ပဲခူးတိုင်း၊ သံတောင်ကြီးမြို့နယ်၊ ဘုရင့်နောင်တပ်မြို့က စစ်ကောင်စီရဲ့ ကြည်းတပ် တိုက်ခိုက်ရေး သင်တန်းကျောင်းကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors For Myanmar (BWM) က သတင်းထုတ်ပြန်ပါတယ်။

ဒီနေ့ မေလ ၁၉ ရက်၊ မနက် ၇ နာရီဝန်းကျင်အချိန်မှာ အဆိုပါ တိုက်ခိုက်မှုကို ဖော်ဆောင်ခဲ့တာ ဖြစ်ပြီး ၁၀၇ မမ ၅လုံး ပစ်ခတ်ရာမှာ ၄လုံးကို အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်ရေးသင်တန်းကျောင်းဟာ အောက်မြန်မာပြည်က စစ်ကောင်စီရဲ့ တပ်ရင်း၊ တပ်ဖွဲ့အသီးသီးကို ဦးဆောင်နေတဲ့ အရာရှိတွေကို တပ်စုမှူး၊ တပ်ခွဲမှူးနဲ့ တပ်ရင်းမှူး သင်တန်းတွေပေးကာ တိုက်ခိုက်ရေးပညာကို အဓိက သင်ကြားပေးတဲ့ တိုက်ခိုက်ရေး သင်တန်းကျောင်းဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့် စစ်ကောင်စီကို ဩဇာခံပြီး ပြည်သူလူထုကို နည်းမျိုးစုံနဲ့ နှိပ်စက်နေတဲ့ စစ်ကောင်စီအရာရှိတွေကို ပြည်သူတွေကိုယ်စား တန်ပြန်တိုက်ခိုက်ဖို့အတွက် အခုလို BWM mission 38 ကို ဖော်ဆောင်ရတာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

အခုမစ်ရှင်အတွင်း စစ်ကောင်စီဘက်က ထိခိုက် သေဆုံးမှု အခြေအနေကို ဆက်လက်စုံစမ်းနေပြီး အချိန်နဲ့တပြေးညီ ထုတ်ပြန်သွားမယ်လို့ BWM က ဆိုထားပါတယ်။

အဆိုပါ တိုက်ခိုက်မှုကိုတော့ BWM အဖွဲ့ရဲ့ ဦးဆောင်မှုနဲ့အတူ Mountain Knight Civilian Defense Forces (MKCDF)၊ Anti-Coup People’s Liberation Force (ACPLF) အဖွဲ့တို့က KNLA တပ်မဟာ ၂၊ တပ်ရင်း ၅ နဲ့ ပူးပေါင်းဖော်ဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

မိုးဗြဲမြို့တိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် အသက် ၂၁ နှစ်အရွယ် နေပြည်တော် PDF ဒုတပ်ခွဲမှူး ရဲဘော်ငတေ

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၈၀၅) တပ်ရင်း၊ နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ် ထနောင်းစစ်ကြောင်း တပ်ခွဲ ၁ က ဒုတပ်ခွဲမှူး ရဲဘော်ငတေရဲ့ စျာပနအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စဉ့်ကူးနှင့် မတ္တရာတွင် စစ်ကောင်စီ တစ်ရက်တည်း လေကြောင်းတိုက်မှုကြောင့် ၅ လသား ကလေးငယ်အပါအဝင် အများအပြား ထိခိုက်ဒဏ်ရာရ

မန္တလေးတိုင်း၊ စဉ့်ကူးနဲ့ မတ္တရာမြို့နယ်တို့မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ၅လသား ကလေးငယ် အပါအဝင် ထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

အာဏာသိမ်းပြီးနောက် အာဏာလက်မလွှတ်ချင်သည့် မင်းအောင်လှိုင် စစ်တိုင်းမှူးအပြောင်းအလဲ အကြိမ် ၅၀ လုပ်ခဲ့ဟု ဆို

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်းမှုနောက်ပိုင်း ၅နှစ်နီးပါး အချိန်ကာလအတွင်း စစ်တိုင်းမှူး အပြောင်းအလဲ အကြိမ် ၅၀ ရှိခဲ့တယ်လို့ ISP-Myanmar က ထုတ်ပြန်ပါတယ်။
Read More

KNDF အမှတ် (၁၅) တပ်ရင်း ၃နှစ်ပြည့် အခမ်းအနား

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF အမှတ်(၁၅)တပ်ရင်းအနေနဲ့ အောက်တိုဘာလ (၂၈) ရက်မှာ ကျရောက်ခဲ့တဲ့ (၃) နှစ်ပြည့်အခမ်းအနားကို မြေပြင်အခက်အခဲ အခြေအနေ အမျိုးမျိုးကြောင့် ဒီဇင်ဘာလ (၂၈) ရက်မှာမှ ကရင်နီပြည်နယ် မြေပြင်တစ်နေရာမှာ ပြုလုပ်နိုင်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ပခုက္ကူတွင် ရော့ကတ်ပစ်ခံရကာ အထိနာပြီးနောက် စစ်ရှောင်တဲများကို စစ်တပ် မီးရှို့ကာ လက်နက်ကြီးများ ရမ်းပစ်ခဲ့

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီး အထိနာသွားတဲ့ အကြမ်းဖက်စစ်တပ်က စစ်ရှောင်တဲတွေကို မီးရှို့ဖျက်ဆီးကာ ကျေးရွာတွေကို လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ပခုက္ကူမြို့နယ်-ပကဖ လက်နက်ကြီးတပ်ဖွဲ့ COBRA ONE ထံက သိရပါတယ်။
Read More

ကောလင်းမှာ စစ်ကောင်စီက ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်လို့ အရပ်သား ၈ ယောက် သေဆုံးပြီး ကလေးငယ်အပါအဝင် အယောက် ၂၀ နီးပါး ထိခိုက်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၈ ယောက် သေဆုံးပြီး ကလေးငယ်အပါအဝင် အယောက် ၂၀ နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကောလင်းခရိုင် တပ်ရင်း ၂ ထံက သိရပါတယ်။