးတည်ဆောင်ရွက်ကြပါ"လို့ ဦးဓမ္မမေတ္တာ (သံဃသမဂ္ဂ-မန္တလေး)က မောင်းကိုမိန့်ပါတယ်။
Read More

ဒေါနစစ်ကြောင်း၏ (၇၈) ကြိမ်‌မြောက် အာဇာနည်နေ့အခမ်းအနားကို ဧရာဝတီတိုင်းဝန်ကြီးချုပ် မန်းဂျော်နီ တက်ရောက်ခဲ့… (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ ဒေါနစစ်ကြောင်းမှာ ကျင်းပပြုလုပ်ခဲ့တဲ့ (၇၈) ကြိမ်‌မြောက် အာဇာနည်နေ့အခမ်းအနားကို အရင် NLD အစိုးရလက်ထက် ဧရာဝတီတိုင်းဝန်ကြီးချုပ် မန်းဂျော်နီ တက်ရောက်ခဲ့တယ်လို့ ဒေါနစစ်ကြောင်းက မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

နိုင်ငံတစ်ဝန်း စာသင်ကျောင်းပေါင်း ၂၄၀ ကျော်နဲ့ ဆေးရုံဆေးခန်း ၃၅၀ ကျော်ကို စစ်ကောင်စီကလေကြောင်းကနေ တိုက်ခိုက်ခဲ့

နိုင်ငံတစ်ဝန်း စာသင်ကျောင်း ၂၄၀ကျော်နဲ့ ဆေးရုံဆေးခန်းပေါင်း ၃၅၀ကျော်ကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောကြားလိုက်ပါတယ်။
Read More

ချောက်မြို့နယ်သို့ စစ်ကူလာသည့် စစ်ကော်မရှင်ယာဥ်တန်း မိုင်းဆွဲခံရပြီး အရာရှိအပါ ၁၂ ဦး သေ

မကွေးတိုင်း၊ ချောက်မြို့နယ်ကို စစ်ကူလာတဲ့ စစ်ကော်မရှင်ယာဥ်တန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ရာ စစ်တပ် အရာရှိအပါအဝင် ထိခိုက်‌သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ချောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ စစ်ရေးတာဝန်ခံဆီက သိရပါတယ်။