စစ်ကောင်စီရဲ့ တောင်ငူ (ကေတုမတီ) လေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၁လုံးနဲ့ ဒီမနက်အစောပိုင်းက ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar(BWM) အဖွဲ့က သတင်းထုတ်ပြန်လိုက်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီက တောင်ပိုင်း တော်လှန်ရေး အင်အားစုတွေကို တရစပ် ဗုံးကြဲတိုက်ခိုက်ရာမှာ ဒီကေတုမတီ လေတပ်စခန်းကအဓိကပါဝင်နေတာကြောင့် အခုလို တိုက်ခိုက်ရတာ ဖြစ်တယ်လို့လည်း BMW က ဆိုထားပါတယ်။

“ဟုတ်ကဲ့ ထိခိုက်မှုတွေကတော့ စုံစမ်းနေဆဲပါ၊ ၈ လုံးဆိုတော့ ထိခိုက်မှုတော့ များနိုင်ပါတယ်။ ရှော့တိုက်ဒုံး ကျသွားတဲ့ နေရာတော့ မသိရသေးပါဘူး။ သိရရင် အပျက်အစီးနဲ့တကွ ကြေညာပေးပါ့မယ်” လို့ BWM အဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အဆိုပါ တိုက်ခိုက်မှုကိုတော့ Brave Warriors for Myanmar (BWM) အဖွဲ့ရဲ့ ဦးဆောင်စီမံမှုနဲ့အတူ Mountain Knight Civilian Defense Forces (MKCDF)၊ Anti-Coup People’s Liberation Force (ACPLF) ၊ သံတောင်မြောက်ပိုင်း အထူးဒေသ အဖွဲ့ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကျိုက်ထို-ဘီးလင်းလမ်းပိုင်းမှာ အကြမ်းဖက်စစ်တပ်ရဲ့ လုံခြုံရေးကင်းပုန်းယာဉ်တန်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

ရန်ကုန်- မော်လမြိုင်လမ်းမကြီး ကျိုက်ထို-ဘီးလင်းလမ်းပိုင်းမှာ မတ်လ ၆ ရက် နံနက်ပိုင်း အကြမ်းဖက်စစ်တပ်ရဲ့ လုံခြုံရေးကင်းပုန်းယာဉ်တန်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ နဂါးဖြူးစစ်ကြောင်းထံက သိရပါတယ်။
Read More

ဖာပွန်မြို့သိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ထံက ဟောင်ဝှစ်ဇာအမြောက် ၁ လက် သိမ်းဆည်းရရှိ (ရုပ်/သံ)

ကရင်ပြည်နယ်၊ ဖာပွန်မြို့သိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ထံက  ဟောင်ဝှစ်ဇာအမြောက် ၁ လက်ကို KNU လက်အောက်ခံ KNLA တပ်မဟာ(၅) က သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

မြိတ်မှာ စစ်ကောင်စီ ရိက္ခာပို့ယာဉ်တန်း တိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်သား ၅ ဦး သေဆုံး (ရုပ်/သံ)

မြိတ်မြို့နယ်မှာ စစ်ကောင်စီရိက္ခာပို့ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

စစ်အာဏာရှင်ကြောင့် ချုပ်ငြိမ်းခဲ့ရတဲ့ လူ့အခွင့်အရေးတွေ ပြန်ရတဲ့အတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ CRPH အဖွဲ့ဝင်များ ပြောကြား (ရုပ်/သံ)

(၇၇)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် “ငါတို့အသံ၊ငါတို့တိုက်ပွဲ၊ ငါတို့အခွင့်အရေး” ကမ်ပိန်းအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အဖွဲ့ဝင်များက ယခုလိုပဲ ပြောကြားခဲ့ပါတယ်။
Read More

မန္တလေး မဟာအောင်မြေမြို့နယ် ကမ္ဘောဇဘဏ်မှာ လက်နက်ကိုင် ဓားပြတိုက်မှုဖြစ်ပွားပြီး ငွေကျပ်သိန်း ၁၀၀၀ ကျော် ပါသွား (ရုပ်/သံ)

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက်၊ ၇၃ လမ်း ၄၁ လမ်းရှိ ကမ္ဘောဇဘဏ်ကို ဒီနေ့ ဖေဖော်ဝါရီ ၂၁ ရက် နေ့လယ်ပိုင်းမှာ သေနတ်ကိုင်ဆောင်ထားသူ ၁ ယောက် ဝင်ရောက်ကာ ဓားပြတိုက်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

ဒေသတခုချင်းလွတ်မြောက်ရေးမှသည် ပြည်ထောင်စုတခုလုံး လွတ်မြောက်ရေးသို့ ဆက်လက်ချီတက်ကြပါစို့ (ရုပ်/သံ)

ဒီနေ့မှာကျရောက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဖွဲ့စည်းတည်ထောင်ခြင်း (၄)နှစ်ပြည့်အဖြစ် NUG ကာကွယ်ရေးဝန်ကြီးဌာနက မှတ်တမ်းရုပ်သံတစ်ခုကို လူမှုကွန်ရက်ကနေမျှဝေခဲ့ပါတယ်။