တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်ခန်းမမှာ ကျင်းပတဲ့ 5.18 ဂွမ်ဂျူး ဒီမိုကရေစီတော်လှန်‌ရေး ၄၅ နှစ်မြောက် အောက်မေ့ဘွယ်အခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးရန်နိုင်ထွန်း၊ NUG Korea ကိုယ်စားလှယ်ရုံး အထောက်အကူပြုအဖွဲ့ဝင်၊ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ ပူးတွဲဥက္ကဋ္ဌ ဦးတင်ဌေးအောင်နဲ့ မြန်မာ့နွေဦးတော်လှန်ရေးမှာ တက်ကြွစွာပါဝင်ဆောင်ရွက်ကြတဲ့ မြန်မာရဲဘော်တွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

အဆိုပါအခမ်းအနားကို ကိုရီးယား အစိုးရအဖွဲ့က ဝန်ကြီးတွေ၊ ပါတီအဖွဲ့အစည်းအသီးသီးက လွှတ်တော်အမတ်တွေ၊ နိုင်ငံတကာသံတမန်တွေနဲ့ အထူးဖိတ်ကြားထားသူတွေ တက်ရောက်ခဲ့ကြ‌တယ်လို့လည်း သိရပါတယ်။

အခမ်းအနားမှာ ဆိုးလ်မြို့တော် အုပ်ချုပ်ရေးမှူး မစ္စတာ ချွဲစူးဒုံ က ဂုဏ်ပြုအောက်မေ့ဘွယ်စကားပြောကြားရာမှာ လက်ရှိ မြန်မာနိုင်ငံအတွင်းက မြန်မာပြည်သူတွေ စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်ရေးအတွက် တော်လှန်တိုက်ပွဲဝင်နေမှုကို ကိုရီးယားအစိုးရနဲ့ ပြည်သူတွေအနေနဲ့လည်း အစဉ်အားပေးထောက်ပံ့ကူညီ ပူးပေါင်းပေးကြစေလိုကြောင်း၊ ဒီနေ့ အခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးရန်နိုင်ထွန်းကိုလည်း အထူးဖိတ်ကြားထားပြီး ကိုယ်စားလှယ်ကြီးကိုယ်တိုင် တက်ရောက်နေကြောင်း ထည့်သွင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ငလျင်ဒဏ်သင့် ပြည်သူများ ကူညီကယ်ဆယ်ရေးအတွက် ဗီယက်နမ် ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ ရောက်ရှိ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ဘေးသင့် မြန်မာပြည်သူတွေ ကူညီကယ်ဆယ်မှု ပြုလုပ်ဖို့အတွက် ဗီယက်နမ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနနဲ့ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေ မြန်မာနိုင်ငံကို ရောက်ရှိနေပြီလို့ ဗီယက်နမ် လေကြောင်းလိုင်း Vietjet က ထုတ်ပြန်ထားပါတယ်။
Read More

စစ်တပ်၏ ရွေးကောက်ပွဲအတုကို လက်မခံကြောင်း တောင်ကိုရီးယားရောက် တော်လှန်ပြည်သူများ ဆန္ဒပြ

အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲကို လက်မခံကြောင်း၊ ပြတ်ပြတ်သားသား ဆန့်ကျင်ကန့်ကွက်ကြောင်း တောင်ကိုးရီးယားနိုင်ငံရောက် တော်လှန်ပြည်သူတွေက "နိုင်ငံလုံးဆိုင်ရာ ချီတက်ဆန္ဒပြပွဲ" အနေနဲ့ ဆန္ဒပြခဲ့ကြတယ်လို့ မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် (MFDMC) ထံက သိရပါတယ်။
Read More

မြန်မာကနေ နျူကလီးယားကုန်ကြမ်းပစ္စည်း မှောင်ခိုရောင်းဝယ်ခဲ့ကြောင်း ဂျပန်ယာကူဇာခေါင်းဆောင် ဝန်ခံ

မြန်မာကနေ နျူကလီးယားကုန်ကြမ်းပစ္စည်းတွေ မှောင်ခိုရောင်းဝယ်မှုနဲ့ အမေရိကန်အာဏာပိုင်တွေက စွဲချက်တင်ထားတဲ့ ဂျပန်ယာကူဇာဂိုဏ်း ခေါင်းဆောင်က သူ့မှာ အပြစ်ရှိကြောင်း ဇန်နဝါရီလ ၈ရက် ဗုဒ္ဓဟူးနေ့က ဝန်ခံခဲ့တယ်လို့ အမေရိကန်တရားရေးဌာနက ထုတ်ပြန်ကြောင်း Reuters သတင်းမှာ ဖော်ပြပါတယ်။ 
Read More

ဘန်ကောက်နှင့် ချင်းမိုင်ရှိ စားသောက်ဆိုင်များတွင် မြန်မာအလုပ်သမားများ ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့နဲ့ ချင်းမိုင်မြို့တွေက စားသောက်ဆိုင်တွေမှာ တရားမဝင် လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသား ၇ ဦးကို ထိုင်းလူမှုကြီးကြပ်ရေးအာဏာပိုင်တွေက ဖမ်းဆီးခဲ့ကြတယ်လို့ Khaosod သတင်းမှာ ဖော်ပြပါတယ်။
Read More

မြန်မာက လိမ်လည်လုပ်ငန်းတွေကိစ္စ ထိုင်းကိုအပြစ်တင်လို့မရဘူးလို့ ထိုင်းအစိုးရပြော၊ BGF ကို လျှပ်စစ်ဓာတ်အား ဆက်ရောင်းနေသေးတဲ့အပေါ် ထိုင်းလွှတ်တော်မေးခွန်းထုတ်

မြန်မာပြည်မှာ အွန်လိုင်းလိမ်လည်လုပ်ငန်းတွေ ပြန့်ပွားနေမှုအတွက် ထိုင်းကိုလည်း တစိတ်တပိုင်းအပြစ်တင်ထားတဲ့ မြန်မာစစ်ကောင်စီရဲ့ ပြောဆိုချက်ကို လက်မခံကြောင်း၊ ဒီကိစ္စက အဖွဲ့ပေါင်းစုံပါဝင်ပတ်သက်နေပြီး ရှုပ်ထွေးကြောင်း ထိုင်းဒုဝန်ကြီးချုပ် Phumtham Wechayachai က ပြောဆိုခဲ့တယ်လို့ ဘန်ကောက်ပို့စ်မှာ ဇန်နဝါရီလ ၂၄ ရက်က ဖော်ပြပါတယ်။
Read More

စစ်တပ်ကို နိုင်ငံတကာက အရေးယူရန် လိုအပ်ပြီး တိတ်ဆိတ်နေခြင်းဟာ လူသတ်သမားများကို ကာကွယ်ပေးခြင်းဖြစ်ဟု ကိုထိန်လင်း ပြော

ရခိုင်ပြည်နယ်၊ မြောက်ဦးဆေးရုံကို လူမဆန်စွာ ဗုံးကြဲကာ ပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ စစ်အုပ်စုကို နိုင်ငံတကာအနေနဲ့ ချက်ချင်းအရေးယူသင့်ပြီး တိတ်ဆိတ်နေခြင်းဟာ လူသတ်သမားတွေကို ကာကွယ်ပေးနေခြင်း ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်းက ပြောဆိုပါတယ်။