တအာင်းတပ်မတော် TNLA ထိန်းချုပ်ရာ နောင်ချိုမြို့နယ်အတွင်းက ရှဲဆန်သတ္တုကုမ္ပဏီကို ဟန်ပြအပစ်ရပ်ကြေညာထားတဲ့ အကြမ်းဖက် စစ်ကောင်စီက တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ ပေါင် ၅၀၀ ဗုံး ၂ လုံး လာရောက်ကြဲချခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကို စစ်ကောင်စီက မေလ ၁၁ ရက် နေ့လယ်ပိုင်းမှာ လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဗုံးပေါက်ကွဲမှုကြောင့် သတ္တုကုမ္ပဏီမှာ အသုံးပြုနေတဲ့ ဘတ်ဖိုး ၁စီး၊ သတ္တုထုတ်စက် ၁လုံး၊ စက်ပစ္စည်းတွေထားရှိရာ ဂိုဒေါင် ၁လုံးနဲ့ အခြားပစ္စည်းတွေ ထိမှန်ပျက်စီးကာ တရုတ်ငွေ ၁၆၈၀၀၀၀ ယွမ်ဖိုး ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မေလ ၁၈ ရက် ညနေပိုင်းမှာလည်း စစ်ကောင်စီက နောင်ချိုမြို့နယ် ဒိုးပင်ကျေးရွာအုပ်စု၊ ရတနာသိင်္ဂီကျေးရွာအနီးကို တိုက်ပွဲမရှိဘဲ ဂျက်ဖိုက်တာနဲ့ ပေါင် ၂၅၀ ဗုံး ၆လုံး ကြဲချခဲ့သေးတယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ မေလကုန်အထိ အစ်ရပ်ကြောင်း ကြေညာထားပေမယ့် TNLA ထိန်းချုပ်ရာ ဒေသတွေကို လက်နက်ကြီး ပစ်ခတ်မှုနဲ့ မြေပြင်ထိုးစစ်တွေ၊ ဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာကြောင့် ပြည်သူတွေ စစ်ရေးသတိ အမြဲရှိကြဖို့ TNLA က တိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေးအတွင်း အကြမ်းဖက်စစ်ကောင်စီ စစ်သုံ့ပန်း(၂၂)ဦး နှင့် လက်နက်အများအပြားသိမ်းဆည်းရရှိ…

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်း စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေးမှာ အကြမ်းဖက်စစ်ကောင်စီတပ်က စစ်သား ၇ ယောက်ထက်မနည်း သေဆုံးပြီး စစ်သုံ့ပန်း ၂၂ ယောက်နဲ့ လက်နက်အများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ SPRING WARRIORS COLUMN က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လောင်းလုံးမြို့နယ်တွင် စစ်သား ၄ ဦး အလင်းဝင်

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက အကြမ်းဖက်စစ်တပ်က စစ်သား ၄ ယောက် အလင်းဝင်လာခဲ့တယ်လို့ လောင်းလုံးသံမဏိလိပ်ပြာ - LL.S.B.F တပ်ဖွဲ့ထံက သိရပါတယ်။
Read More

အရှိုချင်းကာကွယ်ရေးတပ် – ACDF ၏ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် ( ၅ ) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

အရှိုချင်းကာကွယ်ရေးတပ် - ACDF ရဲ့ ကိုယ်ပိုင်လေ့ကျင့်ရေးသင်တန်းကျောင်းမှာ ပထမဆုံးအကြိမ် ပြုလုပ်တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၅) သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဝက်လက်မြို့နယ်တွင် စစ်အုပ်စု ၅ ရက်တာ လေကြောင်းတိုက်ခိုက်မှုကြောင့် ရဟန်း ၁ ပါး အပါအဝင် ဒေသခံ ၁၇ ဦး သေဆုံးခဲ့

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ ၅ ရက်တာ အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် ရဟန်း ၁ ပါး အပါအဝင် ဒေသခံ ၁၇ ယောက် သေဆုံးပြီး ၂၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ Wetlet Informational Network ထံက သိရပါတယ်။
Read More

စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲမှာ မပါဝင်ဖို့ ကျေးရွာများကို လှည့်လည်ပြီး မင်းဘူးခရိုင် ပကဖ တာဝန်ခံ ဟောပြောဆွေးနွေး…

မကွေးတိုင်း၊ မင်းဘူးခရိုင်အတွင်းရှိ ကျေးရွာတွေကို မင်းဘူးခရိုင် ပကဖ သတင်းပြန်ကြားရေး တာဝန်ခံ နဲ့ တပ်ဖွဲ့ဝင်တွေ သွားရောက်ပြီး ပြည်သူတွေနဲ့ တွေ့ဆုံကာ အကြမ်းဖက်စစ်တပ် လုပ်ဆောင်မယ့် အတုအယောင် ရွေးကောက်ပွဲမှာ မပါဝင်ဖို့ ဟောပြောဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
Read More

မင်းအောင်လှိုင် ဦးဆောင်သည့် စစ်ကောင်စီအဖွဲ့ဝင် ၃၃ ဦးကို အကြမ်းဖက်သမားများအဖြစ် ကြေညာကာ ဖမ်းမိနိုင်ရေး ကြိုးပမ်းမည်ဟု NUG ထုတ်ပြန်

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့က ပြည်သူတွေ စစ်ကောင်စီလို့ ခေါ်ကြတဲ့ အကြမ်းဖက်စစ်အုပ်စုဖြစ်တဲ့ “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ” အဖွဲ့ဝင်တွေကို အကြမ်းဖက်သမားတွေအဖြစ် ဒီဇင်ဘာ ၂၁ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။