မကွေးတိုင်း၊ ငဖဲဒေသမှာ အခြေခံပညာရေးဝန်ထမ်းတွေကို ဖမ်းဆီးချုပ်နှောင်တာအပါအဝင် ပညာသင်ကြားမှုနဲ့သက်ဆိုင်တဲ့ ကိစ္စတွေထဲ ဝင်ရောက်စွက်ဖက်တာမျိုးတွေ လုံးဝလုပ်ဆောင်သွားမှာမဟုတ်ကြောင်းနဲ့ ဒီလိုမျိုး လုပ်ဆောင်သူတွေကိုလည်း တားမြစ်အရေးယူသွားမှာဖြစ်​ကြောင်း ချင်းကာကွယ်ရေးတပ်-အရှိုရဲ့ သတင်းတာဝန်ရှိသူ ဆလိုင်းရိုးချင်းက မောင်းကို ပြောပါတယ်။

မကြာခင် ရောက်ရှိတော့မယ့် ၂၀၂၅- ၂၀၂၆ ပညာသင်နှစ် မစတင်ခင်မှာ Chin Defense Force -Asho က အခုလို ထုတ်ပြန်လာတာဖြစ်ပြီး ရခိုင်ရိုးမရှိရာ ငဖဲမြို့နယ်အတွင်းက မြေပြန့်နဲ့ တောင်ပေါ်ဒေသမှာ လာ​​ရောက်တာဝန်ထမ်းဆောင်မယ့် အ​ခြေခံကျောင်း ဆရာဆရာမတွေအတွက် ရည်ရွယ်တယ်လို့ သိရပါတယ်။

အ​ခြေခံပညာအဆင့် ဆရာဆရာမတွေကို ခြိမ်းခြောက်တာ၊ ဖမ်းဆီးတာ၊ နှောင့်ယှက်ဟန့်တားတွေအပါအဝင် ပညာရေးကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်မှာမဟုတ်ကြောင်း၊ တားမြစ်သူတွေကိုလည်း အရေးယူဖမ်းဆီးသွားမှာဖြစ်ကြောင်း သိရပါတယ်။

ဒါ့အပြင် အခြေခံပညာ ကျောင်းဆရာဆရာမတွေအနေနဲ့လည်း ကလေးငယ်တွေအပေါ် စေတနာ၊ ဝါသနာ၊ အနစ်နာ စတဲ့ အချက်၃ချက်နဲ့ သင်ကြားပေးကြဖို့ CDF Asho က တိုက်တွန်းထားပါသေးတယ်။

ပင်လယ်ရေမျက်နှာပြင် အမြင့်ပေ ၃ထောင်ကျော်၊ ၄ထောင်လောက်မှာ တည်ရှိပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲလွန်းတဲ့ ငဖဲမြို့နယ်အတွင်းက ကျေးရွာတွေမှာ အာဏာသိမ်းကာလ မတိုင်ခင်တည်းက လာရောက်တာဝန်ထမ်းဆောင်တဲ့ ဆရာ၊ ဆရာမ အင်အားနည်းပါးသလို တာဝန်ထမ်းဖို့ငြင်းဆန်တဲ့သူတွေလည်းရှိခဲ့ရာ ပညာရေးအတွက် အစစအရာရာ နောက်ကျခဲ့တယ်လို့ ဆလိုင်းရိုးချင်းကပြောပါတယ်။

“အာဏာသိမ်း ၄နှစ်တာကာလမှာလည်း စစ်ပွဲတွေကြောင့် ပညာရေးပိုင်း အားနည်းမှုတွေရှိတယ်လို့ မြင်တယ်။ ပညာရေးက နောက်ကျခဲ့ပြီးပြီဆိုပေမယ့် ဒီထက်ပိုနောက်မကျအောင် အမျိုးမျိုးသောအကြောင်းပြချက်တွေနဲ့ ဒီလိုထုတ်ပြန်ရတာပါ။ ဆရာဆရာမတွေပြောတဲ့ တော်လှန်ရေးအဖွဲ့တွေကို ကြောက်ရတယ်။ အခြားဒေသကဖြစ်စဥ်တွေလို ဖမ်းဆီးခံရနိုင်တယ်ဆိုတာမျိုးတွေ တွေးနိုင်လို့ထုတ်ပြန်ရတာပါ။ အဓိကက ပြည်သူမနာဖို့နဲ့ ပြည်သူ့ကောင်းကျိုးကြည့်တာမို့ စိတ်လုံပါတယ်” လို့ ချင်းကာကွယ်ရေးတပ်-အရှိုရဲ့ သတင်းတာဝန်ရှိသူ ဆလိုင်းရိုးချင်းက မောင်းကိုပြောပါတယ်။

