မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်းရှိ တော်လှန်ရေးတပ်တွေရဲ့ စိုးမိုးနယ်မြေတွေကို အကြမ်းဖက် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ် သားတွေ အထိနာလျက်ရှိတယ်လို့ Bamar Army က သတင်းထုတ်ပြန်ထားပါတယ်။

မေလ ၁၂ ရက်က စလင်းမြို့နယ် အောက်လှိုင်းကျေးရွာနဲ့ ပိန္နဲပင်ကျေးရွာကို စစ်ကြောင်းထိုးဝင် ရောက်လာတဲ့ အင်အား ၁၅၀ ခန့်ရှိ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ဟာ ထိခိုက်ကျဆုံးများခဲ့ပြီး စစ်အင်အားထပ်မံဖြည့်တင်းကာ တော်လှန်ရေးအင်အားစုတွေ စိုးမိုးထားတဲ့ ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်ပြီး ပြည်သူပိုင်နေအိမ်တွေကို ဖျက်ဆီး၊ ပစ္စည်းတွေခိုးယူ၊ အိမ်မွေးတိရစ္ဆာန်တွေကို ဖမ်းယူစားသောက်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း ဗမာ့တပ်တော် အမှတ်(၈၀၈)တပ်ရင်း၊ ပေါက်တောင်ပိုင်း ကျန်းမာရေးနှင့် သူနာပြုတပ်ဖွဲ့၊ မင်းဘူးခရိုင် အမှတ်(၁) တပ်ရင်း၊ မင်းဘူးခရိုင် အမှတ်(၅) တပ်ရင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(စလင်း)၊ ဒေါင်းစစ်အောင် LPDF၊ ဒေါင်းညီနောင် မြို့ပြပြောက်ကျားတပ်ဖွဲ့၊ SLN LPDF နဲ့ မင်းဘူးခရိုင် လက်ရုံးတပ်ဖွဲ့တို့ ပူးပေါင်းပါဝင်ခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီစစ်ကြောင်းဟာ ဧပြီ ၅ ရက်ကတည်းက တညောင်တိုက်နယ်ကနေ စလင်းမြို့နယ်အတွင်း ဝင် ရောက်စစ်ရေးလှုပ်ရှားနေတာဖြစ်ပြီး တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲ ၆ ကြိမ်ခန့်ဖြစ်ပွားကာ အထိအခိုက်ကျဆုံးများခဲ့တဲ့ စစ်ကြောင်းဖြစ်တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်အနေနဲ့ စလင်းမြို့နယ်အတွင်း မြေပြင်စစ်ကြောင်းတွေအပြင် လေ ကြောင်းတိုက်ခိုက်မှုတွေပါ လုပ်ဆောင်နေတဲ့အတွက် ပြည်သူတွေအနေနဲ့ စစ်ရေးသတိရှိကြဖို့နဲ့ ဗုံးခိုကျင်းတွေ တူးထားကြဖို့ ဗမာ့တပ်တော်က တိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

ထားဝယ်တွင် တိုက်ပွဲဖြစ်ကာ စစ်ကားတစ်စီး ပျက်စီးပြီး စစ်သား ၂၀ ဦးထက်မနည်း သေ၊ တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံးကာ ၃ ဦး ဒဏ်ရာရ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ သင်္ကန်းတုန်းကျေးရွာမှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်တွေ ၁၂ နာရီကြာ ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒူကရစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

လက်နက်ချ စစ်သုံ့ပန်းတွေကို စစ်ကောင်စီရဲ့ လေကြောင်းပစ်ခတ်မှုကြားက ကယ်ထုတ်ခဲ့ (ရုပ်/သံ)

KNU တပ်မဟာ (၁) နယ်မြေမှာရှိတဲ့ မဲပလီဗျူဟာစခန်းကို တိုက်ခိုက်သိမ်းပိုက်စဉ် စစ်ကောင်စီတပ်ရဲ့ လေကြောင်းပစ်ခတ်မှုတွေကြားမှာ လက်နက်ချအညံ့ခံခဲ့တဲ့ စစ်သုံ့ပန်းတွေကို ကယ် ထုတ်နေတဲ့ ရုပ်သံဖိုင်ကို အမှတ် ၂၇ စစ်ဗျူဟာ၊ အမှတ် ၂ စစ်ဒေသခွဲက ဒီနေ့ ဖေဖော်ဝါရီ ၆ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

လွတ်လပ်ရေးနေ့မှာ တောင်ငူလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀ လုံးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ပဲခူးတိုင်း တောင်ငူမြို့ရှိ ကေတုမတီလေတပ်စခန်းကို လွတ်လပ်ရေးနေ့ ဇန်နဝါရီ ၄ ရက် ယနေ့နံနက်ပိုင်းမှာ ၁၀၇ မမ ရှော့တိုက်ဒုံး ၁၂ လုံးနဲ့ ပစ်ခတ်ဖို့ ပြင်ဆင်ခဲ့ရာ ၁၀ လုံးကို အောင် မြင်စွာ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ Brave Warriors for Myanmar-BWM အဖွဲ့ထံက သိရပါတယ်။
Read More

ကန်နီပျူစခန်းသို့ ရိက္ခာပို့တဲ့ စစ်ယာဉ်တန်းနဲ့ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၁၀ ယောက် သေ (ရုပ်/သံ)

မကွေးတိုင်း မြိုင်မြို့ကနေ ကန်နီပျူစခန်းကို ရိက္ခာပို့ဖို့လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းနဲ့ စစ်ကြောင်းကို ဇန်နဝါရီ ၁၃ ရက်နဲ့ ၁၄ ရက် ၂ ရက်ဆက် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ယောက် သေပြီး အများအပြားထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Myaing Supporting Battalion အဖွဲ့ထံက သိရပါတယ်။
Read More

စဉ့်ကူးမြို့နယ်တောင်ပိုင်းတိုက်ပွဲမှာ ပုသိမ်ကြီးမြို့နယ် ပကဖရဲဘော် ၁ ဦးကျဆုံး (ရုပ်/သံ)

မန္တလေးတိုင်း စဉ့်ကူးမြို့နယ် တောင်ပိုင်းမှာ ဒီဇင်ဘာလ ၂ ရက်နေ့က အကြမ်းဖက်စစ်တပ်ကို ခုခံတော်လှန်ရေး ပုသိမ်ကြီးမြို့နယ် ပကဖရဲဘော် ၁ ဦးကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။ ''ရန်သူ အကြမ်းဖက် စစ်တပ်ကို အပြုံးနဲ့ ရင်ဆိုင် ၊ တော်လှန်ရေး အတွက် အသက် ပေးလှူ သွားတဲ့ ညီလေးရေ .. မင်း တာဝန် ကျေပါတယ်ကွာ''ဟု ကျဆုံးရဲဘော်ရဲ့ နာရေးစျာပနရုပ်သံတကွ ပုသိမ်ကြီးမြို့နယ် ပကဖ ထုတ်ပြန်ခဲ့ပါတယ်။