ရှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူတိုက်နယ်ကျေးရွာအတွင်း အကြမ်းဖက်စစ် ကောင်စီက အဆိပ်ငွေ့ဗုံး၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) က သတင်းထုတ်ပြန်ထားပါတယ်။

မေလ ၂၀ ရက်က ရပ်စောက်မြို့နယ် ကျောက်ဂူတိုက်နယ်ကျေးရွာအတွင်းရှိ လွယ်ဟောင်ရွာနဲ့ ဖက်ရင်းကုန်းရွာကြားကို စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံး ၅ လုံး၊ လက်နက်ကြီး ၂ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ဟာ နိုင်ငံတကာက တားမြစ်ကန့်သတ်ထားတဲ့ အဆိပ်ငွေ့ဗုံးတွေ အသုံးပြုပြီး စစ်ရာဇဝတ်မှု ဥပဒေချိုးဖောက်မှုတွေ ပြုလုပ်လျက်ရှိကာ မဟာမိတ် TNLA တပ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေအတွင်းမှာလည်း လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့အတွက် ပြည်သူတွေ လေကြောင်းအန္တရာယ် အထူးဂရုပြုကြဖို့နဲ့ စစ်ရေးသတင်းတွေကို နားစွင့်ထားကြဖို့ DPLA က သတိပေးထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

တန့်ဆည်မြို့နယ် ကျီးကုန်းရွာအတွင်းရှိ စစ်အုပ်စု ထောင်သွားသည့် မိုင်းများကို ဖယ်ရှားရှင်းလင်း (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ကျီးကုန်းရွာအတွင်း စစ်တပ် ထောင်ထားတဲ့ မိုင်းတွေကို ပြည်သူတွေ အန္တရာယ်မဖြစ်စေဖို့ ဖယ်ရှားရှင်းလင်းပေးခဲ့တယ်လို့ Chaung U People's Defence Force က ဒီဇင်ဘာ ၃၀ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
Read More

လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၁၂ ယောက်သေပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် လက်ခတ်တောင်တာဝါတိုင်စခန်းကုန်းကို မတ်လ ၁၃ ရက် မနက်ပိုင်းက တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒူရက စစ်ကြောင်းထံက သိရပါတယ်။
Read More

ငွေတွင်းစခန်းမှ ရိက္ခာသယ်ရန် ထွက်လာသည့် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး ၁ ဦးသေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ငွေတွင်းစခန်းရှိ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီး ပူးပေါင်းစစ် ကြောင်းကို တော်လှန်ရေးတပ်တွေက စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ၁ ယောက်သေပြီး ၅ ‌ယောက် ဒဏ်ရာရရှိသွားတယ်လို့ Ngwe Dwin Revolution Force အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

အင်းတော်တိုက်ပွဲမှ ထွက်ပြေးလာသည့် အကြမ်းဖက် စစ်ကောင်စီတပ်သား ၁၅၀ ကျော် ဖမ်းမိထား (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့သိမ်းတိုက်ပွဲကနေ ထွက်ပြေးနေကြတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၅၀ ကျော်ကို ဖမ်းဆီးရမိထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်ထံက သိရပါတယ်။
Read More

ဂန့်ဂေါမြို့နယ် မြစ်သာဆည်ပေါ်ကို စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြစ်သာဆည်ပေါ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က မတ်လ ၁၈ ရက် နေ့လယ်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီတပ်သားတွေကို ကိုကျော်သက်လင်းနဲ့ Black Panther Column ရဲဘော်တွေက လက်နက်ချအလင်းဝင်ရောက်ဖို့ ဖိတ်ခေါ် (ရုပ်/သံ)

ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့ရုပ်မြင်သံကြား CDM အရာရှိ ကိုကျော်သက်လင်းနဲ့ Black Panther Column ရဲဘော်တွေက စစ်ကောင်စီတပ်သားတွေ လက်နက်ချအလင်းဝင်ရောက် ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ "သင့်အသက်မဆုံးရှုံးခင် မှန်ကန်တဲ့လမ်းကိုရွေးချယ်ပါ။ စစ်ကောင်စီထံမှ ရုန်းထွက်ပြီး ကျားသစ်နက်စစ်ကြောင်းက သင့်ကို ကြိုဆိုလျှက်ရှိသည်''လို့ Black Panther Column မှ Facebook စာမျက်နှာမှရေးသားမျှဝေထားပါတယ်။