ချင်းကာကွယ်ရေးတပ်-အရှို အနေနဲ့ စစ်ရေးပစ်မှတ်တွေကိုသာ တိုက်ခိုက်ကြောင်းနဲ့ ချင်းလူမျိုးနဲ့ ပြည်သူလူထုအပေါ် သစ္စာစောင့်သိကာ ဂုဏ်သိက္ခာနဲ့ ရဲရင့်မှုတွေကို အခြေခံတဲ့ စစ်သည်တော်ကျင့်ဝတ်တွေနဲ့အတူ နိုင်ငံတကာစစ်ဘက်ဆိုင်ရာ ဥပဒေတွေအပေါ် လိုက်နာသွားမယ်လို့လည်း ပြောထားပါတယ်။

0 Shares:
You May Also Like
Read More

ဆောမြို့ပေါ် ၁၃ နှစ်အရွယ် မိန်းကလေးအား မုဒိမ်းကျင့် သတ်ကာ အလောင်းဖျောက်ခဲ့သူကို နယ်မြေခံတပ်ဖွဲ့ ဖမ်းဆီးထိန်းသိမ်းထား၊ သေဒဏ်ပေးရန် ပြည်သူများ ဆန္ဒပြနေ

မကွေးတိုင်း၊ ဆောမြို့ပေါ်မှာ အသက် ၁၃နှစ်အရွယ် မိန်းကလေးကို မုဒိမ်းကျင့်သတ်ဖြတ်ကာ အလောင်းဖျောက်ခဲ့တဲ့ တရားခံကို နယ်မြေခံ တော်လှန်ရေးတပ်ဖွဲ့တွေက ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ယောအလင်းတန်းအဖွဲ့ထံက သိရပါတယ်။
Read More

ရန်ကုန်မြို့လယ်ခေါင်က ကြောက်ခေတ်ကို မှောက်ပစ် (ဓာတ်ပုံသတင်း)

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

စစ်ကောင်စီက တက္ကသိုလ်လေ့ကျင့်ရေးတပ်တွေကို စစ်သင်တန်းပေးနေ

ပြည်နယ်နဲ့တိုင်း အသီးသီးက တက္ကသိုလ်လေ့ကျင့်ရေးတပ် (UTC) တွေကို စစ်ကောင်စီက စစ်သင်တန်းပေးနေတယ်လို့ သူ့ရဲ့ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

ပြည်မြို့တွင် စစ်ကော်မရှင် လက်အောက်ခံ အချင်းချင်း ပေါ်တာမှားဆွဲမှု ဖြစ်ပွား

ပဲခူးတိုင်း၊ ပြည်မြို့မှာ စစ်ကော်မရှင်လက်အောက်ခံ တပ်ဖွဲ့ဝင်အချင်းချင်း ပေါ်တာဆွဲဖမ်းဆီးတာနဲ့ ပတ်သက်ပြီး အချင်းများကာ ရိုက်နှက်ဖမ်းဆီးမှုတွေအထိ ဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ 
Read More

အောင်ဇေယျစစ်ကြောင်း အခြေစိုက်ဖို့ ကြိုးစားခဲ့တဲ့နေရာကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်၊ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိ

အကြမ်းဖက်စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်း အခြေစိုက်ဖို့ ကြိုးစားခဲ့တဲ့ နေရာတစ်ခုကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်ပြီး နယ်မြေရှင်းလင်းရာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်း တပ်ခွဲ ၃ က ထုတ်ပြန်ပါတယ်။
Read More

ကိုးလအတွင်း တရုတ်နိုင်ငံကို မြန်မာ့မြေရှား ဒေါ်လာ သန်း ၆၀၀ ကျော်ဖိုး တင်ပို့ခဲ့

လက်ရှိ ၂၀၂၅ ခုနှစ် ကိုးလတာကာလအတွင်း မြန်မာနိုင်ငံဟာ တရုတ်ကို မြေရှားသတ္တုတင်ပို့ရာမှာ အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော်ဖိုး တင်ပို့ခဲ့ပြီး ကမ္ဘာ့မြေရှားထုတ်လုပ်ရေးမှာ ဒုတိယအဆင့် ရပ်တည်နေတယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျု ISP-Myanmar က ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။