ထိုင်းနိုင်ငံ တာ့ခရိုင်မှာ ဒီနေ့ မေလ ၁၈ ရက် နေ့လယ်ပိုင်းက တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သားတွေ လိုက်ပါစီးနင်းလာတဲ့ ကားတစ်စီးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြပါတယ်။

အဆိုပါ ကားကို နယ်ခြားစောင့် အထူးတပ် ရာချာမန်နုက တာ့ခရိုင်၊ ဖော့ဖရာ့၊ အမှတ် ၃ ကျေးရွာအနီး ကြားဖြတ်ဖမ်းဆီးခဲ့ရာ ကားပေါ်မှာ အသက် ၁၉နှစ်ကနေ ၃၆နှစ်အတွင်း မြန်မာလူမျိုး ၉ယောက်နဲ့ ထိုင်းလူမျိုး ယာဉ်မောင်း ၁ယောက် ပါဝင်တယ်လို့ ဆိုပါတယ်။

ထိုင်းယာဉ်မောင်းက မြန်မာလုပ်သားတွေကို နယ်စပ်ကနေ တရားမဝင် ခေါ်ဆောင်လာကြောင်း ဝန်ခံခဲ့ပြီး ဖော့ဖရာ့၊ ခီရီရတ်ကတဆင့် ဘန်ကောက် အပါအဝင် ထိုင်းနိုင်ငံထဲမှာ အလုပ်အကိုင်ရှာဖွေဖို့ သွားကြမှာ ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

အဆိုပါ ဖမ်းဆီးခံရသူတွေအားလုံးကို ဖော့ဖရာ့ ရဲစခန်းကို ပို့ဆောင်ထားပြီး ဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

မူရင်းသတင်း – Khaosod English

 

0 Shares:
You May Also Like
Read More

မဏိပူရ်အကျဉ်းထောင်တွင် ဖမ်းဆီးထားသည့် မြန်မာနိုင်ငံသား ၆၀ ကျော်ကို ပြန်လွှတ်ပေးရန် ကူကီးလူ့အခွင့်အရေးအဖွဲ့ တောင်းဆို

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ အင်ဖာဗဟိုအကျဉ်းထောင်အတွင်း ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသား ကူကီးလူမျိုး ၆၀ ကျော်ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ကူကီးလူ့အခွင့်အရေးအဖွဲ့ (KOHUR) က အမျိုးသားလူ့အခွင့်အရေးကော်မရှင် (NHRC) နဲ့ မဏိပူရ်ပြည်နယ်အုပ်ချုပ်ရေးမှူး Ajay Kumar Balla တို့ကို အရေးပေါ်အယူခံဝင်ခဲ့ကြောင်း အိန္ဒိယအရှေ့မြောက်သတင်းမှာ ဇူလိုင် ၂၇ ရက်က ဖော်ပြပါတယ်။
Read More

ထိုင်းနိုင်ငံ တာ့ခ်ခရိုင်က မြို့နယ်၂ခုမှာ ၂ရက်အတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော်တဲ့ မြန်မာ ၂၆ ယောက် ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်ထဲက မဲဆောက်နဲ့ ဖုတ်ဖရမြို့နယ်တို့မှာ ၂ရက်အတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၂၆ ယောက် ဖမ်းဆီးခံခဲ့ရတယ်လို့ ထိုင်းအခြေစိုက် မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူတွေဆီက သိရပါတယ်။
Read More

ကျဆုံး ကျောင်းသားရဲဘော်များအား Daly City ကျောင်းသားသမဂ္ဂမှ ဂုဏ်ပြု

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ Daly City မှာ Daly City ကျောင်းသားသမဂ္ဂက ဇူလိုင် ၂၇ ရက်မှာ ပြုလုပ်တဲ့ လူထုရံပုံငွေစျေးရောင်းပွဲမှာ ပါဝင်ခဲ့ပြီး ကျဆုံးသွားတဲ့ ကျောင်းသားရဲဘော်တွေကို ဂုဏ်ပြုခဲ့တယ်လို့ ဗကသများ အဖွဲ့ချုပ်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ထိုင်းနိုင်ငံမှာ မြန်မာပြည်ထွက်စားသောက်ကုန်များ တရားမဝင်ရောင်းချမှုကြောင့် ကုန်စုံဆိုင်ပိုင်ရှင်နှင့် မြန်မာအလုပ်သမား ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ ဖန်ငမှာ မြန်မာပြည်ထွက်စားသောက်ကုန်တွေ တရားမဝင်ရောင်းချမှုကြောင့် ကုန်စုံဆိုင်တစ်ဆိုင်ကို စစ်ဆေးရာ ဆိုင်ပိုင်ရှင် ထိုင်းလူမျိုးနဲ့ ဈေးရောင်းဝန်ထမ်း မြန်မာအမျိုးသမီး ၁ ယောက် ဖမ်းဆီးခံလိုက်ရတယ်လို့ ထိုင်းသတင်းတွေမှာ မနေ့က ဖော်ပြထားပါတယ်။
Read More

စစ်ကောင်စီကို လက်နက်ရောင်းချနေသည့် အိန္ဒိယကုမ္ပဏီထံမှ ရင်းနှီးမြှုပ်နှံငွေများအား ဆွီဒင်ပင်စင် ရန်ပုံငွေအဖွဲ့ ပြန်လည်ထုတ်ယူမှုအပေါ် JFM ကြိုဆို

စစ်ကောင်စီထံ လက်နက်ရောင်းချနေတဲ့ အိန္ဒိယစစ်လက်နက်ကုမ္ပဏီမှာ ရင်းနှီးမြှုပ်နှံထားမှုတွေကို  ဆွီဒင်ပင်စင်ရန်ပုံငွေအဖွဲ့က ပြန်လည်ထုတ်ယူလိုက်ခြင်းအပေါ်  Justice For Myanmar (JFM) က ကြိုဆိုကြောင်း ထုတ်ပြန်လိုက်ပါတယ်။
Read More

အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲကို အားပေးထောက်ခံခြင်းမပြုလုပ်ဖို့ နိုင်ငံတကာကို အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့ချုပ် တောင်းဆို

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို အားပေးထောက်ခံခြင်းမပြုလုပ်ဖို့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့ချုပ် (FIDH) က နိုင်ငံတကာကို တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။