ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်ကို စစ်ကူလာတဲ့ စစ်ကောင်စီရဲ့ ရဟတ်ယာဉ် ၂ စီးကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ပစ်ချခဲ့ရာ ၁ စီး ပျက်ကျသွားပြီးနောက် ၁ စီးလည်း ထိမှန်သွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။

ဒီနေ့ မေလ ၂၀ ရက်၊ နေ့လယ် ၁ နာရီ ဝန်းကျင်အချိန်မှာ ဗန်းမော်မြို့၊ အမှတ် (၂၁) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ -၂၁) ကို စစ်ကူလာရောက်ပို့ဆောင်တဲ့ Mi 17 ရဟတ်ယာဉ် ၂ စင်းကို KIA ကနေ ပစ်ချခဲ့တာပါ။

“ရဟတ်ယာဉ် ၂စီးမှာ ၂စီးလုံးကို ပစ်တာပါ။ ၁စီးကတော့ မီးခိုးလုံး အမဲကြီးတွေနဲ့ တက်ပြီးတော့ ချောင်းစပ်တစ်နေရာကို ကျသွားတယ်ဆိုတာ သေချာတယ်။ ဒါပေမယ့် နေရာကို အတိအကျ မသိရသေးပါဘူး။ နောက် ၁စီးကလည်း ရွှေကူကို အရေးပေါ် ဆင်းသက်လိုက်ရပါတယ်” လို့ CDM ဗိုလ်ကြီးဇင်ယော်က မောင်းကို ပြောပါတယ်။

အဲဒီရဟတ်ယာဉ် ၂ စင်းဟာ မြစ်ကြီးနား လေတပ် (နမ်ပေါင် စခန်းဌာနချုပ်) ကနေ တက်လာတယ်လို့ ယူဆရပြီး အခုဖြစ်စဉ်မှာ KIA ရဲ့ ပစ်ချက်ကြောင့် ရဟတ်ယာဉ် ၂ စီးလုံး ထိမှန်ပြီး ၁ စီးသာ ပျက်ကျသွားခဲ့တာလို့ ဆိုပါတယ်။

ဗန်းမော်မြို့ကို KIA ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့ကတည်းက မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေခဲ့တာဖြစ်ပြီး လက်ရှိမှာ စစ်ကောင်စီတပ်တွေရဲ့ ရိက္ခာပို့လမ်းကြောင်း၊ စစ်ကူလမ်းကြောင်းတွေကို ပိတ်ဆို့ထားတာကြောင့် ရဟတ်ယာဉ်တွေကို စစ်ကောင်စီက အသုံးပြုနေရတာ ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရွှေဘိုမြို့နယ်တွင် ဒေသခံပြည်သူများ သွားလာနေသည့် စစ်ရှောင်လမ်းကို ရွှေဘို ပကဖ ပြုပြင်ပေး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်း ဒေသခံပြည်သူတွေ သွားလာနေတဲ့ ၁ မိုင်ကျော် အရှည်ရှိ အရေးပေါ်စစ်ရှောင်လမ်းကို ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ပြုပြင်ပေးခဲ့တယ်လို့ ပကဖ အသံက ဒီနေ့မှာ သတင်းဖော်ပြထားပါတယ်။
Read More

အထူးစစ်ဆင်​ရေးတပ်ဖွဲ့ SOF ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်ပြည့်အမှတ်တရ ပိုက်ကျော်ခြင်းပြိုင်ပွဲ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ လက်ရုံးအထူးတပ်ဖွဲ့ဖြစ်တဲ့ P29999 - အထူးစစ်ဆင်​ရေးတပ်ဖွဲ့ SOF ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်ပြည့်အခမ်းအနားအမှတ်တရအဖြစ် တပ်ဖွဲ့ရုံး၊ စစ်ကြောင်းရုံး၊ တပ်ခွဲတွေကနေ ကိုယ်စားပြု အသင်းလိုက် စုဖွဲ့ကာ ပိုက်ကျော်ခြင်းလုံးခတ်ပြိုင်ပွဲ ကျင်းပခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပွင့်ဖြူမှာ မိုင်းခွဲခံရတဲ့ အုပ်ချုပ်ရေးမှူးအိမ်ရှေ့ ထွက်လာတဲ့ စစ်အုပ်စုတွေ ထပ်မံမိုင်းခွဲခံရ

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအိမ်ရှေ့နဲ့ ရဲစခန်းက ထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို အဝေးထိန်းမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ရာ စခန်းမှူးအပါအဝင် ၅ယောက်ခန့် ထိခိုက်ဒဏ်ရာပြင်းထန်နေကြောင်း မင်းဘူးခရိုင်တပ်ရင်း-၄ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

အကြမ်းဖက် တောင်းဆိုတိုင်း တပ်မတော်က လိုက်လျောခဲ့တဲ့ အစဉ်အလာ မရှိ၊ စစ်ပွဲများ ဆက်လက်ဆင်နွှဲသွားမည်ဟု မင်းအောင်လှိုင် ပြော

တိုင်းပြည်အာဏာကို ထိပါးနေတာကြောင့် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ PDF တွေကို ဆက်လက်တိုက်ခိုက်သွားမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။
Read More

မြိုင်မြို့ပေါ်အထိတက်မည့် စစ်တပ်စစ်ကြောင်းကို ပိတ်ဆို့တိုက်ခိုက်၊ စစ်သားအလောင်း ၈ လောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ မြိုင်မြို့ပေါ်အထိတက်မယ့် အကြမ်းဖက်စစ်ကြောင်းကို ပြန်လည်ဆုတ်ခွာသွားအောင် ခုခံတိုက်ခိုက်ရင်း လက်နက်ခဲယမ်းတွေနဲ့ အကြမ်းဖက်စစ်သားအလောင်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ အညာမြေတပ်ပေါင်းစု တာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းကို ပြောပါတယ်။
Read More

အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF ကို ပြည်သူတွေ အနွေးအင်္ကျီတွေအပါ အဝတ်အထည်တွေ လှူဒါန်းထောက်ပံ့ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF ကို တော်လှန်ပြည်သူတွေက အနွေးအင်္ကျီအပါအဝင် အဝတ်အထည်တွေ ထောက်ပံ့လှူဒါန်းခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။