မန္တလေးတိုင်း၊ သပိတ်ကျင်းနဲ့ တောင်သာမြို့နယ်တို့မှာ စစ်ကောင်စီက နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့အတွက် ဗုံးခိုကျင်းတွေ အသုံးပြုကြဖို့ ဒေသတော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။

သပိတ်ကျင်းမြို့နယ်၊ လိပ်ကျရွာကိုလည်း စစ်ကောင်စီက ၂ရက်ဆက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့သိရပြီး အရပ်သား၁ယောက် သေဆုံးကာ ၄ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

မေလ ၁၈ရက် ညပိုင်းမှာ သပိတ်ကျင်းမြို့နယ်၊ လိပ်ကျကျေးရွာကို စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာက ပေါင် ၃၀၀ဗုံး ၁လုံး စတင်ကြဲချတိုက်ခိုက်ခဲ့ပြီး အရပ်သား နေအိမ် ၄လုံး ပျက်စီးကာ အမျိုးသား၂ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

ဒါ့အပြင် မေလ ၁၉ရက်နေ့ မနက်ပိုင်းမှာလည်း အထက်ပါ လိပ်ကျရွာ၊ ရွှေလုပ်ကွက်တစ်နေရာကို မိတ္ထီလာ ရှမ်းတဲလေဆိပ်တက် ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်မှု ၂ကြိမ်လုပ်ဆောင်ခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပကဖ က ပြောပါတယ်။

အဆိုပါ တိုက်ခိုက်မှုမှာတော့ အမျိုးသား ၁ယောက် သေဆုံးပြီး ၂ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ နေအိမ် ၃လုံးနဲ့ ကား၁စီး၊ ဆိုင်ကယ်၁စီး အသီးသီးထိခိုက်ပျက်စီးခဲ့ကြောင်း သိရပါတယ်။

“၂ရက်ဆက် လုပ်သွားတာ ဟုတ်ပါတယ်။ ရွှေလုပ်ကွက်ပေါ် ဆို​​ပေမယ့် ရွှေလုပ်သားတွေ ဟုတ်မဟုတ် မသိရသေးပါဘူး။” လို့ ပြင်ဦးလွင်ခရိုင်ပကဖ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဒါ့အပြင် တောင်သာမြို့နယ် လှည်းကူးမရွာစာသ​င်ကျောင်းနဲ့ ကျွန်းရွာလေးရွာတို့ကိုလည်း စစ်ကောင်စီက မေလ ၁၇ရက်နေ့မှာ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပြီး အရပ်သား ၁ယောက် ထိခိုက်သေဆုံးကာ ၁ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ စာသင်ကျောင်း ထိခိုက်ပျက်စီးခဲ့ကြောင်း တောင်သာမြို့နယ် ပကဖ ကထုတ်ပြန်ပါတယ်။

မေလ ၁၉ရက် မနေ့က မနက်အစောပိုင်းမှာလည်း သန်းတန်းရွာ​က နေအိမ်တွေကို စစ်ကောင်စီက စက်တပ်လေထီးတွေ အသုံးပြု ဗုံးကြဲခဲ့သလို တစ်ရက်တည်းမှာပဲ မင်းတည်းရွာကိုလည်း လေကြောင်းတိုက်ခိုက်မှု ဆက်လက်လုပ်ဆောင်ခဲ့ရာမှာ အရပ်သား ၁ယောက် ထိခိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

 

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့သည့် သပိတ်ကျင်းမြို့နယ်၊ လိပ်ကျရွာ မြင်ကွင်း (ဓာတ်ပုံ လူမှုကွန်ရက်)

0 Shares:
You May Also Like
Read More

တိုင်းရင်းသားလက်နက်ကိုင်များ ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုပဲ တောင်းဆိုဖို့ မင်းအောင်လှိုင် ပြော

တိုင်းရင်းသားလက်နက်ကိုင်တပ်‌ဖွဲ့ EAOs တွေအနေနဲ့ ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုပဲ တောင်းဆိုသင့်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။
Read More

မင်းတပ်မြို့ပေါ်ကို စစ်ကောင်စီ ဗုံးသီးအလုံးရေ ၇၀ နီးပါး ကြဲချတိုက်ခိုက်

ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်ကို စစ်ကောင်စီတပ်က အောက်တိုဘာ ၂၆ ရက်နေ့မှာ ဗုံးသီးအလုံးရေ ၇ဝ လောက် ကြဲချပြီး တိုက်ခိုက်သွားတယ်လို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

ရန်ကုန်တိုင်းစစ်ဌာနက ပြုလုပ်တဲ့ အပတ်စဉ် (၂/၂၀၂၄) ရဲ့ အခြေခံပညာစစ်သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရန်ကုန်တိုင်းစစ်ဌာနက ပြုလုပ်တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၂/၂၀၂၄) သင်တန်းဆင်းပွဲကို ရှေ့တန်းတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ရန်ကုန်တိုင်းစစ်ဌာနက ထုတ်ပြန်ထားပါတယ်။
Read More

ရေဦးမှာ စစ်ကောင်စီက စစ်ကြောင်း ၂ ကြောင်း အပြိုင်ထိုးကာ ကျေးရွာတွေကို မီးရှို့နေ၊ ပြည်သူ ၇၀၀၀ နီးပါး ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် မြောက်ဘက်ခြမ်းက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက စစ်ကြောင်း ၂ကြောင်း အပြိုင်ထိုးကာ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်နေတယ်လို့  ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

ဖြူး ခလရ ၅ မှ တပ်သားတစ်ဦး တော်လှန်ရေးတပ်ဖွဲ့ထံ လက်နက်နဲ့တကွ အလင်းဝင်ရောက်လာ

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ညောင်ပင်သာ ဘေးမှာရှိတဲ့ ခြေလျင်တပ်ရင်း ၅ (ခလရ ၅) မှ တပ်သားတဦးဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ လက်နက်နဲ့တကွ အလင်းဝင်ရောက်လာတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ၊ အမှတ် (၂) စစ်ဒေသ တောင်ပိုင်းတိုင်း၊ ၃၅၀၃ တပ်ရင်းထံမှ သိရပါတယ်။ အလင်းဝင်ရောက်လာသူမှာ အသက် ၃၃ နှစ်အရွယ်ဖြစ်ပြီး မန္တလေးတိုင်းထဲကနေ ပြည်သူ့စစ်မှုထမ်းတပ်အဖြစ် စစ်တပ်ထဲကို ရောက်လာသူ ဖြစ်တယ်လို့ သိရပါတယ်။
Read More

Chinland Defense Force, Kalay-Kabaw-Gangaw (CDF – KKG) ရဲ့ ခရစ်စမတ်ပွဲတော် (ဓာတ်ပုံသတင်း)

Chinland Defense Force, Kalay-Kabaw-Gangaw (CDF - KKG) အနေနဲ့ ခရစ်စမတ်ပွဲကို ဩစတြေးလျက အလှူရှင် ( ၂ ) ယောက် ပါဝင် လှူဒါန်း ပြုလုပ်ပေးခဲ့မှုနဲ့အတူ တပ်ဖွဲ့အတွင်း မနေ့က ပြုလုပ်ခဲ့တယ်လို့ ဒီနေ့မှာ CDF-KKG က မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။