အကြမ်းဖက်စစ်ကောင်စီတပ်၊ ခမရ (၄၃၁) မှ တပ်သားတစ်ဦးဟာ လက်နက်ခဲယမ်းတွေ ယူဆောင်လာပြီး မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း(၃) ထံကို အလင်းဝင်ရောက် လာတယ်လို့ တနင်္သာရီတိုင်းစစ်ဌာန-ပြန်ကြားရေးက ဒီကနေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

စစ်ကောင်စီ၊ စစ်မှုထမ်းအပတ်စဥ်- ၈ သင်တန်းဆင်း တပ်သား ချစ်ကို ဟာ MA-1 အမျိုးအစား မောင်းပြန် (၁) လက်၊ ကျည် (၁၄၇) တောင့်၊ ကျည်ဘောက် (၃) ခုနဲ့ အတူ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို ဆက်သွယ်ပြီး အလင်းဝင်ရောက်လာခဲ့တယ်လို့ ဆိုတာပါ။

မေ ၁၅ ရက်မှာ အလင်းဝင်ရောက်လာခဲ့တဲ့ တပ်သားချစ်ကို ကို မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း (၃)ရဲ့ တပ်ရင်းမှူး အယ်ကြီးမှ ကြိုဆိုလက်ခံခဲ့ပြီး၊ လက်နက်ခဲယမ်းတွေကို လွဲပြောင်းလက်ခံရယူခဲ့ကာ ကောင်းမွန်စွာ စောင့်ရှောက်ထားတယ်လို့လည်း သိရပါတယ်။

တနင်္သာရီတိုင်းစစ်ဌာနကွပ်ကဲမှုအောက်ရှိ ဗျူဟာ(၃၅) နယ်မြေ၊ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ တပ်ရင်း (၃) ထံကို လက်နက်နဲ့အလင်းဝင်လာတဲ့ တပ်သား ချစ်ကို ကို ချီးမြှင့်ငွေ ပေးအပ်နိုင်ဖို့ကိုလည်း ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

တနင်္သာရီတိုင်းစစ်ဌာနအောက်ရှိ တပ်ရင်းတပ်ဖွဲ့တွေထံကို ဧပြီလနဲ့ မေလအတွင်း အလင်းဝင်ရောက်လာခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်သား (၁၄)ဦးထိ ရှိခဲ့တယ်လို့ သိရပါတယ်။

လက်နက်နဲ့အတူ အလင်းဝင်ရောက်လာသူတွေကို ဂုဏ်ပြုချီးမြှင့်ငွေတွေ ပေးအပ်ခဲ့ပြီး၊ စစ်ကောင်စီတပ်သားတွေအနေနဲ့ အချိန်မရွေး ပြည်သူနဲ့အတူ လာရောက်ပူးပေါင်းကြဖို့ကိုလည်း တော်လှန်ရေးတပ်ရင်းတွေက ဖိတ်ခေါ်ထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

0 Shares:
You May Also Like
Read More

ရေဦးမှာ မင်္ဂလာဆောင်ပွဲကို စစ်ကောင်စီ ဗုံးကြဲ၊ ဗုံးကျတဲ့နေရာလွဲတာကြောင့် ပြည်သူတွေ ထိခိုက်မှုမရှိ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ တိုက်ပွဲ ဖြစ်ပွါးနေခြင်းမရှိဘဲ စစ်တပ်က ပေါင် ၁၀၀ ဗုံး (၂) ကြဲချကာ လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

ဟိုယတွင် MNDAA နှင့် အာဏာသိမ်းစစ်တပ် အခြေအနေ တင်းမာနေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းရယ်အနီး ဟိုဟမှာ MNDAA တပ်တွေနဲ့ စစ်ကော်မရှင်တပ်တွေတို့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ သေနတ်ပစ်ဖောက်မှုတွေရှိခဲ့ပြီး နှစ်ဖက်အခြေအနေ တင်းမာလျက်ရှိနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ရဲ့ ဥက္ကဋ္ဌနဲ့ လက်ထောက်အထွေထွေအတွင်းရေးမှူး (၁) တို့က ရှေ့တန်းနယ်မြေကို သွားရောက်စစ်ဆေးခဲ့

မကွေးတိုင်းအခြေစိုက် ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ရဲ့ ဗဟိုဦးဆောင်ကော်မတီဥက္ကဋ္ဌ ရဲဘော်ယောလေးနဲ့ လက်ထောက်အထွေထွေအတွင်းရေးမှုး (၁) (AGS -1) ရဲဘော်ထွားကြီးတို့က ရှေ့တန်းစခန်းတွေကို သွားရောက်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
Read More

သူပုန်ဖြူ” ကဗျာစာအုပ်များလက်ဆောင်ပေးသည့် AA ကို ယောတပ်တော် ကျေးဇူးတင်

"သူပုန်ဖြူ" ကဗျာစာအုပ်တွေကို မရောင်းချမီကတည်းက တိုက်ပွဲတွေအတွင်း ကိုယ်လက်အင်္ဂါ စွန့်လွှတ်ခဲ့ရတဲ့ ရဲဘော်တွေအတွက် လက်ဆောင်ပေးမှာဖြစ်တယ်လို့ဆိုပါတယ်။ အခုလို လုပ်ဆောင်တာဟာ "သူပုန်ဖြူ Team" က ကြိုတင်စီစဉ်ထားတာဖြစ်ပြီး လက်ဆောင် ပေးရတာဟာလည်း ကဗျာစာအုပ်မှာ ရေးသားထားတဲ့ စာသားတွေနဲ့ စကားလုံးတွေဟာ ရဲဘော်တွေကို စိတ်ဓာတ်ခွန်အား ရရှိအောင် ရည်ရွယ်တာဖြစ်တယ်လို့ သိရပါတယ်။
Read More

နိုင်ငံကိုကာကွယ်ဖို့ ယောကျ်ား၊ မိန်းမ အသက်အရွယ်မရွေးတာဝန်ရှိတယ်လို့ အကြမ်းဖက် ပေါ်တာဆွဲ စစ်မှုထမ်းခိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောဆို

နိုင်ငံကာကွယ်ရေးတာဝန်ဟာ  နိုင်ငံအတွင်း မှီတင်းနေထိုင်ကြတဲ့ နိုင်ငံသားတိုင်း ယောကျာ်း၊ မိန်းမ အသက်အရွယ်မရွေး ထမ်းရွက်ကြရဖို့ တာဝန်ရှိတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောကြားလိုက်ပါတယ်။
Read More

စစ်အုပ်စု၏ ဗုံးကြဲတိုက်ခိုက်မှုများအတွက် အလှည့်ဆိုတာ ရှိစမြဲဟု TNLA ဗိုလ်ချုပ် တားဘုန်းကျော် ပြော

တအာင်းတပ်မတော် (TNLA) သိမ်းပိုက်ထိန်းချုပ်ရာ မြို့ရွာတွေက အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး နေ့စဉ် ဗုံးကြဲတိုက်ခိုက်မှုတွေအတွက် အလှည့်ရှိလာမယ်လို့ TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်က လူမှုကွန်ရက်ကတဆင့် ရေးသားပြောဆိုလိုက်ပါတယ်။