ကချင်ပြည်နယ် ဗန်းမော်မြို့ကို ထောက်ပံ့ရေးပြုလုပ်နေတဲ့ စစ်ကောင်စီ ရဟတ်ယာဉ်တွေဟာ KIA ပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရပါတယ်။

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာတော့ ရဟတ်ယာဉ်တွေဟာ မေလ ၂၀ ရက် နေ့လယ်ပိုင်းက ဗန်းမော်မြို့နယ်ကို ‌ထောက်ပံ့ရေးပစ္စည်းတွေ သွားရောက်ပို့ဆောင်ပြီး ပြန်လည်ထွက်ခွာစဉ် စက်ချို့ယွင်းပြီး ပျက်ကျမှုဖြစ်ပွားခဲ့တယ်လို့ လိမ်လည်ထုတ်ပြန်ခဲ့ပါတယ်။

မြေပြင်မှာတော့ အဆိုပါ စစ်ကောင်စီ ရဟတ်ယာဉ်တွေဟာ KIA ပူးပေါင်းတပ်တွေရဲ့ ပစ်ခတ်တိုက်ခိုက်တာကို ခံခဲ့ရပြီး၊ ရဟတ်ယာဉ် ၁ စီးက ရွှေကူ မြို့နယ် မြို့လှမြို့နယ်ခွဲ စည်ငန်းရွာအနောက်ဘက်ရှိ တောထဲသို့ ပျက်ကျသွားခဲ့ပြီး၊ ကျန်တစ်စီးကတော့ ရွှေကူမြို့နယ်ထဲကို အရေးပေါ်ဆင်းသက်ခဲ့ရကာ၊ ရဟတ်ယာဉ်ရဲ့ အစိတ်အပိုင်း တော်တော်များများ ပျက်စီးသွားတယ်လို့လည်း သိရပါတယ်။

Video – လူမှုကွန်ရက်

0 Shares:
You May Also Like
Read More

ချောင်းဦးမြို့အဝင် အကြမ်းဖက်စစ်တပ်ဂိတ်ကို အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်၊ စစ်သား ၅ ဦး သေ၊ တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ချောင်းဦးမြို့အဝင်ရှိ အကြမ်းဖက်စစ်တပ်ဂိတ်ကို အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဖက် အကျဆုံးတွေရှိခဲ့တယ်လို့ လျှပ်စီးတပ်ခွဲ ၊ မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း ၊ တပ်ခွဲ-၃ မှ ယနေ့သတင်းထုတ်ပြန်ထားပါတယ်။
Read More

ထိုင်းနိုင်ငံတောင်ပိုင်း နရသီဝပ်ပြည်နယ် စစ်ဆေးရေးဂိတ်တွင် ထိုင်းစစ်သား ၁ ဦး အနီးကပ်ပစ်ခတ်ခံရ (ရုပ်/သံ)

ထိုင်းနိုင်ငံတောင်ပိုင်း နရသီဝပ်ပြည်နယ် စစ်ဆေးရေးဂိတ်မှာ ထိုင်းစစ်သားကို ဆိုင်ကယ် စီးနင်းလာတဲ့ သူက သေနတ်နဲ့ အနီးကပ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။
Read More

ရွှေဘိုမြို့မရဲစခန်းနဲ့ ခလရ ၄၂ အထိုင်စခန်းကို Fixed Wings Drone နဲ့ ဗုံးသီးကြဲချတိုက်ခိုက်

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ရွှေဘိုမြို့မရဲစခန်းနဲ့ ခလရ ၄၂ အထိုင်စခန်းကို Fixed Wings Drone နဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်သားအများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ မှ သတင်းထုတ်ပြန်ထားပါတယ်။ ဒီဇင်ဘာ ၅ ရက် မနေ့နေ့လယ်ပိုင်းက ရွှေဘိုမြို့မရဲစခန်းအတွင်းကို Fixed Wings Drone နဲ့ ဗုံးသီး တွေ ကြဲချတိုက်ခိုက်ခဲ့ရာ ရဲ ၃ ဦး အပြင်းအထန်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
Read More

နေပြည်တော်တွင် အဆောက်အအုံအောက် ၄၄ နာရီကြာ ပိတ်မိနေသည့် လူငယ် ၁ ယောက်ကို ကယ်ထုတ်နိုင်ခဲ့ (ရုပ်/သံ)

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်၊ သစ္စာ ၂ လမ်းက အဆောက်အအုံအောက်မှာ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့ ငလျင်ကြောင့် ပိတ်မိနေတဲ့ အမျိုးသား လူငယ် ၁ ယောက်ကို ၄၄ နာရီကြာပြီးနောက် ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်မှာ ပြန်ပေးဆွဲခံခဲ့ရတဲ့ စက်သုံးဆီဆိုင်ပိုင်ရှင် ၅ ရက်ကြာတဲ့အထိ မိသားစုနဲ့ အဆက်အသွယ်ပြတ်နေ (ရုပ်/သံ)

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက် မြို့ပတ်လမ်း ၃၃ လမ်းနဲ့ ၃၄ လမ်းထောင့်က စားသောက်ဆိုင်အနီးမှာ ဇန်နဝါရီ ၃ ရက် ညနေပိုင်းက စတားပါဝါစက်သုံးဆီဆိုင်ပိုင်ရှင် ဦးထွန်းလင်းနိုင်ဦးကို လူတစ်စုက ပြန်ပေးဆွဲဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။
Read More

ရေဖြူမြို့နယ်အတွင်း အကြမ်းဖက်စစ်သားများ တိုက်ခိုက်ခံရပြီး ၅ ဦး သေ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်အတွင်း ပတ်ကင်းထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၅ ယောက် သေဆုံးခဲ့တယ်လို့ ဝေဟင်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။