တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် အရှေ့တောဒေသကို အင်အား ၂၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၆ ယောက် သေဆုံးခဲ့တယ်လို့ Launglone Peninsula Force တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

မေလ ၂၈ ရက်က ထားဝယ်မြို့နယ် အရှေ့တောဒေသကို အင်အား ၂၀၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေကို ဧပြီ ၂ ရက်က အရှေ့တောဒေသရှိ တော်လှန်ရေးအင် အားစုတွေ ပူးပေါင်းကာ သရက်ငုတ်ကျေးရွာနဲ့ ရမ္မဇူကျေးရွာအကြား တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် မေလ ၉ ရက်မှာ ဘဝပင်ကျေးရွာတာဝါတိုင်အနီး ထပ်မံတိုက်ပွဲဖြစ်ပွားပြီး တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။

မေလ ၁၀ ရက်မှာလည်း ထပ်မံတိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားကို ၁၀ ရက်ကျော်ကြာ ပိတ်ဆို့တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်သား ၆ ယောက်ထက်မနည်း သေပြီး အယောက် ၄၀ ကျော် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် ၂ ‌ယောက်လည်း ကျဆုံးခဲ့ရပြီး ၁ ယောက် ပြင်းထန်ဒဏ်ရာ ရရှိကာ ၄ ယောက်လည်း မစိုးရိမ်ရတဲ့ ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ဒေါနချေမှုန်းရေးတပ်ခွဲ (၇) Launglone Peninsula Force-LPF နဲ့အတူ ထားဝယ်အရှေ့တောဒေသရှိ တော်လှန်ရေးအင်အားစုတွေဖြစ်ကြတဲ့ ထားဝယ်ခရိုင်အမှတ်(၂)တပ်ရင်း T5၊ DGRF၊ DNLA၊ DEF၊ ဧဒင်မှူး၊ EDF၊ က္လားသစ်နတ်၊ ဘီလုံးပြောက်ကျား၊ KNUတပ်မဟာ(၄) တပ်ရင်း(၁၂) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

နေပြည်တော်တွင် အဆောက်အအုံအောက် ၄၄ နာရီကြာ ပိတ်မိနေသည့် လူငယ် ၁ ယောက်ကို ကယ်ထုတ်နိုင်ခဲ့ (ရုပ်/သံ)

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်၊ သစ္စာ ၂ လမ်းက အဆောက်အအုံအောက်မှာ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့ ငလျင်ကြောင့် ပိတ်မိနေတဲ့ အမျိုးသား လူငယ် ၁ ယောက်ကို ၄၄ နာရီကြာပြီးနောက် ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရှေ့တန်းစစ်မြေပြင်တွင် အကြမ်းဖက်စစ်တပ် ဒရုန်းအား စနိုက်ဘာဖြင့် ပစ်ချနိုင်ခဲ့သည့် မှတ်တမ်းရုပ်သံ

ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ အကြမ်းဖက်စစ်တပ်ရဲ့ ဒရုန်းနဲ့ ဗုံးသီးကြဲချပြီး အသေခံဒရုန်း တွေနဲ့ တိုက်ခိုက်နေတဲ့ ကြားကနေ ဒရုန်းကို စနိုက်ဘာနဲ့ ပစ်ချနိုင်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို  SSNDF/ KNDF B-101  က ထုတ်ပြန်လိုက်ပါတယ်။
Read More

ချောင်းဦးမြို့နယ် မြပုလဲစစ်ဆေးရေးဂိတ်ကို ၆၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မြပုလဲစစ်ဆေးရေးဂိတ်ကို ဖေဖော်ဝါရီ ၁၈ ရက် မနေ့ညနေပိုင်းက ၆၀ မမ လက်နက်ကြီး ၃ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Snipe Rangers Force (Local - PDF) အဖွဲ့ထံက သိရပါတယ်။
Read More

သထုံခရိုင်အတွင်း KNLA ပူးပေါင်းတပ်နှင့် အကြမ်းဖက်စစ်တပ် တိုက်ပွဲဆက်တိုက်ဖြစ်ပွား (ရုပ်/သံ)

မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်နဲ့ ဘီးလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို ကရင်အမျိုးသားများကာကွယ်ရေးတပ် KNLA ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲဆက်တိုက် ဖြစ်ပွားနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

သံမိုးတောင်ကျေးရွာမှာ နေအိမ်နဲ့ ဘာသာရေးကျောင်းဆောင်တွေကို မီးရှို့ဖျက်ဆီးပြီး ပြန်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေ ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

ကရင့်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ (၂) တောင်ငူခရိုင်၊ သံမိုးတောင် ကျေးရွာမှာ ဧပြီ ၇ ရက် နံနက်ပိုင်းက နေအိမ်နဲ့ ခရစ်ယာန်ဘာသာရေးကျောင်း‌ဆောင်တွေကို မီးရှို့ဖျက်ဆီးပြီး ပြန် လာတဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့ တယ်လို့ ကမ်းနီကြားဒေသကာကွယ်ရေးတပ်ဖွဲ့ ထံက သိရပါတယ်။
Read More

တောင်ယာလုပ် ပြည်သူများကို နှောင့်ယှက်နေသည့် သီလုံးပျူစောထီးများကို လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်း တောင်ယာစိုက်ပျိုးရိတ်သိမ်းရာမှာ အနှောင့်အယှက်ပေးနေတဲ့ သီလုံးပျူစောထီးတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Shwebo Crocodile တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။