စစ်ကိုင်းတိုင်း၊ တန်ဆည်မြို့အခြေစိုက် ခမရ ၃၆၁ တပ်တွင်းက စစ်ကောင်စီတပ်သား ၂ယောက် လက်နက်ခဲယမ်းကိုယ်စီနဲ့ အလင်းဝင်ရောက်လာကြောင်း ဗျူဟာ-၅၂၊ ပေါ်ဦးစစ်ကြောင်း တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

မေလ ၁၂ရက်နေ့က အလင်းဝင်ရောက်လာတဲ့ အထက်ပါ စစ်ကောင်စီတပ်သား ၂ယောက်နဲ့အတူ MA2 ၊ MA3 သေနတ် ၁လက်စီနဲ့ ခဲယမ်းကျည်အပြည့်အ စုံပါဝင်ခဲ့ကြောင်း သိရပါတယ်။

အလင်းဝင်ရောက်လာသူတွေကို ဗျူဟာ-၅၂၊ ပေါ်ဦးစစ်ကြောင်းက ​၁ယောက်ကို သိန်း၅၀ကျပ်စီီ ပေးအပ်ရင်း စားသောက်နေရာထိုင်ခင်းတွေနဲ့ နွေးနွေးထွေးထွေး ကြိုဆိုထားတယ်လို့လည်း စစ်ကြောင်းတာဝန်ရှိသူက ပြောပါတယ်။

တပ်သား ၂ယောက်ရဲ့ပြောပြချက်အရ စစ်ကောင်စီတပ်တွင်း ကြီးနိုင်ငယ်ညှင်း နှိပ်စက်မှုတွေနဲ့အတူ မတရားမှုကို လက်မခံလိုတဲ့စိတ်၊ ပြည်သူရှိရာ အမှန်တရားဘက် ရပ်တည်လိုတဲ့ စိတ်ဆန္ဒတွေကြောင့် အခုလိုအလင်းဝင်ရောက်လာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“လက်ရှိတော့ သူတို့ ဘာဆက်လုပ်မယ်ဆိုတာ စစ်ဆေးမေးမြန်းနေဆဲပါ။” လို့ ဗျူဟာ-၅၂၊ ပေါ်ဦးစစ်ကြောင်းတာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဒါ့အပြင်နောက်ထပ်အလင်းဝင်ရောက်လာမယ့် စစ်ကောင်စီတပ်သားတွေကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက နွေးထွေးစွာ ကြိုဆိုနေကြောင်းနဲ့ ပြည်သူ့ရင်ခွင်ကို အမြန်ဆုံး အလင်းဝင်ခိုလှုံကြဖို့လည်း တိုက်တွန်းထားပါသေးတယ်။

အမှတ် (၁) စစ်ဒေသလက်အောက်ခံ ဗျူဟာ-၅၂၊ ပေါ်ဦးစစ်ကြောင်းမှာ ရွှေဘိုခရိုင် တပ်ရင်းတွေဖြစ်တဲ့ အမှတ် ၇၊ ၈ ၊ ၁၀၊ ၁၆၊ ၂၅ စတဲ့တပ်ရင်း ၅ရင်းက ပါဝင်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

ပုံစာ – အလင်းဝင်ရောက်လာသူများကို ပေါ်ဦးစစ်ကြောင်းမှ ဂုဏ်ပြုဆုငွေ ပေးအပ်ချီးမြှင့်နေစဥ်
0 Shares:
You May Also Like
Read More

ရခိုင်ပြည်နယ်ရှိ တစ်နိုင်တစ်ပိုင် ဝမ်းစာရှာထွက်သည့် ရေလုပ်သားများကို စစ်အုပ်စု ဖမ်းဆီးသတ်ဖြတ်နေကြောင်း AA ထုတ်ပြန်

ရခိုင်ပင်လယ်ပြင်ရှိ အကြမ်းဖက်စစ်အုပ်စုရဲ့ သင်္ဘောတွေက တစ်နိုင်တစ်ပိုင် ဝမ်းစာရှာထွက်တဲ့ ရေလုပ်သားတွေကို ဖမ်းဆီးတာ၊ သတ်ဖြတ်တာတွေ ရှိနေတယ်လို့ အာရက္ခတပ်တော် AA က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးအဖွဲ့၏ အပတ်စဉ် (၄) စစ်သင်တန်းဆင်းပွဲ

အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးအဖွဲ့ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၄) သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း အဆိုပါတပ်ဖွဲ့က ဩဂုတ်လ ၁၅ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

အုတ်ဖိုမှာ ပေါ်တာဆွဲဖို့ ရဲစခန်းထဲကနေ အရပ်ဝတ်တွေနဲ့ ထွက်လာတဲ့ အဖွဲ့ကို တိုက်ခိုက်ရာ စခန်းမှူးအပါအဝင် ၂ယောက်သေ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အေးမြသာယာမြို့ခံ ပြည်သူတွေကို ပေါ်တာဆွဲဖမ်းဆီးဖို့ အေးမြသာယာရဲစခန်းကနေ အရပ်ဝတ်နဲ့ ထွက်လာတဲ့ အင်အား၅ယောက်ပါအဖွဲ့ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာ စခန်းမှူးအပါအဝင် ၂ယောက် သေဆုံးသွားတယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

NUG မှ လူ့အခွင့်အရေးဆိုင်ရာတာဝန်ခံများကို အမျိုးသမီးနှင့်ကလေး ကာကွယ်စောင့်ရှောက်ရေး နည်းပြသင်တန်း ပြုလုပ်ခဲ့

စစ်ကိုင်းနဲ့ မကွေးတိုင်းမှာရှိတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်ရေးဆိုင်ရာတာဝန်ခံတွေကို အမျိုးသမီးနဲ့ ကလေးသူငယ်တွေအပေါ် ကာကွယ်စောင့်ရှောက်နိုင်ဖို့ အသိပညာပေးတဲ့ ၅ ရက်တာသင်တန်းကို ဩဂုတ်လထဲမှာ ပြုလုပ်ခဲ့တယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ပါတယ်။
Read More

မန်းဝန်ကြီးချုပ်ရဲ့ နောက်ဆုံးခရီးမှာ ပို့ဆောင်ပေးခဲ့တဲ့ မင်းခေါင်ပရဟိတအဖွဲ့ကို စစ်ကောင်စီ ဖမ်းခေါ်သွား

မန္တလေးမြို့အခြေစိုက် ပရဟိတအသင်းဖြစ်တဲ့ ပရဟိတမင်းခေါင်အဖွဲ့ရဲ့ ဥက္ကဋ္ဌ အပါအဝင် အသင်းသားတချို့ကို အကြမ်းဖက်စစ်တပ်က အောက်တိုဘာလ ၂၆ ရက်မှာ အရပ်ဝတ်တွေနဲ့ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မန္တလေးမြို့ခံတွေဆီက သိရပါတယ်။
Read More

အနိမ့်ဆုံးလုပ်ခ တစ်ရက် အလုပ်ချိန် ၈ နာရီအတွက် ငွေကျပ် ၂၀၀၀၀ အထိ တိုးပေးရန် မေဒေးနေ့မှာ တောင်းဆို

အလုပ်သမားတွေရဲ့ အနိမ့်ဆုံး လုပ်ခကို တစ်ရက် အလုပ်ချိန် ၈ နာရီအတွက် ငွေကျပ် ၂၀၀၀၀ အထိ တိုးပေးဖို့ ၁၃၅ ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့မှာ မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FGWM) အပါအဝင် အလုပ်သမားအဖွဲ့တွေက တောင်းဆိုလိုက်ပါတယ်။