အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို ဖော်ထုတ်ဖမ်းဆီးပြီး ပြည်နှင်ဒဏ်ပေးဖို့အတွက် အိန္ဒိယအစိုးရက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ဆင်ရေးတစ်ရပ်ကို စတင်လိုက်ကြောင်း အိန္ဒိယသတင်းတွေက မေလ ၁၉ ရက်မှာ ဖော်ပြထားကြပါတယ်။

အိန္ဒိယနိုင်ငံအတွင်း တရားမဝင်နေထိုင်သူတွေလို့ သံသယရှိသူတွေကို အထောက်အထား စစ်ဆေးဖို့၊ အထောက်အထားမပြနိုင်ရင် ပြင်နှင်ဒဏ်ပေးမယ့် လုပ်ငန်းစဉ်တွေ စတင်ဖို့အတွက် ပြည်ထဲရေးဝန်ကြီးဌာန (MHA) က ပြည်နယ်တွေနဲ့ ပြည်ထောင်စုနယ်မြေတွေကို ရက် ၃၀ အချိန်ပေးထားတယ်လို့ သတင်းတွေအရ သိရပါတယ်။

တရားမဝင်ရွှေ့ပြောင်းတွေအဖြစ် သံသယရှိသူတွေကို စိစစ်နေစဉ်ကာလအတွင်းမှာလည်း သူတို့တွေကို ထိန်းသိမ်းရေးစခန်းတွေမှာ ထားရှိဖို့အတွက် MHA က ညွှန်ကြားထားတာဖြစ်ပါတယ်။

BSF နဲ့ အာသံရိုင်ဖယ်တပ်တို့လို နယ်ခြားစောင့်တပ်တွေကိုတော့ နေရပ်ပြန်ပို့ရေးမှာ ညှိနှိုင်းဆောင်ရွက်ဖို့ MHA က တောင်းဆိုထားပါတယ်။

တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေကို ဘယ်နေ့အပြီး ပြန်ပို့ရမယ်ဆိုတဲ့ သတ်မှတ်ရက်မျိုး အရင်ကမရှိဘူးလို့ အရံတပ်ဖွဲ့ အကြီးတန်းအရာရှိတစ်ယောက်က Indian Express သတင်းဌာနကို ပြောပါတယ်။

(ဓာတ်ပုံ WION)

ဒါပေမယ့် လက်ရှိမှာတော့ ပြည်နယ်တွေ၊ ပြည်ထောင်စုနယ်မြေတွေနဲ့ ခရိုင်အကောက်ခွန်တွေ၊ ခရိုင်တရားသူကြီးတွေအနေနဲ့ ပြည်နှင်ဒဏ်ပေးတဲ့ ပြည်နယ်၊ ပြည်ထောင်စုနယ်မြေတွေကို သင့်လျော်တဲ့ အကြောင်းကြားစာ ပေးပို့ဖို့ ဗဟိုက တောင်းဆိုထားကြောင်း သူက ဆိုပါတယ်။

“သံသယရှိသူကို ရက်ပေါင်း ၃၀ လောက် ထိန်းသိမ်းရေးစခန်းတွေမှာ ထားရမှာဖြစ်ပြီး အဲဒီကာလအတွင်း အကြောင်းကြားစာမရရင် နိုင်ငံခြားသားမှတ်ပုံတင်ရုံးက သူတို့ကို ပြန်ပို့သင့်တယ်” လို့ သူက ဆက်ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာက အထောက်အထားမဲ့သူတွေကို အဓိကထားတဲ့ အဲဒီညွှန်ကြားချက်တွေဟာ တရားမဝင်ရွှေ့ပြောင်းသူတွေကို ဆန့်ကျင်တဲ့ အိန္ဒိယ ဗဟိုအစိုးရရဲ့ အသစ်တဖန် ဖိအားပေးမှု တစိတ်တပိုင်း ဖြစ်လာပါတယ်။

ပြည်ထဲရေးဝန်ကြီး Amit Shah ကလည်း “တရားမ၀င် ကျူးကျော်လာသူတွေအရေး ပြဿနာဟာ နိုင်ငံတော်လုံခြုံရေးနဲ့ သက်ဆိုင်ပြီး တင်းတင်းကျပ်ကျပ် ကိုင်တွယ်သင့်တယ်။ သူတို့တွေကို ဖော်ထုတ်ပြီး ပြည်နှင်ဒဏ်ပေးသင့်တယ်” လို့ ယခင် ဖေဖော်ဝါရီလတုန်းက ပြောဆိုဖူးပါတယ်။

