စစ်ကောင်စီရဲ့ တောင်ငူ (ကေတုမတီ) လေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ၈လုံးကို အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့က သတင်းထုတ်ပြန်လာပါတယ်။

အဲဒီ တိုက်ခိုက်မှုကို ဒီနေ့ မေလ ၁၈ ရက်၊ မနက် ၁ နာရီ ၄၈ မိနစ် အချိန်မှာ ဖော်ဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ မြေပြင်မှာ တော်လှန်ရေးတပ်ဖွဲ့တွေကို ရင်ဆိုင်နိုင်စွမ်းမရှိတော့တာကြောင့် ဝေဟင်ကို အသုံးပြုကာ တိုက်ခိုက်မှုတွေကို လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။

အဲဒီလို စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု၊ ရာဇဝတ်မှုတွေကို အဆိုပါ ကေတုမတီလေတပ်စခန်းက ထောက်တိုင်တစ်ခုအဖြစ် တာဝန်ထမ်းဆောင်ပေးနေပြီး အခုရက်ပိုင်းမှာ တောင်ပိုင်း တော်လှန်ရေး အင်အားစုတွေရဲ့ တော်လှန်ရေး လှုပ်ရှားမှုတွေကို တရစပ် ဗုံးကြဲတိုက်ခိုက်ရာမှာလည်း ကေတုမတီ လေတပ်စခန်းကပင် အဓိက ပါဝင်နေတာကြောင့် အခုလို တိုက်ခိုက်ရတာ ဖြစ်တယ်လို့ BMW က ဆိုထားပါတယ်။

“ဟုတ်ကဲ့ ထိခိုက်မှုတွေကတော့ စုံစမ်းနေဆဲပါ၊ ၈ လုံးဆိုတော့ ထိခိုက်မှုတော့ များနိုင်ပါတယ်။ ရှော့တိုက်ဒုံး ကျသွားတဲ့ နေရာတော့ မသိရသေးပါဘူး။ သိရရင် အပျက်အစီးနဲ့တကွ ကြေညာပေးပါ့မယ်” လို့ BWM အဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

နွေဦးတော်လှန်ရေး အောင်မြင်ဖို့ စစ်ကောင်စီရဲ့ လေတပ်ကို ပြိုလဲအောင် လုပ်ဖို့ လိုအပ်တာကြောင့် စစ်ကောင်စီရဲ့ လေတပ်၊ တိုက်လေယာဉ်၊ pilot ၊ လေယာဉ်ဆီ၊ ဗုံးသီးတန်ဆာတို့ ထုတ်လုပ်တဲ့ စက်ရုံ အပါအဝင် လေတပ်ကို အားဖြည့်နေတဲ့ ဒေါက်တိုင်မျိုးစုံတို့ကို နှိမ်နင်းရန် တော်လှန်ရေးအင်အားစုတွေ၊ ပြည်သူတွေကနေ လက်လှမ်းမှီသလို ဝိုင်းဝန်း ကြိုးပမ်းပေးကြဖို့ကို BWM ကနေ မေတ္တာရပ်ခံထားပါတယ်။
အဆိုပါ တိုက်ခိုက်မှုကိုတော့ Brave Warriors for Myanmar (BWM) အဖွဲ့ရဲ့ ဦးဆောင်စီမံမှုနဲ့အတူ Mountain Knight Civilian Defense Forces (MKCDF)၊ Anti-Coup People’s Liberation Force (ACPLF) ၊ သံတောင်မြောက်ပိုင်း အထူးဒေသ အဖွဲ့ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ယနေ့မနက် အစောပိုင်းတွင် ကေတုမတီ လေတပ်စခန်းအား ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်စဉ် (ဓာတ်ပုံ BWM)

0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်တပ်၏ တိုက်ခိုက်မှုအန္တရာယ်ကြားမှ ကော်သူးလေ အစိုးရစစ် စာမေးပွဲ ပြီးမြောက်အောင်မြင်ကြောင်း KNU ဗဟို ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်ပညာရေး နှင့် ကျန်းမာရေးဌာနက ပြုလုပ်ခဲ့တဲ့ (၁၂)တန်း ကော်သူးလေအစိုးရစစ် စာမေးပွဲ ပြီးမြောက် အောင်မြင်ခဲ့တယ်လို့ KNU ဗဟိုက ဒီနေ့ထုတ်ပြန်ပါတယ်။
Read More

မိုင်းငေါ့မြို့နယ်၊ ကွမ်းစလန်းကျေးရွာရှိ ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၊ ကလေး ၁ ဦးသေဆုံးပြီး ကျောင်းအဆောင်အားလုံးနီးပါး ပျက်စီး…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းငေါ့မြို့နယ်၊ ကွမ်းစလန်းကျေးရွာရှိ ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ ကလေး ၁ ယောက် သေဆုံးပြီး ကျောင်းအဆောင်အားလုံးနီးပါး ပျက်စီးခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပဲခူးတိုင်း ပကဖ က ရေဘေးသင့်ပြည်သူတွေကို ထောက်ပံ့မှုတွေ ပြုလုပ်

ပဲခူးတိုင်းအရှေ့ခြမ်း စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေးနယ်မြေ ပကဖ၊ ပအဖနဲ့အဖွဲ့တွေက ရေဘေးဒဏ်သင့် ဒေသခံပြည်သူတွေကို ရိက္ခာနဲ့ ငွေကြေးတွေ ထောက်ပံ့ခဲ့တယ်လို့ ပကဖအသံက သတင်းဖော်ပြထားပါတယ်။
Read More

မင်းကင်းတွင် အင်အား ၁၀၀ ကျော်ရှိ စစ်တပ်စစ်ကြောင်းနှင့် တိုက်ခိုက်ဖြစ်၊ စစ်အုပ်စုက ၁၀ ဦး သေ၊ ၁ ဦးအရှင်မိပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်မှာ အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ရာ ၁၀ ယောက် သေဆုံးပြီး ၁ ယောက် အရှင်ဖမ်းမိခဲ့တယ်လို့ ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) က ထုတ်ပြန်ထားပါတယ်။
Read More

ညောင်ဦးတွင် မဲရုံစောင့် စစ်ကော်မရှင်တပ်သားများ တိုက်ခိုက်ခံရပြီး ၅ ဦး သေကာ မဲရုံများ ပြန်လည်ရုတ်သိမ်းခဲ့ရ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်းက ကျေးရွာတွေမှာ မဲရုံစောင့်ဖို့ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်သားတွေကို ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA) နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က သေဆုံးထိခိုက်မှုတွေရှိခဲ့ပြီး မဲရုံတွေကိုပါ ပြန်လည်ရုတ်သိမ်းသွားခဲ့ရတယ်လို့ PDA တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

“ငါ့အကြောင်း မသိဘူးထင်တယ် သိစေရမယ်ကွ” ဆိုပြီး PDF တွေကို ခြိမ်းခြောက်တဲ့ အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

စစ်ရေးတင်းမာနေတဲ့ မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ PDF တပ်ဖွဲ့ဝင်တွေကို ခြိမ်းခြောက်ပြောဆိုခဲ့တဲ့ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးဆိုသူ နေအိမ်အတွင်း ပစ်ခတ်ရှင်းလင်းခံလိုက်ရကြောင်း သိရပါတယ်။