ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ညောင်ခြေထောက်ကျေးရွာရှိ  စစ်ကောင်စီရဲ့ ခမရ ၅၉၈ တပ်ရင်း စခန်းသိမ်းတိုက်ပွဲမှာ ကျဆုံးခဲ့ရတဲ့  ရဲဘော် ၂ ယောက်ရဲ့ နောက်ဆုံးခရီးမှတ်တမ်းရုပ်သံကို တောင်ညိုတပ်ရင်းက ထုတ်ပြန်လိုက်ပါတယ်။

ခမရ ၅၉၈ တပ်ရင်းကို တော်လှန်‌ရေးပူးပေါင်းတပ်တွေက ၂ ပတ်ကြာ ပိတ်ဆို့တိုက်ခိုက်ခဲ့ပြီး မေလ ၈ ရက်မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း ၃၀ ခန့်တွေ့ရှိခဲ့သလို စစ်သုံ့ပန်း ၆ ယောက်နဲ့ မိသားစုဝင် ၇ ယောက် ဖမ်းဆီးရမိခဲ့ပါတယ်။

တိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေရဲ့ ရဲဘော်အချို့လည်း ကျဆုံးမှုတွေ ရှိခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ငါန်းဇွန်မြို့နယ် မင်းနေကုန်းရွာရှိ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်မှု စစ်သားအများအပြား သေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ် မင်းနေကုန်းရွာမှာ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းကို ဖေဖော်ဝါရီ ၁ ရက် မနက်အစောပိုင်းက တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့ တယ်လို့ ဗိုလ်စား ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

တောင်ငူခရိုင် ဖြူးလမ်းမကြီးဘေးရှိ ကျေးရွာနဲ့ ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရဲနှင့် စစ်သား ၈ သေ၊ ၃ ယောက် ဒဏ်ရာရ (ရုပ်/သံ)

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ဖြူးလမ်းမကြီးဘေးရှိ ဝဲဒေါင့်ရွာနဲ့ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး ရဲနဲ့ စစ်သား ၈ ယောက်ကာ ၃ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ တောင်ငူခရိုင်အမှတ် ၂ တပ်ရင်း P23502 က ထုတ်ပြန်ပါတယ်။
Read More

ရွှေကျင်မြို့နယ်အတွင်း ရိက္ခာသယ်နေတဲ့ စစ်သားတွေကို တိုက်ခိုက်မှု ၅ ယောက်သေ၊ ၄ ယောက်ထက်မနည်း ဒဏ်ရာရ (ရုပ်/သံ)

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ညောင်ခြေထောက်ရွာလှေဆိပ်သို့ ရိက္ခာသယ်လာတဲ့ ခမရ ၅၉၈ တပ်က အင်အား ၄၀ ခန့်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဖေဖော်ဝါရီ ၈ ရက်မှာ တိုက်ခိုက်ခဲ့ရာ ၅ ယောက်သေပြီး ၄ ယောက်ထက်မနည်း ဒဏ်ရာရရှိသွားတယ်လို့ တောင်ညိုစစ်‌ကြောင်းထံက သိရပါတယ်။
Read More

မြောင်မြို့မရဲစခန်းမှ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး စစ်ဗိုလ် ၁ ယောက်နဲ့ တပ်သား ၃ ယောက်သေပြီး သေနတ် ၃ လက်သိမ်းဆည်းရရှိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မြောင်မြို့နယ်အတွင်း ပြည်သူများထံ ပိုက်ဆံတောင်းနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သား ၆ ယောက်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ် ၁ ယောက်နဲ့ တပ်သား ၃ ယောက်သေပြီး သေနတ် ၃ လက်သိမ်းဆည်းရရှိခဲ့တယ်လို့ CDSOM (ဗိုလ်စင်္ကြာ) စစ်ကြောင်းမှ သတင်းထုတ်ပြန် ထားပါတယ်။
Read More

စလင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်၊ စစ်သား ၄ ယောက်သေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ (ရုပ်/သံ)

မကွေးတိုင်း မင်းဘူးခရိုင် စလင်းမြို့နယ် ဆုပ်လေဦးလေးဆုံမှာ ဘန်ကာအခိုင်အမာနဲ့ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သား၊ ရဲနဲ့ ပျူစောထီးတွေကို နိုဝင်ဘာ ၁၅ ရက် မနက်ပိုင်းမှာ တော်လှန်ရေး ပူးပေါင်းတပ်တွေ စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေါင်းစစ်အောင်အဖွဲ့ထံက သိရပါတယ်။
Read More

ဘုတလင်မြို့နယ်ရွေ့လျားစစ်ကြောင်း နောက်တန်းပြန်ရဲဘော်တွေ တပ်ရိက္ခာအဆင်ပြေစေဖို့ ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် ရွေ့လျားစစ်ကြောင်း (Budalin Mobile Team-BMT) က နောက်တန်းပြန်ရဲဘော်တွေဟာ တပ်ရိက္ခာအဆင်ပြေစေဖို့ စပါး၊ မြေပဲ၊ ငရုတ်၊ ခရမ်းစတဲ့ စိုက်ပျိုးရေးတွေအပြင် မွေးမြူရေးတွေလည်း ကိုယ်တိုင်လုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။