အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက မေလ ၁၇ ရက် ဒီနေ့မှာ တောင်ကိုရီးယားနိုင်ငံ၊ ဂွမ်ဂျူးမြို့၊ ကင်ဒေးဂျုံးစင်တာမှာ ပြုလုပ်တဲ့ “World Human Rights Cities Forum 2025” ကို တက်ရောက်ပြီး မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေကို ရှင်းလင်းတင်ပြခဲ့တယ်လို့ သိရပါတယ်။

၁၉၈၀ ခုနှစ် မေလ ၁၈ ရက်မှာ ဂွမ်ဂျူးမြို့က စတင်ခဲ့တဲ့ တောင်ကိုရီးယားနိုင်ငံ ဒီမိုကရေစီအရေးတော်ပုံရဲ့ ၄၅ နှစ်မြောက် အောက်မေ့ဘွယ် အခမ်းအနားတွေထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ ဂွမ်ဂျူးမြို့တော်ဝန် ဦးဆောင်ကျင်းပတဲ့ “ကမ္ဘာ့လူ့အခွင့်အရေးမြို့များဖိုရမ် ၂၀၂၅” မှာ NUG ဝန်ကြီး ဦးအောင်မျိုးမင်းက “Cities Against Violence” ကဏ္ဍမှာ ဦးဆောင်ဆွေးနွေးသူ ၁ ယောက်အဖြစ် ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
NUG ဝန်ကြီးက “YANGON: A City of Resilience Against Political Violence” ခေါင်းစဉ်နဲ့ စစ်တပ်ရဲ့ နိုင်ငံရေးအကြမ်းဖက်မှုတွေကို ငြိမ်းချမ်းစွာဆန္ဒပြခြင်း၊ ပန်းသပိတ်၊ ထီးသပိတ်၊ အသံတိတ်သပိတ် စသဖြင့် ခေတ်အဆက်ဆက် အကြမ်းမဖက်ငြိမ်းချမ်းစွာ တွန်းလှန်ခဲ့တဲ့ မြန်မာနိုင်ငံသားတွေရဲ့ ကြိုးပမ်းမှုတွေကို တင်ပြဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

WHRCF ဖိုရမ်ကို ကမ္ဘာပေါ်မှာ လူ့အခွင့်အရေးကို လေးစားတန်ဖိုးထားတဲ့ မြို့တွေ ထွန်းကားလာရေး ဦးတည်ကာ နှစ်စဉ် ကျင်းပတာဖြစ်ပြီး၊ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ဦးဆောင်တဲ့ နိုင်ငံတကာရှိ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပညာရှင်တွေ ပါဝင် တက်ရောက်လေ့ရှိတယ်လို့ သိရပါတယ်။

ဒီနေ့ပြုလုပ်တဲ့ ဖိုရမ်ရဲ့ ကျင်းပရေးအဖွဲ့က မြန်မာနိုင်ငံ ငလျင်ဘေး ကူညီရေးအလှူအဖြစ် NUG ဝန်ကြီးကို ဒေါ်လာ ၂၀၀၀ ပေးအပ်ခဲ့တယ်လို့လည်း သိရပါတယ်။
0 Shares:
You May Also Like
Read More

မဲဆောက်တွင် ထိုင်းအာဏာပိုင်များမှ မြန်မာရွှေ့ပြောင်းလုပ်သားများ၏ တရားမဝင် စျေးဆိုင်ခန်းများနှင့် သုံးဘီးယာဥ်၊ ဘတ္ထရီစက်ဘီး စီးနင်းသူများကို အရှိန်ဟုန်မြှင့် စစ်ဆေးနေ…

