ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ တိုက်ခိုက်ရေးသင်တန်းကျောင်း (ဘုရင့်နောင်)ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) က သတင်းထုတ်ပြန်ထားပါတယ်။

မေလ ၁၉ ရက် မနက်ပိုင်းက သံတောင်ကြီးမြို့နယ် ဘုရင့်နောင်တပ်မြို့ရှိ အကြမ်းဖက်စစ်တပ်ရဲ့ တိုက်ခိုက်ရေးသင်တန်းကျောင်း (ဘုရင့်နောင်)ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၄ လုံး အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို  Brave Warriors for Myanmar (BWM) ရဲ့ ဦးဆောင်မှုနဲ့အတူ Anti-Coup People’s Liberation Force (ACPLF) ၊ Mountain Knight Civilian Defense Forces (MKCDF) KNLA တပ်မဟာ ၂ ၊ တပ်ရင်း ၅ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ တိုက်ခိုက်ရေးကျောင်း (ဘုရင့်နောင်) ဟာ အောက်မြန်မာပြည်ရှိ တပ်ရင်း၊ တပ်ဖွဲ့အသီးသီးကို ဦးဆောင်နေကြတဲ့ အရာရှိတွေအတွက် တပ်စုမှူး၊ တပ်ခွဲမှူးနဲ့ တပ်ရင်းမှူးသင်တန်းတွေပေးပြီး တိုက်ခိုက်ရေးပညာကို အဓိက သင်ကြား ပေးနေတဲ့ တိုက်ခိုက်ရေး သင်တန်းကျောင်းဖြစ်သလို ပြည်သူလူထုကို နည်းမျိုးစုံနဲ့ နှိပ်စက်ဖို့ စစ်ကောင်စီယန္တရားအား အမိန့်ပေးကွပ်ကဲနေတဲ့ စစ်ကောင်စီ အရာရှိတွေကို ပြည်သူ့ကိုယ်စားတန်ပြန်တိုက်ခိုက်ဖို့ ရည်ရွယ်ကာ BWM နဲ့ မဟာမိတ်တွေက BWM Mission 38 ကို ဖော်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဒီပဲယင်းမြို့ထဲ ပြည်သူနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီတပ်သားတွေကို ပစ်ခတ်ရှင်းလင်း (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့ပေါ်မှာ အထိုင်ချတပ်စွဲပြီး ပြည်သူပိုင်နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့တယ်လို့ Freedom Revolution Force ထံက သိရပါတယ်။
Read More

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်ရင်း ကျဆုံးခဲ့ရတဲ့ လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော် ၂ ယောက်အတွက် အလေးပြုခြင်းအခမ်းအနားပြုလုပ် (ရုပ်/သံ)

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်ရင်း ကျဆုံးခဲ့ရတဲ့ အာဇာနည်သူရဲကောင်း ရဲဘော် သံခြေထောက်နဲ့ ရဲဘော် ကပ္ပလီတို့ရဲ့ ကျဆုံးခြင်း ၁ နှစ်ပြည့်အဖြစ် ဒီဇင်ဘာ ၂၀ ရက်က လောင်းလုံးပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ မှ အလံတစ်ဝက်ချလွှင့်ထူခြင်းနဲ့ အလေးပြုခြင်းအခမ်းအနားပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ခမရ ၅၉၈ ကို စစ်ကူပေးနေသည့် စစ်ကော်မရှင်တပ်သားများ ခိုအောင်းရာနေရာကို လက်နက်ကြီး ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ် ခမရ ၅၉၈ တပ်ရင်းသို့ စစ်ကူပေးနေတဲ့ စစ်ကော်မရှင်တပ်သားတွေ ခို အောင်းရာနေရာကို လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးခရိုင်ပကဖ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

တောင်သာမြို့နယ် ရုံးစည်ကြီးကျေးရွာတွင် တပ်စွဲထားသည့် စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၆ ဦး သေပြီး PDF ၁ ဦး ကျဆုံး (ရုပ်/သံ)

မန္တလေးတိုင်း၊ တောင်သာမြို့နယ် ရုံးစည်ကြီးကျေးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ယောက် သေဆုံးပြီး PDF ရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - စဉ့်ကိုင်မြို့နယ်က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပေါက်မြို့နယ် ကပစ (၂၄) နဲ့ ပျူစခန်းတွေကို ၅ ရက်ဆက် ဒရုန်းနဲ့ ဗုံးသီး ၁၅၀ ခန့် ကြဲချတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ အမှတ် ၂၄ ကာကွယ်ရေးပစ္စည်း ထုတ်ရေးစက်ရုံ (ကပစ-၂၄) နဲ့ ပျူစခန်းတွေကို ဇန်နဝါရီ ၈ ရက်ကနေ ဇန်နဝါရီ ၁၂ ရက်အထိ ၅ ရက်ဆက် ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ပုံတောင် TIGER PDF အဖွဲ့ထံက သိရပါတယ်။
Read More

ဗန်းမော်မြို့သို့ စစ်ကူလာသည့် စစ်ကောင်စီ Mi-17 ရဟတ်ယာဉ်ကို ဒရုန်းဖြင့် ဝင်တိုက်ဖျက်ဆီးခဲ့ (ရုပ်/သံ)

ကချင်ပြည်နယ် ဗန်းမော်မြို့ကို စစ်ကူလာတဲ့ စစ်ကောင်စီရဲ့ Mi-17 ရဟတ်ယာဉ်ကို ဒရုန်းနဲ့ ဝင် တိုက်ပြီး ဖျက်ဆီးခဲ့တဲ့ ရုပ်သံဖိုင်တစ်ခု ဒီနေ့မှာ ထွက်ပေါ်လာပါတယ်။