မူရင်းသတင်း – Centre gives states 30 days to identify illegal immigrants from Bangladesh and Myanmar, deportations to follow

0 Shares:
You May Also Like
Read More

ကျောင်းသားလူငယ်များနှင့် စတင်ဖွဲ့စည်းခဲ့သည့် စစ်ကိုင်း PDF ၄ နှစ် ပြည့်

စစ်အာဏာသိမ်းမှု စတင်ခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာပဲ တက်ကြွလှုပ်ရှားသူတွေ၊ ကျောင်းသားလူငယ်တွေနဲ့ စတင်ဖွဲ့စည်းခဲ့တဲ့ စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော် (Sagaing PDF) ဟာ အခုဆိုရင် ၄ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။
Read More

KNU ဌာနချုပ်နေရာဟောင်း မာနယ်ပလော နှစ် ၃၀ ကြာပြီးနောက် KNU ထံ အလုံးစုံ ပြန်လည်ရောက်ရှိ

ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်းအရုံး - KNU ဌာနချုပ်ဟောင်း မာနယ်ပလောက အကြမ်းဖက်စစ်ကောင်စီရဲ့ ပွိုင့် ၉၁၃ နို့ဒေးတပ်စခန်းကို အပြီးသတ် သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ KNU တပ်မဟာ ၇ နယ်မြေ စစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

စစ်အုပ်စု၏ ဟန်ပြရွေးကောက်ပွဲကို တရားမျှတဖို့မျှော်လင့်ကြောင်း မိုဒီပြော

မြန်မာအာဏာသိမ်းစစ်အုပ်စုက လာမယ့်နှစ်ကုန်မှာ စတင်ပြုလုပ်ဖို့ စီစဉ်နေတဲ့ အတုအယောင် ဟန်ပြရွေးကောက်ပွဲကို တရားမျှပြီး သက်ဆိုင်သူအားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲမျိုးဖြစ်လာဖို့‌ မျှော်လင့်ကြောင်း အိန္ဒိယဝန်ကြီးချုပ် နရန်ဒြာမိုဒီက ဩဂုတ်လ ၃၁ ရက်မှာ ပြောဆိုပါတယ်။
Read More

ပုလောမြို့နယ်ရှိ အကြမ်းဖက်စစ်တပ် တပ်စွဲထားသည့် တမိုင်းတောင်စခန်းကုန်းကို KNU တပ်များ တိုက်ခိုက်သိမ်းပိုက်

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ရှိ အကြမ်းဖက်စစ်တပ် တပ်စွဲထားတဲ့ တမိုင်းတောင်စခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) မြိတ်ထားဝယ်ခရိုင် က ဒီနေ့ ထုတ်ပြန်ပါတယ်။
Photo - စစ်ကောင်စီထံက ရရှိလိုက်တဲ့ သေနတ်များ
Read More

ဖာပွန်မှာ စစ်ကောင်စီစစ်ကြောင်းကြားဖြတ်တိုက်ခိုက်ခံရ အရာရှိအဆင့်အပါအ၀င် ၃၀ထက်မနည်းသေ

တပ်စခန်းစွန့်ပြန်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကိုတိုက်ခိုက်ရာ တပ်ရင်းမှူးအပါအဝင် ၃၀ထပ်မနည်း သေဆုံးကာလက်နက်ခဲယမ်းများ ရရှိခဲ့ကြောင်း KNU တပ်မဟာ(၅)က အသိပေးထုတ်ပြန်ပါတယ်။ စက်တင်ဘာ ၃၀ရက်နေ့ကဖာဂေါ်လိုးစခန်းမှ ပေါ်ခေးခို(ဘော်စဲခို)ဘက်သို့ တပ်ဆုတ် အပြန်တွင် KNLAက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။ တိုက်ခိုက်မှုကြောင့်…
Read More

စလင်း(ပကဖ) အမည်ခံပြီး လိမ်လည်အလှူငွေတောင်းနေသူတွေကို ဖော်ထုတ်အရေးယူသွားမည်ဟု ဆို

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) နာမည်ခံပြီး လိမ်ညာအလှူခံမှုတွေ ရှိနေတဲ့အတွက် စစ်ဆေးဖော်ထုတ် အရေးယူသွားမယ့်အကြောင်း စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ရှိသူ ကိုအောင်ဆန်းက မောင်းကို ပြောပါတယ်။