ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ နိုင်ငံရေးနှင့်စစ်ရေး ဦးဆောင်အကြံပေးပုဂ္ဂိုလ်​ဖြစ်သူ စောထူးထူးလေးဟာ မေလ ၁၇ ရက် မနေ့ညပိုင်းက ထိုင်း-မြန်မာ နယ်စပ်တစ်နေရာမှာ ကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့ကြောင်း သိရပါတယ်။

ကွယ်လွန်ချိန်မှာ အသက် ၇၈နှစ်ရှိပြီဖြစ်တဲ့ ဗိုလ်မှူးကြီး စောထူးထူးလေး ဟာ ၁၉၇၉ ခုနှစ်ကစလို့ ကရင့်တော်လှန်ရေးမှာ ပါဝင်ခဲ့သူဖြစ်ပြီး KNU ဗဟိုကော်မတီဝင်အဖြစ် ၁၉၈၆ ခုနှစ်မှာတာဝန်ယူခဲ့သလို ၁၉၉၁ ခုနှစ်မှာ KNDO ဒုစစ်ဦးစီးချုပ်တာဝန်နဲ့ တရားရေးဌာနတာဝန်၊ ၁၉၉၅ ခုနှစ်မှာ KNU တွဲဘက်အထွေထွေအတွင်းရေးမှူးချုပ် (၂) တာဝန်နဲ့ ၂၀၀၀ပြည့်နှစ်မှာ တွဲဘက် အထွေထွအတွင်းရေးမှူးချုပ်(၁) တာဝန်တို့ ယူခဲ့ကြောင်းသိရပါတယ်။

ဒါ့အပြင် ၂၀၁၂ ခုနှစ်ကစလို့ လက်ရှိကွယ်လွန်ချိန်အထိ KNU ဗဟိုရဲ့ နိုင်ငံရေးနှင့်စစ်ရေး ဦးဆောင်အကြံပေးပုဂ္ဂိုလ်​အဖြစ် တာဝန်ယူခဲ့တာလည်း ဖြစ်ပါတယ်။

ဗိုလ်မှူးကြီး စောထူးထူးလေးအနေနဲ့ ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်တွေကို လူမူကယ်ဆယ်ရေးတွေနဲ့ ဘာသာရေးဆိုင်ရာ ထောက်ပံ့ကူညီ​မှုတွေ ပေးနိုင်ဖို့ အမေရိကန် ရေတပ်အမှုထမ်းဟောင်း ဒေဗ့်ယူနဲ့တွေ့ဆုံကာ ၁၉၉၇ ခုနှစ်မှာ Burma Ranger အဖွဲ့ကိုတည်ထောင်ခဲ့တယ်လို့လည်း Karen Youth Organization (KYO) က ဖော်ပြပါတယ်။

ဗိုလ်မှူးကြီး စောထူးထူးလေး ကွယ်လွန်ခြင်းအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း ကရင့်တော်လှန်ရေးခရီး တစ်လျှောက် အနစ်နာခံမှု၊ စွမ်းဆောင်မှုများနဲ့ ခိုင်မာသောသစ္စာရှိမှုတို့က နောင်လာ နောက်သားများအတွက် အတုယူစရာ မှတ်ကျောက်တင် လေးစားဖွယ်ပင် ဖြစ်သလို ကရင်အမျိုးသားအလံတော်အောက်မှာ နှစ်များစွာ အပ်နှံကာ ကရင့်အမျိုးသားရေးနဲ့ မြန်မာ့ဒီမိုကရေစီရေးအတွက် အားထုတ်ကြိုးပမ်းခဲ့သူဖြစ်တယ်လို့ သဝဏ်လွှာ ပေးပို့ထားပါသေးတယ်။

0 Shares:
You May Also Like
Read More

ငလျင်ဒဏ်အပြီး လေကြောင်းတိုက်မှုများ ဆက်တိုက်လုပ်နေသည့် အေလာလေတပ်စခန်းကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်

အကြမ်းဖက်စစ်ကောင်စီရဲ့ နေပြည်တော် အေလာလေဆိပ်ကို ဧပြီလ ၁၈ ရက် မနေ့က ညပိုင်းမှာ ရှော့တိုက်ဒုံးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ကလေးက စစ်တပ်ဂိတ်တွေကို အသေခံဒရုန်းတွေနဲ့တိုက်ခိုက်လို့ စစ်ကောင်စီဘက်က ၆ ဦး ဒဏ်ရာရ

ကလေးမြို့နယ်၊ ဇင်းဂလင်းရွာနဲ့ ထိုမာရွာမှာရှိ တဲ့စစ်တပ်ဂိတ်တွေကို အသေခံ အရုန်း တွေနဲ့ ဗုံးကြဲတိုက်ခိုက်လို့ စစ်တပ်ဘက်မှ ၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း  ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ထုတ်ပြန်ပါတယ်။
Read More

ပေါက်ခေါင်း – အုတ်တွင်းလမ်းပိုင်း ၂ နေရာကို စစ်ကောင်စီတပ်များ ဖျက်ဆီး 

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ် အပိုင်ထဲက  ပေါက်ခေါင်း - အုတ်တွင်း လမ်းပိုင်း ၂ နေရာကို စစ်ကောင်စီတပ်တွေက ဖျက်ဆီးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

လောင်းလုံး၊ စမ်းလှမ်းကျေးရွာမှ စစ်ကောင်စီဒေါက်တိုင်ဆိုသူများကို လောင်းလုံးပကဖ ဖမ်းဆီးထိန်းသိမ်းထား

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ အကြမ်းဖက်စစ်တပ်အတွက် ဒေါက်တိုင်ဖြစ်သူ ၅ယောက်ကို သက်သေခံပစ္စည်းတွေနဲ့အတူ ဖမ်းဆီးထိန်းသိမ်း​ထားကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ တာဝန်ရှိသူ က မောင်းကိုပြောပါတယ်။
Read More

မင်းတပ်မြို့က စစ်ကောင်စီရဲ့ လက်ကျန်စခန်း ခလရ ၂၇၄ တပ်ကို တိုက်ခိုက်သိမ်းပိုက်၊ မင်းတပ်မြို့နယ်မှာ စစ်တပ်လုံး၀ ကင်းစင်ပြီဖြစ်…

ချင်းပြည်နယ်၊ မင်းတပ်မြို့က အကြမ်းဖက်စစ်ကောင်စီရဲ့ လက်ကျန်တပ်စခန်းဖြစ်တဲ့ ခလရ ၂၇၄ တပ်ရင်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် မင်းတပ် တစ်မြို့နယ်လုံးမှာ စစ်တပ်ကင်းစင်သွားပြီဖြစ်တယ်လို့ ချင်းတော်လှန်ရေး သတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ထားဝယ်က စစ်ကောင်စီတပ်ရဲ့ ရွှေဂူတံတားစစ်ဆေးရေးဂိတ်နဲ့ စခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီတပ်သား ၅ ယောက်ထက်မနည်း သေပြီး ၄ ယောက် အရှင်မိ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ထားဝယ် - သရက်ချောင်းလမ်းပိုင်းပေါ်က စစ်ကောင်စီတပ် ရွှေဂူတံတားစစ်ဆေးရေးဂိတ်နဲ့ စခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီတပ်သား ၅ ယောက်ထက်မနည်း သေပြီး ၄ ယောက် အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဒူရကစစ်ကြောင်းက ဇန်နဝါရီလ ၃၀ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။