မန္တလေးတိုင်း၊ ညောင်ဦးမြို့က ထွက်လာတဲ့ အင်အား ၉၀ ခန့်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၈ ယောက်သေဆုံးခဲ့တယ်လို့ People’s Democratic Army က သတင်းထုတ်ပြန်ထားပါတယ်။

မနေ့က မေလ ၂၀ ရက်မှာ ဖြစ်ခဲ့တဲ့ အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၈ယောက် သေဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဒရုန်း ၁စီး စက်ချို့ယွင်း ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းဟာ ဂျိုးကန်ကျေးရွာအတွင်း ဝင်ရောက်ကာ ပြည်သူပိုင် ပစ္စည်းတွေကို ခိုးယူလုယက်လျက်ရှိပြီး ဘေးပတ်လည်ကျေးရွာများမှာ ပြည်သူ ၄၀၀၀ ခန့် စစ်ဘေးတိမ်းရှောင် ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ငွေတွင်းပျူစခန်း ကင်း ၂ ခုကို တော်လှန်တပ်တွေ စီးနင်းတိုက်ခိုက်မှု ပျူစောထီး ၁ ယောက်သေပြီး ၅ ယောက် ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း အရာတော်မြို့နယ် ငွေတွင်းပျူစခန်း ကင်း၂ ခုကို တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်ခဲ့ရာ ပျူစောီး ၁ ယောက်သေဆုံးပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Ngwe Dwin Revolution Force အဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ထားဝယ်မြို့ ဝန်ကြီးအိမ်ရာ၊ ရေဖြူမြို့ရဲစခန်းနှင့် ခလရ ၁၀၄ တပ်ရင်းတို့ကို ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်းအတွင်းရှိ ထားဝယ်မြို့ ဝန်ကြီးအိမ်ရာ၊ ရေဖြူမြို့ရဲစခန်းနဲ့ ခလရ ၁၀၄ တပ်ရင်းတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်က သတင်းထုတ်ပြန်ထားပါတယ်။
Read More

MLA ၏ ကျန်းမာရေးဌာနမှ စစ်မြေပြင် အရေးပေါ်ကုသနည်း အခြေခံသင်တန်း ပြုလုပ် (ရုပ်/သံ)

မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) ရဲ့ ကျန်းမာရေးဌာနက ဦးစီးပြီး စစ်မြေပြင် အရေးပေါ်ကုသနည်း အခြေခံသင်တန်းကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ချောက်-စလေလမ်းပိုင်းတွင် အကြမ်းဖက်စစ်သားများ စီးနင်းလာသည့် ကားကို မိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ချောက်-စလေလမ်းပိုင်းမှာ အကြမ်းဖက်စစ်သားတွေ စီးနင်းလာတဲ့ ကား ၂ စီးကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ယောက် သေဆုံးခဲ့တယ်လို့ People Defense Force Chauk က သတင်းထုတ်ပြန်ထားပါတယ်။ ဒီဇင်ဘာ ၉ ရက် နေ့လယ်ပိုင်းက ချောက်-စလေလမ်းပိုင်းတစ်နေရာမှာ အကြမ်းဖက်စစ်သားတွေ စီးနင်းလာတဲ့ ကား ၂ စီးကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကျရာတာဝန် ကျေပွန်နေကြတဲ့ အမျိုးသမီးရဲဘော်လေးများ (ရုပ်/သံ)

ကျရာတာဝန်တွေကို ကျေပွန်အောင် ထမ်းဆောင်နေကြတဲ့ အမျိုးသမီးရဲဘော်လေးတွေရဲ့ တစ်နေ့တာ တာဝန်တွေကို မုံရွာခရိုင်တပ်ရင်း(၄) Monywa The Boys က ထုတ်ပြန်လိုက်ပါတယ်။