" ဒီမနက် မဲဆောက်စျေးသွားတာ သရဲခြောက်မှာ​တောင်​ ကြောက်ရတယ်။ နေလာတဲ့ တစ်သက်နဲ့တစ်ကိုယ် ဒီလောက် ခြောက်ကပ်တာမျိုး မတွေ့ဖူးဘူး" လို့ မဲဆောက်မြို့မှာ အခြေချနေထိုင်နေသူတစ်ယောက်က​ မောင်းသတင်းဌာနကို​ ပြောပါတယ်။
Read More

ပြည်တွင်းရေးစွက်ဖက်မှုအတွက် တရုတ်ကို သပိတ်မှောက်ဆန့်ကျင်ရေးတွေ ပြုလုပ်နေကြ

လက်ရှိ မြန်မာ့နွေဦးတော်လှန်ရေးမှာ တရုတ်ရဲ့ ဝင်ရောက်စွက်ဖက်မှုတွေကို သဘောမကျတဲ့ မြန်မာပြည်သူတွေဟာ ဖက်စစ်တော်လှန် တရုတ်ကိုအန်တု ပြည်သူ့ဆန့်ကျင်ရေး လှုပ်ရှားမှုကို ပြုလုပ်နေကြပါတယ်။
Read More

အာဆီယံဥက္ကဋ္ဌအနေနဲ့ မြန်မာ့အရေး ဦးစားပေးဆောင်ရွက်မယ်လို့ မလေးရှားပြော

မလေးရှားအနေနဲ့ အာဆီယံဥက္ကဋ္ဌတာဝန်ယူချိန်မှာ အဓိကစိန်ခေါ်မှုတွေအတွက် အဖြေရှာဖို့နဲ့ ဘယ်အဖွဲ့ဝင်နိုင်ငံကိုမှ ချန်လှပ်မထားစေရေး ဦးစားပေးလုပ်ရမှာဖြစ်ကြောင်း ဝန်ကြီးချုပ် အန်ဝါအီဘရာဟင် က ပြောဆိုထားတယ်လို့ Khmer Times သတင်းက ဇန်နဝါရီ ၁၀ ရက်မှာ ဖော်ပြပါတယ်။ 
Read More

မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံတာက ထိုင်းကို တစ်ကမ္ဘာလုံးရှေ့မှာ အရှက်ခွဲသလိုပဲလို့ ထိုင်းလွှတ်တော်အမတ်ဝေဖန်

ထိုင်းဝန်ကြီးချုပ်ပတွန်တန် ရှင်နာဝပ်ထရာအနေနဲ့ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အကြောင်းမယ်မယ်ရရမရှိဘဲ တွေ့ဆုံခဲ့မှုဟာ ထိုင်းကို တစ်ကမ္ဘာလုံးရှေ့မှာ အရှက်ခွဲသလိုဖြစ်နေတယ်လို့ ထိုင်းလွှတ်တော်အမတ်တစ်ဦးက ၎င်းရဲ့လူမှုကွန်ရက်မှာ ဝေဖန်ထောက်ပြပြောဆိုထားပါတယ်။
Read More

ငလျင်ဘေးသင့်စဉ် အကူအညီပေးအပ်ခဲ့သည့် အမေရိကန်အစိုးရကို ကျေးဇူးတင်ကြောင်း မင်းအောင်လှိုင် ပြော

နိုင်ငံတစ်ဝန်း ငလျင်ဘေးသင့်စဉ် အကူအညီတွေ ပေးအပ်ခဲ့တဲ့ အမေရိကန်အစိုးရကို ကျေးဇူးတင်ရှိတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

အီဖယ်တာဝါမှ ထီးသပိတ်လှုပ်ရှားမှု (ဓာတ်ပုံသတင်း)

ပြင်သစ်နိုင်ငံ၊ ပါရီမြို့ကနေ ပေးပို့လာတဲ့ ၃၇ နှစ်မြောက် ၈၈၈၈ အထိမ်းအမှတ်အကြို ၈၈၈၈ ထီးသပိတ်လှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံတွေကို ရန်ကုန်လူထုသပိတ်က ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။