အိန္ဒိယ-မြန်မာနယ်စပ်ရှိ တမူးမြို့နယ်အနီး မြို့နယ်ပကဖ ၁၀ ယောက် ကျဆုံးခဲ့တဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အိန္ဒိယအစိုးရနဲ့ အမှုမှန်ပေါ်ပေါက်ရေး ညှိနှိုင်းဆောင်ရွက်နေတယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

NUG နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ ကနဦးသတင်းထုတ်ပြန်ချက်ဆိုပြီး အိန္ဒိယအစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

“အိန္ဒိယ – မြန်မာ နယ်စပ် တမူးမြို့ အနီး ပကဖ အဖွဲ့ဝင် (၁၀) ဦး ကျဆုံး ခဲ့ရ သည့်ကိစ္စ နှင့်ပက်သက်၍ 

အမျိုးသားညီညွတ်ရေး အစိုးရ တာဝန်ရှိသူများ အနေဖြင့် လက်ခံရရှိသည့် သတင်းပေးပို့ တိုင်ကြားချက်များ အပြင် ကနဦး မြေပြင်အခြေအနေ ကြားနာ စစ်ဆေးမှု အစီရင်ခံစာ တွေ့ ရှိချက်များ အရ အိန္ဒိယ အစိုးရ တာဝန်ရှိသူများ နှင့် တွေ့ဆုံ ၍ အမှုမှန်ပေါ်ပေါက်စေရေး ညှိနှိုင်းဆောင်ရွက်လျှက်ရှိကြောင်း ကနဦး သတင်းထုတ်ပြန်အပ်ပါသည်။” လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၄ ရက်က အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်မှာ လက်နက်ကိုင် အဖွဲ့တစ်ခုနဲ့ အိန္ဒိယစစ်တပ်အကြား ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အိန္ဒိယစစ်တပ်က လက်နက်အများအပြား သိမ်းဆည်းရရှိခဲ့ပြီး လက်နက်ကိုင်အဖွဲ့ဝင် ၁၀ ဦးသေဆုံးခဲ့တယ်လို့ အိန္ဒိယသတင်းဌာနတွေနဲ့ အိန္ဒိယစစ်တပ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဆိုပါပစ်ခတ်တိုက်ခိုက်မှုအတွင်း အိန္ဒိယစစ်တပ်က သေနတ် ၁၂ လက်၊ RPG ၁ လက်နဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ကျောင်းသားကျောင်းသူများအပါ ၂၂ ဦး သေဆုံးခဲ့သည့် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု ဖြစ်စဥ်ကို ကုလတွင် တင်ပြ… စစ်အုပ်စုကို ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့မှုများက ကလေးငယ်များအပါ လူအများအပြားကို သတ်ဖြတ်နိုင်စေရန် ကူညီပေးရာ ရောက်နေဟု ဆို…

အကြမ်းဖက်စစ်အုပ်စုကို အချို့နိုင်ငံတွေက ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့ပေးနေတာဟာ ကလေးငယ်တွေအပါအဝင် လူအများအပြားကို စစ်အုပ်စု သတ်ဖြတ်နိုင်အောင် ကူညီပေးရာ ရောက်နေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။
Read More

ပေါက်ကြားသွားသည့် ဖုန်းပြောဆိုမှုကြောင့် ထိုင်းဝန်ကြီးချုပ်အား ရာထူးမှ နုတ်ထွက်ရန် ဆန္ဒပြ

ထိုင်း-ကမ္ဘောဒီးယား နယ်စပ် ပဋိပက္ခအရေးနဲ့ ပတ်သက်လို့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နဲ့ လျှို့ဝှက်ဖုန်းပြောဆိုခဲ့တဲ့ အသံမှတ်တမ်း ပေါက်ကြားလာပြီးနောက် ထိုင်းဝန်ကြီးချုပ် ပေထုန်တန်ရှင်နာဝပ်ကို ရာထူးကနေ နုတ်ထွက်ပေးဖို့ ဆန္ဒပြနေတယ်လို့ ထိုင်းသတင်းဌာနတွေက သတင်းဖော်ပြထားပါတယ်။
Read More

စစ်ဘေးသင့် မြန်မာပြည်သူများကို မမေ့ရန်နှင့် အကူအညီများ ပေးကြရန် ပုပ်ရဟန်းမင်းကြီး လီယို တိုက်တွန်း

ပုပ်ရဟန်းမင်းကြီး လီယိုက စစ်ဘေးဒုက္ခတွေ ကြုံတွေ့နေရတဲ့ မြန်မာပြည်သူတွေကို ကမ္ဘာက သတိပြုမိစေဖို့အတွက် တိုက်တွန်းစကား ထပ်မံပြောကြားလိုက်ပါတယ်။
Read More

အမေရိကန်ဖွား ကာဒီနယ် ရောဘတ် ဖရန်စစ် ပရက်ဗော့စ်ကို ပုပ်ရဟန်းမင်းသစ်အဖြစ် ကြေညာ

ရိုမန်ကတ်သလစ်ကျောင်းတော်ရဲ့ ၂၆၇ ယောက်မြောက် ပုပ်ရဟန်းမင်းကြီးအဖြစ် အသက် ၆၉ နှစ်အရွယ် အမေရိကန်ဖွား ကာဒီနယ် ရောဘတ်ဖရန်စစ်ပရက်ဗို့စ်ကို ပုပ်ရဟန်းမင်းသစ်အဖြစ် ဗာတီကန်မှာ ကြေညာလိုက်ပြီဖြစ်ပါတယ်။
Read More

စစ်တပ်၏ ရွေးကောက်ပွဲကို အသိအမှတ်မပြုရန်နှင့် စောင့်ကြည့်ရေးကိုယ်စားလှယ်များ မစေလွှတ်ရန် အရပ်ဘက်အဖွဲ့အစည်း ၁၀၀ ကျော်က အိန္ဒိယအစိုးရနှင့်လွှတ်တော်ဆီ အိတ်ဖွင့်ပေးစာ ပေးပို့

“စစ်အုပ်စု၏ နိုင်ငံရေးထွက်ပေါက်ဖြစ်သော အတုအယောင်ရွေးကောက်ပွဲကို ထောက်ခံမည့်အစား မြန်မာနိုင်ငံတွင် စစ်မှန်သော နိုင်ငံရေးတည်ငြိမ်မှုနှင့် ဒီမိုကရေစီ ပြန်လည်ရရှိရေးအတွက် လက်တွေ့ကျပြီး အထောက်အကူဖြစ်စေမည့် အကူအညီများကိုသာ ပံ့ပိုးပေးပါရန် အလေးအနက် မေတ္တာရပ်ခံတောင်းဆိုအပ်ပါသည်” လို့ အိတ်ဖွင့် ပေးစာမှာ ရေးသားထားခဲ့တာဖြစ်ပါတယ်။
Read More

အာဆီယံ AHA Centre က ငလျင်အတွက်အကူအညီများပေးအပ်

မြန်မာနိုင်ငံက အင်အားပြင်းငလျင်​ဘေးအတွက် အာဆီယံ AHA Centre က လှူဒါန်းတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းတွေ ရန်ကုန်မြို့ကို ရောက်ရှိလာခဲ့တယ်လို့ သိရပါတယ်။