မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ၂ ရက်ဆက် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အပါအဝင် ၆ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ We Love Myaing အဖွဲ့က ထုတ်ပြန်ပါတယ်။

မေလ ၁၉ ရက် ညပိုင်းက မြိုင်မြို့နယ်အရှေ့မြောက်ပိုင်းမှာရှိတဲ့ ဖျသီးရွာကို စစ်ကောင်စီရဲ့ တံတားဦးလေဆိပ်တက် ဂျက်ဖိုက်တာ ၁စီးက လေကြောင်းတိုက်ခိုက်ခဲ့ရာ တောတိုက်အတွင်းနေထိုင်တဲ့ အရပ်သား ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် မေလ ၂၀ ရက် ညနေပိုင်းကလည်း မြိုင်မြို့နယ် အနောက်မြောက်ပိုင်းမှာရှိတဲ့ ဗဟင်းရွာ စာသင်ကျောင်းအနီး၊ ထမင်းဆိုင်ကို စစ်ကောင်စီဂျက်ဖိုက်တာ ၁ စီး ဗုံးကြဲသွားခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီအနေနဲ့ တိုက်ပွဲမရှိဘဲ အခုလို လုပ်ဆောင်ခဲ့တာဖြစ်ပြီး ထမင်းဆိုင်အတွင်းရှိနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ယောက်နဲ့ ဆိုင်ရှင် သားအမိ ၂ ယော​က် သေဆုံးခဲ့တာ ဖြစ်ပါတယ်။

“ဗဟင်းရွာက မြိုင် ပုလဲ လမ်းပေါ်ရှိတာ၊ တိုက်ပွဲမရှိဘဲ လုပ်သွားတာပါ။ သတင်းပေးဒလန်ရှိလို့လားပဲယူဆရမယ်” လို့ မြိုင်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ယောက်က မောင်းကို ပြောပါတယ်။

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ယင်းမာပင်ခရိုင် တပ်ရင်း ၁၂ တပ်ခွဲ ၃ Triple R တပ်ဖွဲ့က တပ်ခွဲမှူး ရဲဘော်ဇော်မြတ်၊ ရဲဘော်ဒေးဗစ်၊ ရဲဘော်မွန်းနဲ့ ရဲဘော်လင်းယုန်တို့ ကျဆုံးခဲ့ကြောင်း We Love Myaing အဖွဲ့က ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ​​မေလပထမပတ်အတွင်း ပခုက္ကူအခြေစိုက် အကြမ်းဖက်စစ်ကောင်စီတပ်တွေ မြိုင်မြို့အထိ စစ်ကြောင်းထိုးဝင်ရောက်ဖို့ ကြိုးစားရင်း တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့မှုဖြစ်ကာ စစ်ကြောင်းပြန်ဆုတ်ခဲ့ရပါသေးတယ်။

အဲ့ဒီအချိန်ပြီးကတည်းက တိုက်ပွဲတွေငြိမ်သက်သွားပေမယ့် စစ်ကောင်စီက မြိုင်မြို့နယ်အတွင်းကိုလေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ဆိုသလို လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

“အခုက မြေပြင်မှာ ကျနော်တို့ အသာရပေမယ့် ဝေဟင်ကသိတဲ့အတိုင်းပဲ အခုမနက်လည်း ဝဲနေတယ်။ ဘယ်အချိန်ကြဲမလဲမသိ၊ ကိုယ့်ခေါင်းပေါ်ကြဲမယ်ထင်ရင် ဗုံးခိုကျင်းထဲဝင်နေရုံပဲရှိတယ်။ ဘာမှလုပ်မရဘူး” လို့ မြိုင်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်က မောင်းကိုပြောခဲ့ပါတယ်။

မြိုင်မြို့နယ်၊ ဗဟင်းရွာ လေကြောင်းတိုက်ခံရပြီးနောက် မြင်ကွင်း (ဓာတ်ပုံ လူမှုကွန်ရက်)

0 Shares:
You May Also Like
Read More

မင်းလှ ပကဖ ပံ့သကူပစ်ရင်း ရွေးကောက်ပွဲအတု ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်

ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့နယ်မှာ တစ်နိုင်ငံလုံးနည်းတူ တန်ဆောင်မုန်းလ မုန့်ဖိုးတွေ ပံ့သကူ ပစ်ရင်း စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ခဲ့ကြောင်း မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

နောင်ချိုမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီက အဆိပ်ငွေ့ဗုံး အသုံးပြုတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့တယ်လို့ TNLA က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
Read More

နာမည်ကျော် အဆိုတော် မာရဇ္ဇ ကွယ်လွန်

ကိုယ်ပိုင်သံစဉ် သီချင်းတွေနဲ့ နာမည်ကျော်တဲ့ အဆိုတော် မာရဇ္ဇဟာ ဇန်နဝါရီလ ၂၃ ရက် မနေ့ညက ရန်ကုန်မြို့မှာ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။
Read More

ဂန့်ဂေါတွင် စစ်ကောင်စီက စစ်ကြောင်းထိုးရာလမ်းတလျှောက် အရပ်သား ၈ ဦးကို ဖမ်းဆီးကာ စိတ်ကျန်းမာရေးချို့တဲ့သူ ၁ ဦးကို ရိုက်သတ်ခဲ့

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ အင်အားအပြောင်းလဲလုပ်ဖို့ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေက အရပ်သားတွေကို စစ်ကြောင်းထိုးရာ လမ်းတလျှောက် ဖမ်းဆီးခေါ်ဆောင်ရင်း စိတ်ကျန်းမာရေး ချို့တဲ့နေသူ ၁ ယောက်ကို ရိုက်နှက်သတ်ဖြတ်ထားခဲ့တယ်လို့ သိရပါတယ်။
Read More

ကျောက်ကြီးမြို့နယ်မှာ ခမရ−၅၈၉ က စစ်ကောင်စီတပ်သားတစ်ယောက် လက်နက်ချအလင်းဝင်လို့ ကျပ်ငွေ ၁၀ သိန်း ဆုချီးမြှင့်…

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်း ခမရ−၅၈၉ က စစ်ကောင်စီတပ်သားတစ်ယောက် လက်နက်ချအလင်းဝင်လို့ ကျပ်ငွေ ၁၀ သိန်း ဆုချီးမြှင့်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကြောရေးတွင် မသေရုံတမယ် ရိုက်နှက်ခံရပြီး ပြန်လွတ်လာသည့် တော်လှန်လူငယ်တစ်ဦး

အကြမ်းဖက်စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာလူငယ် အတော်များများဟာ စစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ခိုက်ဖို့အတွက် လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေထဲကို အသီးသီး ဝင်ရောက်သွားခဲ့ကြပါတယ်။