ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ပိုင်ကျုံမြို့က စစ်ကောင်စီတပ်ရဲ့ မော်ဖိုးကေ တပ်စခန်းကို KNLA ပူးပေါင်းတပ်တွေက မေလ ၁၉ ရက် ဒီနေ့ မနက်ပိုင်းက စတင်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်လျက်ရှိတယ်လို့ ထိုင်းသတင်း Khaosod ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

မော်ဖိုးကေစစ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဒရုန်းတွေနဲ့ ဗုံးသီးတွေ တောက်လျှောက်ကြဲချတိုက်ခိုက်နေပြီး ပြည်သူ ၁၀၀ ကျော်လောက် သောင်ရင်းမြစ်ကို ဖြတ်ကာ ထိုင်းနိုင်ငံဘက်သို့ စစ်ဘေးတိမ်ရှောင်နေကြတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ စစ်စခန်းမကျစေဖို့ လေကြောင်းပစ်ကူတွေကို အားပြုပြီး တိုက်ခိုက်လျက်ရှိတယ်လို့လည်း သိရပါတယ်။

Video – Khaosod English

0 Shares:
You May Also Like
Read More

CDF-Mindat ၏ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၅) ရဲဘော်များ စစ်ရေးလေ့ကျင့်မှု ပုံရိပ်များ (ရုပ်/သံ)

ချင်းညီနောင် (CB)/CDF-Mindat ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၅) ရဲဘော်တွေရဲ့ စစ် ‌ရေးလေ့ကျင့်မှု ပုံရိပ်တွေကို Chin Defence Force - Mindat က ထုတ်ပြန်လိုက်ပါတယ်။
Read More

မယ်ဆိုင်ချောင်းရေမြင့်တက်မှုကြောင့် တာချီလိတ်မြို့တွင် ရေကြီးနေပြီး လူအများအပြား အရေးပေါ်ရွှေ့ပြောင်းနေရ (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေမြင့်တက်မှုကြောင့် ရှမ်းပြည်နယ် တာချီလိတ်မြို့ပေါ်မှာ ရေကြီးရေလျှံမှု ဖြစ်ပွားနေပြီး လူအများအပြား အရေးပေါ်ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်နေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ပေါက်နှင့် မြိုင်မြို့နယ်အစပ် သပြေညိုရေနံမှော်ကို အကြမ်းဖက်စစ်တပ် Gyrocopter ၃ စီးဖြင့် ဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ပေါက်မြို့နယ်နဲ့ မြိုင်မြို့နယ်အစပ်ရှိ သပြေညိုရေနံမှော်ကို အနောက်မြောက်တိုင်းစစ်ဌာနချုပ်က တက်လာတဲ့ Gyrocopter ၃ စီးက ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ We Love Myaing က ထုတ်ပြန်ထားပါတယ်။
Read More

အရာတော်မြို့နယ် ငွေတွင်းပျူစခန်းကို ဒရုန်းနဲ့ ဗုံးသီး အလုံး ၃၀ ကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်က ငွေတွင်းပျူစခန်းကို ဖေဖော်ဝါရီ ၁၈ ရက်မှာ ဒရုန်းနဲ့ ဗုံးသီး အလုံး ၃၀ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ စွန်ရဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ပွင့်ဖြူမြို့နယ် ဆင်းလူးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို မြေပြင် ဝေဟင် ပူးတွဲတိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင် မင်းဘူးခရိုင် အမှတ်-၄တပ်ရင်းထုတ်ပြန် (ရုပ်/သံ)

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ဆင်းလူးရွာက အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို မြေပြင်‌ ဝေဟင် ပူးတွဲစစ်ဆင်ရေး ဖော်ဆောင်ခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင်ကို မင်းဘူးခရိုင် အမှတ် ၄ တပ်ရင်းက ထုတ်ပြန်လိုက်ပါတယ်။
Read More

အထက်ခပေါင်းဆည်ရေလွှဲတမံအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို စီးနင်းတိုက်ခိုက်မှု တပ်သား ၃ ယောက်သေပြီး ၄ ယောက် ဒဏ်ရာရ သေနတ် ၄ လက်သိမ်းဆည်းရရှိ (ရုပ်/သံ)

ပဲခူးတိုင်း တောင်ငူခရိုင် အုတ်တွင်းမြို့နယ် အထက်ခပေါင်းဆည်ရေလွှဲတမံအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ တပ် သား ၃ ယောက်သေဆုံးပြီး ၄ ယောက် ထိခိုက်ဒဏ်ရာရရှိသွားကာ သေနတ် ၄ လက်သိမ်းဆည်းရရှိခဲ့တယ်လို့ A. D .G Brothers အဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။