ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်က စစ်ကောင်စီရဲ့ သိမ်ကုန်းတာဝါတိုင်စခန်းကို ပြီးခဲ့တဲ့ မေလ ၁၉ ရက်နေ့မှာ အပြီးသတ် သိမ်းပိုင်နိုင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းတိုင်းစစ်ဒေသ၊ ဗျူဟာ (၂၁) ၊ ပြည်ခရိုင် ၃၆၀၂ တပ်ရင်းက သတင်းထုတ်ပြန်လာပါတယ်။  

ပြီးခဲတဲ့ မေလ ၁၇ ရက်နေ့မှာ အဆိုပါ သိမ်ကုန်းတာဝါတိုင်စခန်းကို အင်အား ၇၀ ခန့် နဲ့ စစ်ကူဖြည့်တင်းဖို့ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်တွေ ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ယောက် သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာ ရရှိသွားပြီးနောက် တာဝါတိုင်စခန်းထဲကို ထွက်ပြေးကုန်တယ်လို့ သိရပါတယ်။ 

နောက်တစ်ရက် မေလ ၁၈ ရက်နေ့မှာ စစ်ကောင်စီတပ်သားတွေ ထွက်ပြေးဝင်ရောက်သွားတဲ့ တာဝါတိုင်စခန်းထဲကို တော်လှန်ရေးအင်အားစုတွေက ထပ်မံပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားတွေ ဆုတ်ခွာထွက်ပြေးကုန်တာကြောင့် ၁၉ ရက်နေ့မှာတော့ စခန်းကို အပြီးသတ်သိမ်းနိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ 

“အဲ့နေ့ကတည်းက စစ်ကြောင်းက နောက်ဆုတ်သွားပြီးတော့ ခုထိ ပြန်တက်မလာသေးပါဘူး။ ဆုတ်တာကတော့ ပြည်မြို့ဘက်ကိုပါ။ ဆုတ်သွားတဲ့ စစ်သားတွေကို ရခိုင်နဲ့ မကွေးဘက်ကို ပို့လိုက်တယ်လို့ သိထားရပါတယ်” လို့ ပြည်ခရိုင် (၃၆၀၂) တပ်ရင်း သတင်းပြန်ကြားရေးတာဝန်ခံ Red Star က မောင်းကို ပြောပါတယ်။ 

အဲဒီ သိမ်ကုန်းတာဝါတိုင်စခန်းက စစ်ကောင်စီတပ်သားတွေဟာ ပြည်သူတွေကို ပေါ်တာဆွဲတာတွေ၊ ‌အနီးနားက  ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ၊ အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်တာတွေ ပြုလုပ်လေ့ရှိတာကြောင့် တော်လှန်ရေးရဲဘော်တွေနဲ့ မကြာခဏ တိုက်ပွဲဖြစ်ပွါးနေကျစခန်းဖြစ်တယ်လို့ သိရပါတယ်။ 

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ပြည်ခရိုင် တပ်ရင်း (၃၆၀၂) နဲ့  တပ်ရင်း (၃၆၀၁) ၊ ပြည်ခရိုင်ပကဖအဖွဲ့တို့က ဖော်ဆောင်ခဲ့တာဖြစ်ပြီး ပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ် သတိပြုကြဖို့ ထုတ်ပြန်ချက်မှာ အသိပေး တိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

ပြည်သူတွေလက်မခံတဲ့ ရွေးကောက်ပွဲ ကျင်းပမယ့်ရက် စစ်အုပ်စု ကြေညာ

ပြည်တွင်းစစ် ပြင်းထန်စွာဖြစ်ပွားနေတဲ့အကြား စစ်အုပ်စုက သူတို့ရဲ့ ထွက်ပေါက်ဖြစ်စေမယ့်ရွေးကောက်ပွဲကို ဒီဇင်ဘာ ၂၈ ရက်မှာ စတင်ပြုလုပ်မယ်လို့ ဩဂုတ်လ ၁၈ ရက်က ကြေညာခဲ့ပါတယ်။
Read More

မင်းဘူးခရိုင် PDF အမှတ် ၅ တပ်ရင်းမှ ကျဆုံးရဲဘော်များကို ရည်စူးပြီး ဝါဆိုသင်္ကန်းကပ်လှူ ကုသိုလ်ပြု (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မင်းဘူးခရိုင်အမှတ် ၅ တပ်ရင်းက ဝါတွင်းကာလမှာ ကျဆုံးရဲဘော်တွေကို ရည်စူးပြီး ဝါဆိုသင်္ကန်းကပ်လှူ ကုသိုလ်ပြုခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မိတ္ထီလာမှာ ဧည့်စာရင်းစစ်မယ်ဆိုပြီး ပြည်သူ ၁၇ ယောက်ကို တပ်သားသစ်အဖြစ် ဖမ်းဆီးစုဆောင်းသွား

မန္တလေးတိုင်း၊ မိတ္ထီလာမြို့ အမှတ် ၁၂ ရပ်ကွက်က အမျိုးသား ၁၇ ယောက်ကို အကြမ်းဖက်စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိန်သန်းရဲ့ ဦးဆောင်မှုနဲ့ ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

မကွေးတိုင်း ခရိုင် ၂ခုတွင် ရွေးကောက်ပွဲအတု ထောက်ခံကြောင်း ပြသရန် စစ်အုပ်စုက အိမ်ပေါက်စေ့ ခြိမ်းခြောက် အလံထောင်ခိုင်းထား

မကွေးတိုင်း၊ မင်းဘူးနဲ့ သရက်ခရိုင်အတွင်းက မြို့နယ်တွေမှာ စစ်အုပ်စုက အတုအယောင် ရွေးကောက်ပွဲအကြို နေအိမ်တိုင်းလိုလို အလံတွေ ထောင်ထားကြဖို့နဲ့ မလိုက်နာသူတွေကို ဖမ်းဆီးအရေးယူဖို့ လုပ်ဆောင်နေကြောင်း ဒေသသတင်းရင်းမြစ်တွေက မောင်းကိုပြောပါတယ်။
Read More

မြင်းခြံ – နဘူးအိုင်လမ်းပိုင်းမှာ စစ်ကြောင်းဆုတ်လာတဲ့စစ်သားတွေ မိုင်းဆွဲခံရပြီး စစ်ကြောင်းမှူးအပါ ၁၃ယောက်သေ

မန္တလေးတိုင်း၊ မြင်းခြံ-နဘူးအိုင်လမ်းပိုင်းမှာ စစ်ကြောင်းပြန်ဆုတ်လာတဲ့ အကြမ်းဖက်စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကြောင်းမှူးအပါအဝင် စစ်သား ၁၃ယောက် သေဆုံးကြောင်း ရွှေခြံသားပြောက်ကျားတပ်ဖွဲ့ ထံက သိရပါတယ်။
Read More

အရှိုချင်းကာကွယ်ရေးတပ် – ACDF ၏ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် ( ၅ ) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

အရှိုချင်းကာကွယ်ရေးတပ် - ACDF ရဲ့ ကိုယ်ပိုင်လေ့ကျင့်ရေးသင်တန်းကျောင်းမှာ ပထမဆုံးအကြိမ် ပြုလုပ်တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၅) သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။