တနင်္သာရီတိုင်းအခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ အမှတ်(၂၇၃) ခြေလျင်တပ်ရင်းနဲ့ အမှတ်(၁၀၁) ခြေမြန်တပ်ရင်းက စစ်ကောင်စီတပ်သား ၂ ယောက်ဟာ ဒေါနစစ်ကြောင်းဆီ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနတပ်ရင်း၊ ချေမှုန်းရေးတပ်ခွဲ(၇) – Launglone Peninsula Force က မနေ့က ထုတ်ပြန်ပါတယ်။

ရေဖြူမြို့နယ်၊ ကံပေါက်အခြေစိုက် ခလရ ၂၇၃ က စစ်ကောင်စီတပ်သား ရန်ရှင်းနဲ့ မြိတ်မြို့အခြေစိုက် ခမရ ၁၀၁ က စစ်ကောင်စီတပ်သား သူရဝင်း တို့နှစ်ယောက် အလင်းဝင်လာတယ်လို့ ဆိုပါတယ်။
အဆိုပါစစ်ကောင်စီတပ်သား ၂ ယောက်ဟာ MA-1 (၁)လက်၊ ကျည်ဘောက်(၂)ဘောက်၊ ကျည်တောင့် (၂၀၀) တောင့်နဲ့အတူ လက်နက်ချအလင်းဝင်ရောက်လာတယ်လို့ သိရပါတယ်။

လက်နက်နဲ့ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သား ၂ ယောက်ကို ဂုဏ်ပြုဆုငွေတွေ ချီးမြှင့်ပေးခဲ့တယ်လို့ Launglone Peninsula Force က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

NUG ရဲ့ တောင်ပိုင်းစစ်ဒေသမှာ စက်တင်ဘာလ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား (၁၄၇) ယောက်သေ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသနယ်မြေမှာ စက်တင်ဘာလ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား  (၁၄၇) ယောက် သေဆုံးပြီး (၉၆) ယောက် ဒဏ်ရာရကာ (၈) ယောက်ကို အရှင်လက်ရဖမ်းဆီးရမိခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဗမာပြည်နယ်ပေါ်ထွန်းရေးနှင့်အတူ စစ်အာဏာရှင်ကို တိုက်ထုတ်သွားမည့် ဗမာ့တပ်တော်-Bamar Army ကို ၂၀၂၅ နှစ်သစ်တွင် စတင်ဖွဲ့စည်း

စစ်အာဏာရှင်ကို မြန်မာပြည်အလယ်ပိုင်းကနေ အခြေပြု တွန်းလှန်ရင်း ဗမာတိုင်းရင်းသားလူမျိုးစု ပြည်နယ်ပေါ်ထွန်းရေးကို ကြိုးစားသွားဖို့ရှိတဲ့ ဗမာ့တပ်တော် - B​amar Army ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ရက်နေ့မှာ စတင်ဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန်ထားပါတယ်။
Read More

ကြာအင်းဆိပ်ကြီးမှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ဦး သေဆုံးပြီး ရဟန်း ၂ ပါးအပါ ၁၀ ဦး ဒဏ်ရာရ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ယောက် သေဆုံးပြီး ရဟန်း ၂ ပါးအပါအဝင် ၁၀ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ နဂါးနီစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
Read More

ပြည်သူများ၏ စိတ်အားထက်သန်မှု မရဘဲ ရွေးကောက်ပွဲအတု အပိုင်း (၁) ခြောက်ကပ်ကပ် ပြီးဆုံး

အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲအတု အပိုင်း (၁) ဟာ ပြည်သူတွေရဲ့ စိတ်ဝင်စားမှု၊ စိတ်အားထက်သန်မှု၊ စည်ကားမှုတွေ မရှိဘဲ တိတ်ဆိတ်ခြောက်ကပ်မှုနဲ့အတူ မနေ့က ပြီးဆုံးသွားခဲ့ပါပြီ။
Read More

နောင်ချို၊ ဂန့်ကော်ရွာတိုက်ပွဲအတွင်း စစ်တပ်က ဒရုန်းနဲ့ ကြဲချတိုက်ခိုက်လို့ ဘုန်းကြီးကျောင်း ပျက်စီး

TNLA ကထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ် နောင်ချိုမြို့နယ်၊ ဂန့်ကော်ကျေးရွာက အရပ်သားပစ်မှတ်တွေကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ကြောင်း TNLA က အသိပေးထုတ်ပြန်ပါတယ်။
Read More

ပုလဲနယ်က အကြမ်းဖက်စခန်းတွေကို စက်တင်ဘာလအတွင်း ဗုံးအလုံး ၁၀၀ ကျော် ကြဲချတိုက်ခိုက်မှုကြောင့် စစ်ကောင်စီလက်အောက်ခံ အများအပြားသေ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းနဲ့ အကြမ်းဖက်ရဲစခန်းတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက တစ်လအတွင်း ဒရုန်နဲ့ ဗုံးသီး အလုံး ၁၀၀ ကျော်နဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။