မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၁ ယောက် သေဆုံးပြီး ကလေးငယ်တွေနဲ့ သံဃာတော်တွေအပါအဝင် ၈ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီနေ့ ထုတ်ပြန်ပါတယ်။

မေလ(၁၅)ရက်က အကြမ်းဖက်စစ်ကောင်စီတပ်ဟာ သပိတ်ကျင်းမြို့နယ်၊ လမ်းလယ်ကျစ်ကျေးရွာကို တိုက်ပွဲမဖြစ်ပွါးဘဲ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ အမျိုးသမီး(၁) ယောက် အသက်ဆုံးရှုံးခဲ့ရပြီး သံဃာတော်တွေနဲ့ ကလေးသူငယ်တွေအပါအဝင် ပြည်သူ(၈) ယောက်ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

မေလ ပထမလဝက်အတွင်း အကြမ်းဖက် စစ်ကောင်စီတပ်က မတ္တရာမြို့နယ် ၊ စဉ့်ကူးမြို့နယ်နဲ့ သပိတ်ကျင်းမြို့နယ်တို့ကို လေကြောင်းတိုက်ခိုက်မှု (၅၇)ကြိမ် ပြုလုပ်ခဲ့ရာ အပြစ်မဲ့ပြည်သူ (၇၂) ယောက် သေဆုံးခဲ့ပြီး ပြည်သူ (၁၄၁) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

PDF နှင့် မဟာမိတ် တိုင်းရင်းသားတပ်ဖွဲ့များ လက်တွဲညီညီ ကြိုးစားရင် တော်လှန်ရေး ဘုံရည်မှန်းချက်များ မဝေးတော့ ဟု NUG ပြော

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တွေနဲ့ မဟာမိတ် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေအားလုံး လက်တွဲညီညီ ကြိုးစားမယ်ဆိုရင် ဘုံရည်မှန်းချက်ဖြစ်တဲ့ စစ်အာဏာရှင်စနစ် အဆုံးသတ်ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် တည်ဆောက်ရေးဟာ မဝေးတော့တဲ့ လက်တကမ်းအကွာမှာ ရောက်ရှိနေပြီလို့ NUG က ပြောပါတယ်။
Read More

မုံရွာ-ချောင်းဦး လမ်းပိုင်းတစ်နေရာမှာ စစ်ကောင်စီတပ် သံပြားကာကားယာဥ်တန်းကို တော်လှန်ရေးတပ်များ ပစ်ခတ်တိုက်ခိုက်…

စစ်ကိုင်းတိုင်း၊ မုံရွာ-ချောင်းဦး လမ်းပိုင်းတစ်နေရာမှာ ရိက္ခာပို့ပြီး ပြန်လာတဲ့ စစ်ကောင်စီတပ်ရဲ့ သံပြားကာကားတွေနဲ့ ကင်းပုန်းဝပ်နေတဲ့ ပျူစောထီးတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင်အမှတ် ၁၇ တပ်ရင်း တပ်ခွဲ ( ၃ ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ထိုင်းမှာ ရက်၁၂၀ ကျော်အတွင်း မြန်မာလုပ်သား နှစ်သိန်းကျော် ဖမ်းဆီးခံရ

ထိုင်းမှာ မြန်မာလုပ်သားတွေ ရက် ၁၂၀ ကျော် စီမံကိန်းအတွင်း နှစ်သိန်းတစ်သောင်း နီးပါး ဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

မြိတ်ခရိုင်အတွင်း ပြည်သူတွေအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ စည်းမျဉ်းသတ်မှတ်ချက်တွေကို လိုက်နာဖို့ တိုက်တွန်း

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်အတွင်း ပုလော၊ မြိတ်နဲ့ တနင်္သာရီမြို့နယ်တွေမှာ အကြမ်းဖက်စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား စစ်ရေးတင်းမာမှုတွေကြောင့် ပြည်သူတွေအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ ထုတ်ပြန်ထားတဲ့ စည်းမျဉ်းသတ်မှတ်ချက်တွေကို လိုက်နာဖို့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း - ၂ က တိုက်တွန်းထားပါတယ်။
Read More

ကနီမြို့မှာ တပ်ချိန်းရန် ရဟတ်ယာဉ်ဖြင့် လာသည့် စစ်ကောင်စီတပ်ကို ဒရုန်း ဗုံးကြဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ကနီမြို့မှာ ရဟတ်ယာဥ်နဲ့ တပ်ချိန်းဖို့ လာတဲ့ စစ်ကောင်စီတပ်ကို ရဟတ်ယာဥ် ဆင်းသက်ချိန်မှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဗျူဟာ အမှတ် ၄၅ ၊ ကျောက်လုံးကြီး ပြည်သူ့ကာကွယ်ရေးတပ် (KLG PDF) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြန်မာ့ရိုးရာလက်ဝှေ့ကျော် စိုးလင်းဦး ကားမှောက် ဒဏ်ရာရခဲ့လို့ လာမယ့် One Championship ပွဲစဉ်လွဲချော်

မြန်မာ့ရိုးရာလက်ဝှေ့ကျော် စိုးလင်းဦးဟာ ကရင်ပြည်နယ်ကနေရာတစ်ခုမှာမော်တော်ယာဉ်တိမ်းမှောက်ပြီးဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။ မနေ့က နိုဝင်ဘာ ၃၀ရက် ညနေပိုင်းက တောင်ကုန်းပေါ်ကအဆင်း ကားဘရိတ်ပေါက်၍ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။