အကြမ်းဖက်စစ်ကောင်စီတပ်၊ ခမရ (၄၃၁) မှ တပ်သားတစ်ဦးဟာ လက်နက်ခဲယမ်းတွေ ယူဆောင်လာပြီး မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း(၃) ထံကို အလင်းဝင်ရောက် လာတယ်လို့ တနင်္သာရီတိုင်းစစ်ဌာန-ပြန်ကြားရေးက ဒီကနေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

စစ်ကောင်စီ၊ စစ်မှုထမ်းအပတ်စဥ်- ၈ သင်တန်းဆင်း တပ်သား ချစ်ကို ဟာ MA-1 အမျိုးအစား မောင်းပြန် (၁) လက်၊ ကျည် (၁၄၇) တောင့်၊ ကျည်ဘောက် (၃) ခုနဲ့ အတူ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို ဆက်သွယ်ပြီး အလင်းဝင်ရောက်လာခဲ့တယ်လို့ ဆိုတာပါ။

မေ ၁၅ ရက်မှာ အလင်းဝင်ရောက်လာခဲ့တဲ့ တပ်သားချစ်ကို ကို မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း (၃)ရဲ့ တပ်ရင်းမှူး အယ်ကြီးမှ ကြိုဆိုလက်ခံခဲ့ပြီး၊ လက်နက်ခဲယမ်းတွေကို လွဲပြောင်းလက်ခံရယူခဲ့ကာ ကောင်းမွန်စွာ စောင့်ရှောက်ထားတယ်လို့လည်း သိရပါတယ်။

တနင်္သာရီတိုင်းစစ်ဌာနကွပ်ကဲမှုအောက်ရှိ ဗျူဟာ(၃၅) နယ်မြေ၊ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ တပ်ရင်း (၃) ထံကို လက်နက်နဲ့အလင်းဝင်လာတဲ့ တပ်သား ချစ်ကို ကို ချီးမြှင့်ငွေ ပေးအပ်နိုင်ဖို့ကိုလည်း ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

တနင်္သာရီတိုင်းစစ်ဌာနအောက်ရှိ တပ်ရင်းတပ်ဖွဲ့တွေထံကို ဧပြီလနဲ့ မေလအတွင်း အလင်းဝင်ရောက်လာခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်သား (၁၄)ဦးထိ ရှိခဲ့တယ်လို့ သိရပါတယ်။

လက်နက်နဲ့အတူ အလင်းဝင်ရောက်လာသူတွေကို ဂုဏ်ပြုချီးမြှင့်ငွေတွေ ပေးအပ်ခဲ့ပြီး၊ စစ်ကောင်စီတပ်သားတွေအနေနဲ့ အချိန်မရွေး ပြည်သူနဲ့အတူ လာရောက်ပူးပေါင်းကြဖို့ကိုလည်း တော်လှန်ရေးတပ်ရင်းတွေက ဖိတ်ခေါ်ထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

0 Shares:
You May Also Like
Read More

ကျောက်ဖြူမြို့နယ် ပြိုင်းစေ့ကေရွာ စစ်တပ်စခန်းကို သိမ်းပိုက်ခဲ့မှုအတွင်း စစ်ကောင်စီတပ်သား ၅၀ ထက်မနည်းသေဆုံး၊ စစ်သုံ့ပန်းအများအပြား ဖမ်းမိ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ အမှတ် ၃၂ ရဲတပ်ရင်းရဲ့ အဓိက ကာကင်းစခန်းတစ်ခုကို AA က သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား အများအပြား သေဆုံးခဲ့တယ်လို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၉) သင်တန်းဆင်းပွဲ…

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ယပကတ)၊ Yaws’ People Defense Force - YPDF ရဲ့ တပ်သားသစ် အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၉) သင်တန်းဆင်းပွဲကို နိုဝင်ဘာလ (၂၆) ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကျိုက်ထိုမှာ တော်လှန်ရေးတပ်ဖွဲ့ နယ်မြေရှင်းလင်းရေးလုပ်စဉ် စစ်ကောင်စီထံက ကျည်ဆံဖာနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေရရှိ

တိုက်ပွဲဖြစ်ခဲ့တဲ့ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့အနီးမှာ တော်လှန်ရေးတပ်တွေက နယ်မြေရှင်းလင်းမှု လုပ်ဆောင်စဉ်အတွင်း စစ်ကောင်စီ ကပစ  ၂၀၂၄ ထုတ်ကျည်ဆံဖာတစ်ခုနဲ့ စစ်သုံးပစ္စည်းတချို့ တွေ့ ရှိခဲ့တယ်လို့ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁)က  အသိပေးထုတ်ပြန်ပါတယ်။
Read More

ပုသိမ်ကြီးတွင် ဒုစစ်ခေါင်းဆောင် စိုးဝင်း၏သားဖြစ်သူ ဖွင့်လှစ်ထားသော Yankon KTV Bar ဖောက်ခွဲတိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်မှာ အကြမ်းဖက် ဒုချုပ်စိုးဝင်းရဲ့သားဖြစ်သူနဲ့ အပေါင်းအပါတွေပိုင်ဆိုင်တဲ့ Yankon (KTV Bar) ကို ပါဆယ်ဗုံးနဲ့ သတိပေးဖောက်ခွဲခဲ့ကြောင်း ပုသိမ်ကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ချင်းညီနောင်စစ်ဆင်ရေး တစ်နှစ်တာအတွင်း အောင်မြင်မှုတွေနဲ့အတူ တပ်ဖွဲ့ဝင်ရဲဘော် ၁၀၀ ခန့် ကျဆုံးခဲ့

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့ကနေ စတင်ခဲ့တဲ့ ချင်းညီနောင်ရဲ့ မြို့သိမ်းတိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင် ရဲဘော် အယောက် ၁၀၀ ခန့် ကျဆုံးခဲ့ရတယ်လို့ ချင်းညီနောင်အဖွဲ့ စစ်ရေးဥက္ကဋ္ဌ ထန်ချွန်းဖေက ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ ပြောဆိုသွားပါတယ်။
Read More

ရေဘဝဲ ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့၏ မြေပြင်သပိတ်များ ဘေးကင်းစေကြောင်း NUG သဝဏ်လွှာပေးပို့

မြေပြင်မှာ သပိတ်တိုက်ပွဲတွေ ဖော်ဆောင်နေတဲ့ ရေဘဝဲ ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်းရဲ့ (၄) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အမျိုးသားညီညွတ်‌ရေးအစိုးရ၊ အမျိုးသမီး၊လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနက သဝဏ်လွှာပေးပို့လိုက်ပါတယ်။