မန္တလေးတိုင်း မြင်းခြံခရိုင် ဆုံရွာပျူစခန်းရှိ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ၂ ကြိမ် ဗုံးသီးကြဲချပြီး လက်နက်ကြီးနဲ့ အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ယောက်သေခဲ့တယ်လို့ Myaung Drone Force မှ သတင်းထုတ်ပြန်ထားပါတယ်။

မေလ ၁၀ ရက် နေ့လယ်ပိုင်းက ဆုံရွာပျူစခန်းရှိ စစ်ကောင်စီတပ်သားတွေ နားနေတဲ့ နေရာနဲ့ ဂျန်ဘာစက်ထားတဲ့နေရာတွေကို ဒရုန်းနဲ့ ဗုံးသီး ၂ ကြိမ်ကြဲချပြီး လက်နက်ကြီးနဲ့ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ယောက်သေဆုံးကာ အများအပြားထိခို က်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်သားတွေဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်လည်ရမ်းသမ်းပစ်ခတ်ခဲ့ ကာ M.D.F ဒရုန်းတပ်ဖွဲ့မှ Fixed Wings ဒရုန်း ၁ စီး ဆုံးရှုံးခဲ့ရပြီး မဟာမိတ်တပ်ဖွဲ့မှ လက်နက်ကြီးပြောင်းကွဲပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အဲဒီစစ်ဆင်ရေးကို မြင်းခြံမြောက်ပိုင်းသားများပြောက်ကျားတပ်(MNGF)၊ ဧရာဝတီမင်းသားပြောက်ကျားတပ်၊ ရွှေဂျိုးဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MGN)၊ SMK Group၊ Aung San’s Blood Civilians Defense Force(ABCDF)၊ နယ်စည်းမခြားလက်နက်ကြီးတပ်ဖွဲ့၊ T.G.Y.Rပြောက်ကျားတပ်ဖွဲ့၊ ဇင်ယော်နီပြောက်ကျားတပ်ဖွဲ့၊ Revolutionary Air Force ( Myaung ) ၊ အားမာန်သစ် (ငါန်းဇွန်)နဲ့ ဧရာမြွေးပွေး တပ်ဖွဲ့ ( ငါန်းဇွန်း)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါ တယ်။

0 Shares:
You May Also Like
Read More

သပိတ်ကျင်း ရေထွက်ကျေးရွာကို အကြမ်းဖက်စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၁၃ ယောက် သေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ရေထွက်ကျေးရွာကို ယနေ့ ဧပြီ ၁၉ ရက် နေ့လယ်ပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်များအပါအဝင် အရပ်သားပြည်သူ ၁၃ ယောက် သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
Read More

ခိုးသန်းရွာကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ ၃ ဦး သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာက ခိုးသန်းရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တိုက်ခိုက်ခံခဲ့ရပြီး ၃ ယောက် သေဆုံးကာ ၇ယောက် ဒဏ်ရာရရှိခဲ့ကြောင်း မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်-မန္တလေး အမြန်လမ်းဟောင်းရှိ တောကျွဲအင်းမြို့ကို PDF ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက် (ရုပ်/သံ)

ပဲခူးတိုင်း ကျောက်တံခါးမြို့နယ် တောကျွဲအင်းမြို့ရှိ စစ်အုပ်စုစခန်းတွေကို တိုက်ခိုက်ပြီး မြို့ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ကျောက်ကြီးမြို့ တောင်စုကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၁၀ ယောက်သေပြီး ၇ ယောက်ဖမ်းဆီးမိ (ရုပ်/သံ)

ပဲခူးတိုင်း ကျောက်ကြီးမြို့ တောင်စုကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၁၀ ယောက်သေပြီး ၇ ယောက် ဖမ်းဆီးမိခဲ့တယ်လို့ Falcons Guerilla Force အဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရေစကြို ရေလယ်ကျွန်းဒေသက ပျူစောထီးတွေ အခြေစိုက်ရာနေရာကို ဒရုန်းနဲ့တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသက ပျူစောထီးတွေ အခြေစိုက်ရာကျေးရွာကို ဒရုန်းနဲ့  ဗုံးသီးတွေ  ၂ကြိမ်တိုင် ကြဲချတိုက်ခိုက်ခဲ့ကြောင်း  Myingyan Black Tiger (MBT) ထံက သိရပါတယ်။