အကြမ်းဖက်စစ်ကောင်စီတပ်၊ ခမရ (၄၃၁) မှ တပ်သားတစ်ဦးဟာ လက်နက်ခဲယမ်းတွေ ယူဆောင်လာပြီး မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း(၃) ထံကို အလင်းဝင်ရောက် လာတယ်လို့ တနင်္သာရီတိုင်းစစ်ဌာန-ပြန်ကြားရေးက ဒီကနေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

စစ်ကောင်စီ၊ စစ်မှုထမ်းအပတ်စဥ်- ၈ သင်တန်းဆင်း တပ်သား ချစ်ကို ဟာ MA-1 အမျိုးအစား မောင်းပြန် (၁) လက်၊ ကျည် (၁၄၇) တောင့်၊ ကျည်ဘောက် (၃) ခုနဲ့ အတူ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို ဆက်သွယ်ပြီး အလင်းဝင်ရောက်လာခဲ့တယ်လို့ ဆိုတာပါ။

မေ ၁၅ ရက်မှာ အလင်းဝင်ရောက်လာခဲ့တဲ့ တပ်သားချစ်ကို ကို မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း (၃)ရဲ့ တပ်ရင်းမှူး အယ်ကြီးမှ ကြိုဆိုလက်ခံခဲ့ပြီး၊ လက်နက်ခဲယမ်းတွေကို လွဲပြောင်းလက်ခံရယူခဲ့ကာ ကောင်းမွန်စွာ စောင့်ရှောက်ထားတယ်လို့လည်း သိရပါတယ်။

တနင်္သာရီတိုင်းစစ်ဌာနကွပ်ကဲမှုအောက်ရှိ ဗျူဟာ(၃၅) နယ်မြေ၊ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ တပ်ရင်း (၃) ထံကို လက်နက်နဲ့အလင်းဝင်လာတဲ့ တပ်သား ချစ်ကို ကို ချီးမြှင့်ငွေ ပေးအပ်နိုင်ဖို့ကိုလည်း ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

တနင်္သာရီတိုင်းစစ်ဌာနအောက်ရှိ တပ်ရင်းတပ်ဖွဲ့တွေထံကို ဧပြီလနဲ့ မေလအတွင်း အလင်းဝင်ရောက်လာခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်သား (၁၄)ဦးထိ ရှိခဲ့တယ်လို့ သိရပါတယ်။

လက်နက်နဲ့အတူ အလင်းဝင်ရောက်လာသူတွေကို ဂုဏ်ပြုချီးမြှင့်ငွေတွေ ပေးအပ်ခဲ့ပြီး၊ စစ်ကောင်စီတပ်သားတွေအနေနဲ့ အချိန်မရွေး ပြည်သူနဲ့အတူ လာရောက်ပူးပေါင်းကြဖို့ကိုလည်း တော်လှန်ရေးတပ်ရင်းတွေက ဖိတ်ခေါ်ထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

0 Shares:
You May Also Like
Read More

အရပ်သားများအား ဖမ်းလာသည့် စစ်တပ်ထောက်ပို့စစ်ကြောင်းကို ပိတ်ဆို့တိုက်ခိုက်ပြီး ဓားစာခံများကို ကယ်ထုတ်နိုင်ခဲ့၊ စစ်ကောင်စီဘက်မှ ၃ ဦး သေ၊ ၁ ဦး အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများ PDF သိမ်းဆည်းရရှိ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှာ အရပ်သားတွေကို လူသားဒိုင်းလုပ် ဖမ်းဆီးလာတဲ့ အကြမ်းဖက်ထောက်ပို့စစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်ရင်း ဓားစာခံတွေကို ကယ်ထုတ်နိုင်ခဲ့သလို စစ်ကောင်စီတပ်သား ၁ယောက်ကိုလည်း လက်ရဖမ်းဆီးနိုင်ခဲ့တယ်လို့ Scorpions People Defense Force တာဝန်ရှိသူ ရဲဘော်ပေါ့ဘာက မောင်းကို ပြောပါတယ်။
Read More

ငလျင်ဒဏ်ကြောင့် ပြည်သူများ ဒုက္ခဝေနေချိန် နိုင်ငံတစ်ဝန်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

စစ်ကိုင်းမြို့နယ်ကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ​အင်အားပြင်း ၇.၇ ရစ်ချက်တာစကေး ငလျင်ဒဏ်ကြောင့် ပြည်သူတွေ ဒုက္ခပင်လယ်ဝေနေချိန်မှာ အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှုတွေ အဆက်မပြတ် ပြုလုပ်နေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ခလရ ၂၆၉ မှ စစ်သား ၂ ဦး PDF Zoland ထံ လက်နက်နှင့် အလင်းဝင်

ချင်းပြည်နယ်၊ တီးတိန်မြို့မှာ တာဝန်ကျနေတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်သား ၂ ယောက် လက်နက်နဲ့တကွ အလင်းဝင်လာကြောင်း PDF Zoland က ထုတ်ပြန်ပါတယ်။
Read More

ပဲခူးအနောက်ခြမ်းမှ ပညာရေးဝန်ထမ်းများ မဲရုံမှူး သင်တန်းအတွက် နေပြည်တော် သွားရမည်ဟု ဆို

ပဲခူးတိုင်းအနောက်ခြမ်း မြို့နယ်တွေက ပညာရေးဝန်ထမ်းတွေကို စစ်ကောင်စီက တရားမဝင် ရွေးကောက်ပွဲအတွက် မဲရုံမှူးသင်တန်းပေးဖို့ နေပြည်တော်ကို စတင်ပို့ဆောင်နေပြီ ဖြစ်တယ်လို့ ဒေသခံ ပညာရေးဝန်ထမ်းတွေထံက သိရပါတယ်။
Read More

ကျိုက်ဒုံနဲ့ နို့တကောမှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး (၁) ယောက် ထိမှန်သေဆုံး

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျိုက်ဒုံမြို့နဲ့ နို့တကောမြို့နယ်တွေမှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းပစ်ခတ် တိုက်ခိုက်မှုကြောင့် အရပ်သူ အမျိုးသမီး (၁) ယောက် ထိမှန်သေဆုံးပြီး အဆောက်အဦးတချို့ ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီက ငွေစက္ကူကျပ် ၃၁ ထရီလီယံအထိ အလွန်အကျွံ ရိုက်ထုတ်ပြီး တိုင်းပြည်စီးပွားရေးကို ဖျက်ဆီးနေ

စစ်ကောင်စီက ကျပ်ငွေ ၃၁ ထရီလီယံအထိ  ငွေစက္ကူ အလွန်အကျွံ ရိုက်ထုတ်ကာ တိုင်းပြည်ရဲ့ စီးပွားရေးတစ်ခုလုံးကို ဖျက်ဆီးနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြောကြားလိုက်ပါတယ်။