ကချင်ပြည်နယ်၊ ဗန်းမော်မှာ ဒီနေ့ မေလ ၂၀ ရက်မှာ KIA က ပစ်ချခဲ့တဲ့ အကြမ်းဖက်စစ်တပ်ရဲ့  Mi-17 ရဟတ်ယာဉ်အပျက်အစီးနဲ့ တပ်သားအလောင်းဗီဒီယိုဖိုင် လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။

ပစ်ချခံရတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ရဟတ်ယာဉ်ဟာ ဗန်းမော်မြို့ အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ -၂၁) ကို စစ်ကူလာရောက်ပို့ဆောင်တဲ့ ရဟတ်ယာဉ်ဖြစ်တယ်လို့ သိရပါတယ်။

စစ်ကူလာရောက်တဲ့ စစ်ကောင်စီ ရဟတ်ယာဉ် ၃စင်းကို KIA က ပစ်ချခဲ့ပြီး ၂စင်း ထိမှန်ခဲ့တာကြောင့် ၁စင်း ပျက်ကျကာ ၁စင်းကတော့ အရေးပေါ် ဆင်းသက်သွားခဲ့တယ်လို့ သိရပါတယ်။

Video-Gadu Tang

0 Shares:
You May Also Like
Read More

ရန်ကုန်မြို့ စက်မှုဇုန်များတွင် အကြမ်းဖက်စစ်ကောင်စီကို ILO မှ ပုဒ်မ ၃၃ ဖြင့် အရေးယူနိုင်ရေး သတင်းစကားများ ဖြန့်ဝေ (ရုပ်/သံ)

ရန်ကုန်မြို့ စက်မှုဇုန်တွေမှာ အကြမ်းဖက်စစ်ကောင်စီကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်း (ILO) ကနေ ပုဒ်မ ၃၃ နဲ့ အရေးယူနိုင်ဖို့ သတင်းစကားတွေ ဖြန့်ဝေခဲ့တယ်လို့ ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့ထံက သိရပါတယ်။
Read More

(၁၅၀) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံသို့ တက်ရောက်နေသည့် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ဒေါက်တာ ဝင်းမြတ်အေးမှ ပြည်သူသို့ တင်ပြချက်‌ (ရုပ်/သံ)

"ကျနော်တို့ CRPH ကို နိုင်ငံတကာပါလီမန်တွေကနေပြီးတော့ မြန်မာနိုင်ငံရဲ့ တရားဝင်လွှတ်တော်အနေနဲ့ အသိအမှတ်ပြုထားတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကျနော်တို့ ပြည်သူ့ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေကို ဖိတ်ကြားပြီးတော့ ဒီမှာ ဆွေးနွေးညှိနှိုင်းဖို့ အခွင့်အရေး ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း နိုင်ငံတကာပါလီမန်များ ညီလာခံကို ကျေးဇူးတင်ပါတယ်။ ကျနော် တက်ရောက်ခဲ့တဲ့ အချိန်တိုင်းမှာ ပြည်သူတွေရဲ့ ဒုက္ခတွေ၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေ၊ ပြည်သူတွေအတွက် လိုအပ်ချက်တွေ၊ ဒါတွေအတွက် နိုင်ငံတကာက သိအောင် အတတ်နိုင်ဆုံး ကြိုးစားခဲ့ပါတယ်။ "
Read More

ကနီမြို့အနီး တိုက်ပွဲတွင် အထိနာနေသည့် စစ်ကော်မရှင်တပ်သားများကို လက်နက်ချရန် ဖိတ်ခေါ်ခဲ့ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကနီမြို့အနီး အင်အား ၁၀၀ ခန့်ရှိ စစ်ကော်မရှင်တပ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ အများအပြားသေဆုံးပြီး အထိနာနေစဉ် လက်နက်ချဖို့ ဖိတ် ခေါ်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို ပကဖ အသံက ထုတ်ပြန်ထားပါတယ်။
Read More

အမှတ် ၂ စစ်ဒေသခွဲ တိုင်းစစ်ဌာန(ရန်ကုန်) P25102 တပ်ရင်းက သင်တန်းသားရဲဘော်တွေရဲ့ ပုံရိပ်များ (ရုပ်/သံ)

အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်နိုင်ဖို့ တောင်ပိုင်းစစ်ဒေသ အမှတ် ၂ စစ်ဒေသခွဲ၊ တိုင်းစစ်ဌာန (ရန်ကုန်) P25102 တပ်ရင်းမှာ အခြေခံစစ်ပညာတက်ရောက်သင်ယူနေတဲ့ ရဲဘော်တွေရဲ့ ပုံရိပ်ကို အိမ်ပြန်လမ်းပေါ်က ခြေလှမ်းများခေါင်းစဉ်နဲ့ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။
Read More

ပျူစောထီး တသိုက်ကို ရှေ့ထွက်ပြောင်း ၅ပြောင်းနဲ့ ဖောက်ခွဲတိုက်ခိုက် (ရုပ်/သံ)

မုံရွာ-မန္တလေးလမ်းပေါ် ဆက်ကြေးကောက်နေတဲ့ ပျူစောထီးတွေ ရှေ့ထွက်ပြောင်းတွေနဲ့ တိုက်ခိုက်ခံရပြီး ၂ယောက်သေဆုံးခဲ့တယ်လို့ Brave Heart Army - BHA အဖွဲ့က ရုပ်သံနဲ့တကွ ထုတ်ပြန်ပါတယ်။
Read More

ဖားကန့်မြို့မှာ ငလျင်ဘေးပြည်သူများနဲ့ထပ်တူ ဝမ်းနည်းကြောင်းနဲ့ တော်လှန်ရဲဘော်များနဲ့အတူ ထပ်တူရပ်တည်ကြောင်း သံချပ်သပိတ်ပြုလုပ် (ရုပ်/သံ)

သံချပ်သပိတ်မှာ ငလျင်ဘေးသင့်ပြည်သူများနဲ့ထပ်တူ ဝမ်းနည်းကြောင်းနဲ့ တော်လှန်နေကြတဲ့ ရဲဘော်များနဲ့ထပ်တူ ရပ်တည်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပြီး အကြမ်းဖက်စစ်ကောင်စီဟာ ပြည်သူလူထုအား နေ့စဉ်ဗုံးကြဲနေတာကို ရှုတ်ချကြောင်း သံချပ်ထိုးခဲ့ကြတယ်လို့ သိရပါတယ်။