မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ၊ ဘန်ဒါမန်ဂျာလရာ မြို့နယ်မှာ တရားမဝင် ဖွင့်လှစ်ထားတဲ့ မြန်မာသီးသန့် KTV တစ်ခုကို မလေးရှားအာဏာပိုင်တွေက ဝင်ရောက်စီးနင်းခဲ့ပြီး မြန်မာနိုင်ငံသား အယောက် ၂၀ ဖမ်းဆီးခံခဲ့ရတယ်လို့ မလေးရှားသတင်းက မေလ ၂၀ ရက်မှာ ဖော်ပြပါတယ်။

ကွာလာလမ်ပူရဲတပ်ဖွဲ့၊ ဒုစရိုက်၊ လောင်းကစားနဲ့ လျှို့ဝှက်အဖွဲ့အစည်းများ နှိမ်နင်းရေး ဌာနခွဲ ရဲ့ Op Noda စစ်ဆင်ရေးအတွင်း အခုလို ဝင်စီးခဲ့တာလို့ သိရပါတယ်။

စီးနင်းမှုအတွင်း အသက် ၁၈ ကနေ ၃၉ နှစ်ကြား မြန်မာနိုင်ငံသား အယောက် ၂၀ ဖမ်းဆီးခဲ့တယ်လို့ ကွာလာလမ်ပူ ရဲချုပ် Datuk Rusdi Mohd Isa က ပြောပါတယ်။

မလေးရှားရဲတပ်ဖွဲ့၏ ဓာတ်ပုံ

“သူတို့တွေထဲမှာ ဧည့်ခေါ်သမတွေအဖြစ် လုပ်ကိုင်တယ်လို့ သံသယရှိတဲ့ အမျိုးသမီး ၇ ယောက်၊ အိမ်ဖော်တစ်ယောက်၊ တခြားဝန်ထမ်းနဲ့ အမျိုးသား ဖောက်သည် ၁၁ ယောက် ပါဝင်ပါတယ်” လို့ သူက အင်္ဂါနေ့ ထုတ်ပြန်ချက်မှာ ပြောပါတယ်။

ရဲတပ်ဖွဲ့က အသံပိုင်းဆိုင်ရာ ပစ္စည်းတွေ၊ တက်ဘလက်တွေ၊ အရက်တွေ၊ အရောင်းပြေစာ စာအုပ်တွေနဲ့ ငွေသားတွေ သိမ်းဆည်းရမိကြောင်း သိရပါတယ်။

ပဏာမစုံစမ်းစစ်ဆေးမှုတွေအရ အဆိုပါ လုပ်ငန်းဟာ လိုင်စင်မရှိဘဲ အထောက်အထားမဲ့ နိုင်ငံခြားသားတွေ ခန့်ထားကြောင်း၊ KTV ကာရာအိုကေခန်းအဖြစ် လည်ပတ်နေပြီး မြန်မာသီးသန့်ဆိုင်ဖြစ်တယ်လို့ Rusdi က ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေထဲက တချို့ကလည်း အလည်ဗီဇာသက်တမ်းကုန်နေတာ၊ ဒါမှမဟုတ် တရားမဝင် အထောက်အထား မရှိတာတွေ တွေ့ရတယ်လို့ သူက ဆိုထားပါသေးတယ်။

မူရင်းသတင်း – 20 held in raid on illegal KTV lounge for Myanmar nationals

0 Shares:
You May Also Like
Read More

ကန်ချနဘူရီမှာ ယာဉ်မတော်တဆမှုကြောင့် မြန်မာ ၁ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရ

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီပြည်နယ်၊ စံခလဘူရီခရိုင်မှာ ဇန်နဝါရီလ ၈ ရက် မနက်အစောပိုင်းက ယာဉ်တိမ်းမှောက်မှုကြောင့် မြန်မာလုပ်သား ၁ ယောက် သေဆုံးပြီး၊ ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဘန်ကောက်ပို့စ်က ဖော်ပြထားပါတယ်။
Read More

ကော့ဖငန်ကျွန်းတွင် တရားမဝင် ကန်ထရိုက်ဆောက်နေသည့် မြန်မာ ၉ ဦး အဖမ်းခံရ 

ထိုင်းနိုင်ငံ၊ ကော့ဖငန်ကျွန်းမှာ အစ္စရေး စီးပွားရေးလုပ်ငန်းရှင်တယောက်အတွက် တရားမဝင် ကန်ထရိုက်ယူ အိမ်ဆောက်ပေးနေတဲ့ မြန်မာနိုင်ငံသား ၉ ယောက် ဖမ်းဆီးခံလိုက်ရကြောင်း ဘန်ကောက်ပို့စ်မှာ ဖော်ပြထားပါတယ်။ 
Read More

စစ်ကောင်စီရဲ့ သေဒဏ်ချမှတ်ကွပ်မျက်မှုဟာ ကြီရလေးတဲ့ နိုင်ငံတကာရာဇ၀တ်မှုကို ကျူးလွန်လိုက်ခြင်းဟု IIMM သတိပေး

စစ်ကောင်စီက အကျဉ်းသားတွေကို သေဒဏ်ချမှတ်ကွပ်မျက်မှုကကြီးလေးတဲ့ နိုင်ငံတကာရာဇဝတ်မှုကို ကျူးလွန်လိုက်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) က အနီးကပ် စောင့်ကြည့်နေကြောင်း မနေ့ကစက်တင်ဘာ ၂၃ရက်)တွင် အသိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

တောင်ကိုရီးယားတွင် စစ်တပ်၏ ရွေးကောက်ပွဲအတု ကြိုတင်မဲလာပေးသူ ၁၀ ဦး ဝန်းကျင်သာ ရှိ 

စစ်အုပ်စုဟာ ပြည်ပရောက်မြန်မာတွေကို ကြိုတင်မဲပေးဖို့ နည်းလမ်းမျိုးစုံနဲ့ တိုက်တွန်းနှိုးဆော်နေခဲ့ပေမယ့် တောင်ကိုရီးယာနိုင်ငံမှာတော့ လက်ရှိအချိန်ထိ ကြိုတင်မဲလာပေးသူဟာ ၁၀ ယောက် ဝန်းကျင်သာ ရှိတယ်လို့ တောင်ကိုရီးယားရောက် တော်လှန်အင်အားစုတွေထံက သိရပါတယ်။ 
Read More

ထိုင်းမှာ မွေးတဲ့ကလေးတွေနဲ့ ရွှေ့ပြောင်းလုပ်သား ၅ သိန်းနီးပါးကို ထိုင်းအစိုးရက နိုင်ငံသားဖြစ်ခွင့်ပေး

ထိုင်းနိုင်ငံမှာ ၁၉၈၄ ခုနှစ်ကတည်းက နေထိုင်လာခဲ့တဲ့ ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ ထိုင်းမှာ မွေးတဲ့ ကလေးငယ်တွေ ၄၈၃,၀၀၀ ခန့်ကို နိုင်ငံသားဖြစ်ခွင့်ပေးဖို ထိုင်းအစိုးရက အောက်တိုဘာလ ၃၀ ရက်နေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။
Read More

မြဝတီငွေလိမ်ဂိုဏ်းတွင် လုပ်ကိုင်ခဲ့သည့် အိန္ဒိယနိုင်ငံသား ၅၄၀ ကျော်ကို ပြန်ခေါ်ဖို့ အိန္ဒိယအစိုးရက စစ်လေယာဉ်တစ်စင်း စေလွှတ်

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။