ကျားသစ်နက်စစ်ကြောင်း (Black Panther Column) က အခြေခံပညာသင်တန်းအပတ်စဉ် (၅) အတွက် တပ်သားသစ်တွေ ခေါ်ယူနေတယ်လို့ သိရပါတယ်။

သင်တန်းတက်ရောက်သူတွေဟာ ကျန်းမာသန်စွမ်းသူ၊ အခြေခံခြေမှုန်ရေး၊ တိုက်ခိုက်ရေး စစ်သင်တန်းတက်ရောက်သူ၊ စစ်ကြောင်းက ပေးအပ်တဲ့ တော်လှန်‌ရေးတာဝန်တွေကို အနည်းဆုံး ၂ နှစ် ထမ်းဆောင်နိုင်သူ၊ အသက် (၁၈) နှစ်ကနေ (၃၅)နှစ်အထိ ဖြစ်ရမယ်လို့ သိရပါတယ်။

အသေးစိတ်သိရှိချင်သူတွေ Black Panther Column Facebook Page ကနေ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်တယ်လို့ ဆိုထားပါတယ်။

Video-Black Panther Column

0 Shares:
You May Also Like
Read More

ပြိုကျခဲ့တဲ့ မန္တလေး Sky Villa ကွန်ဒိုအတွင်း ပိတ်မိနေသူ ၄၃ ယောက်ကို ကယ်ထုတ်နိုင်ခဲ့ပြီး အလောင်း ၉ လောင်း တွေ့ရှိထားဟု ဆို (ရုပ်/သံ)

ယမန်နေ့က လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်ငလျင်ကြောင့် မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ရှိ Sky Villa ကွန်ဒို ပြိုကျပျက်စီးမှုအတွင်း ပိတ်မိနေသူ ၄၃ ယောက်ကို ကယ်ထုတ်နိုင်ခဲ့ပြီး အလောင်း ၉ လောင်း တွေ့ရှိထားတယ်လို့ မြန်မာနိုင်ငံ မီးသတ်ဌာနက ယနေ့မတ်လ ၂၉ ရက် ညနေပိုင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ယနေ့မန္တလေးမြို့မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူထိခိုက်မှုရှိ (ရုပ်/သံ)

ငလျင်ဒဏ်အပြင်းအထန်ခံစားခဲ့ရတဲ့ မန္တလေးမြို့မှာ ယနေ့ မေလ ၁၀ ရက် နေ့လယ်ပိုင်းက မိုးသည်းထန်စွာရွာပြီး မိုးသီးကြွေမှုနဲ့ အဆောက်အအုံအမိုးများ လွှင့်ကျမှုကြောင့် လူထိခိုက်မှုရှိခဲ့တယ်လို့ ဒေသခံများထံက သိရပါတယ်။
Read More

မိသားစုနဲ့ကွဲပြီး အာဟာရပြတ်နေသည့် အဘွားအိုကို PDF ရဲဘော်များ ဘေးကင်းရာသို့ ပို့ဆောင် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်း အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုးလာတဲ့အတွက် တိမ်းရှောင်ရင်း မိသားစုနဲ့ကွဲကာ အာဟာရပြတ်ပြီး လဲနေတဲ့ အဘွားအိုတစ်ယောက်ကို ဘေးလွတ်ရာသို့ ဆောင်ခဲ့တယ်လို့ ယင်းမာပင်ခရိုင်အမှတ် ၁၇ တပ်ရင်း ရဲဘော် ၁ ယောက်က ၎င်းရဲ့ လူမှုကွန်ရက်မှာ မျှဝေခဲ့ပါတယ်။
Read More

ကမ္မမြို့ပေါ်ရှိ စစ်ကောင်စီတပ်သားများကို တိုက်ခိုက်ပြီး စစ်သားများ ခိုးယူထားသည့် ဆိုင်ကယ်များကို ပြည်သူထံ ပြန်လည်အပ်နှံ (ရုပ်/သံ)

မကွေးတိုင်း၊ ကမ္မမြို့ပေါ်ရှိ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချပြီး ၄၀ မမ ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်ကာ စစ်သားတွေ ခိုးယူထားတဲ့ ဆိုင်ကယ်တွေကို ပြည်သူထံ ပြန်လည်အပ်နှံပေးခဲ့တယ်လို့ RED GIANT အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

တောင်သာမြို့နယ်အတွင်း တော်လှန်ရေတပ်တွေ အသင့်ပြင်ထားတဲ့ နေရာသို့ ဝင်ရောက်တဲ့ အကြမ်းဖက်စစ်သားတွေ တိုက်ခိုက်ခံရပြီး အများအပြားသေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း တောင်သာမြိုပေါ်ကနေ သာယာကြီးရွာဘက်သို့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့ရာ အများအပြားသေဆုံးခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ်၃တပ်ရင်းမှ သတင်းထုတ်ပြန်ထားပါတယ်။ ဒီဇင်ဘာ ၇ ရက်က တောင်သာမြို့ပေါ်ကနေ သာယာကြီးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးတပ်တွေက အသင့်ပြင်ထားနေရာသို့ အရောက် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အဆင်သင့်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဆီဆိုင်မြို့နယ်တွင် စစ်တပ်လက်အောက်ခံ ခရိုနီနေဝင်းထွန်း ဦးဆောင်သည့် PNO ပြည်သူ့စစ် မီးရှို့ဖျက်ဆီးနေ (ရုပ်/သံ)

ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်၊ နောင်ထော်ရွာသစ်နဲ့ တပူးထိုကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကော်မရှင်လက်အောက်ခံ ခရိုနီ နေဝင်းထွန်း ဦးဆောင်တဲ့ PNO ပြည်သူ့စစ်တွေက မီးရှို့ဖျက်ဆီးလျက်ရှိတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က သတင်းထုတ်ပြန်ထားပါတယ်။