မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် ရှေ့တန်းကို ပို့ဆောင်ခံရချိန် စစ်မှုထမ်းဆင်း စစ်သား ၁ ယောက် လက်ပစ်ဗုံး ၂ လုံးနဲ့အတူ ထွက်ပြေးအလင်းဝင်လာတယ်လို့ People Defence Force – Chauk – သခင်ဖိုးလှကြီးတပ်ခွဲက မနေ့က ထုတ်ပြန်ပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုမြို့အခြေစိုက် ခြေမြန်တပ်ရင်း (ခမရ) ၁၈ က စစ်သား ၁ ယောက် လက်ပစ်ဗုံး ၂ လုံးနဲ့ အလင်းဝင်လာတယ်လို့ ဆိုပါတယ်။

အလင်းဝင်လာတဲ့ စစ်သားဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ မတရားစစ်သားစုဆောင်းခံရတဲ့ စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁၀ ဆင်း စစ်သားဖြစ်ပြီး မော်လမြိုင်ရှေ့တန်းကို ပို့ဆောင်ခံရချိန် သခင်ဖိုးလှကြီးတပ်ခွဲဆီ ဆက်သွယ်ကာ ဘက်ပြောင်းခိုလှုံလာတယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ဝေါနှင့်ရွှေကျင်တွင် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်များ ထိတွေ့တိုက်ပွဲ နေ့စဥ်ရှိနေပြီး နှစ်ဖက်ထိခိုက်များမှုရှိ

ပဲခူးတိုင်း၊ ဝေါမြို့နယ်နဲ့ ရွှေကျင်မြို့နယ်တို့မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေရဲ့ ထိတွေ့တိုက်ပွဲတွေ ဆက်တိုက်ရှိနေပြီး စစ်ကောင်စီဘက်က ၁၀ယောက်ထက်မနည်း ထိခိုက်သေဆုံးကာ တော်လှန်ရေးဘက်ကလည်း ကျဆုံးမှုတွေရှိကြောင်း တောင်ညိုစစ်ကြောင်းက ထုတ်ပြန်ပါတယ်။
Read More

အလံဖြူထောင်ရင် အသက်အာမခံတယ်ဆိုတဲ့ AA လက်နက်ကြီးနဲ့ လေကြောင်းရန်ကြားကနေ လက်နက်ချ စစ်ကောင်စီတပ်သားတွေကို ကယ်ထုတ်

AA က ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ အမ်း နပခ စစ်ဌာနချုပ်မှာ လက်နက်ချလာတဲ့ စစ်သားတွေကို လေကြောင်းတိုက်ခိုက်မှုတွေကြားထဲကနေ AA တပ်ဖွဲ့ဝင်တွေက ကယ်ထုတ်နေတဲ့ ရုပ်သံမှတ်တမ်းကို ဒီဇင်ဘာလ ၁၉ ရက်နေ့ ညဦးပိုင်းမှာ AA က ထုတ်ပြန်လာပါတယ်။
Read More

မိုးကုတ်မြို့နယ် ပကဖ၏ ရှေ့တန်းစစ်မြေပြင်မှာ တိုက်ပွဲဝင်နေသည့် ရဲဘော်များ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့ ( ပကဖ) အနေနဲ့ မဟာမိတ်တပ်တွေနဲ့ ပူးပေါင်းကာ ရှေ့တန်းစစ်မြေပြင်မှာ ပါဝင်တိုက်ခိုက်နေတယ်လို့ မှတ်တမ်းဓာတ်ပုံတွေနဲ့ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီတပ် လက်နက်ကြီး (၁၀)လုံး ပစ်ခတ်ခဲ့မှုကြောင့် အရပ်သား (၂)ဦး ထိခိုက်ဒဏ်ရာရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးတွေ ပစ်ခတ်မှုကြောင့် အရပ်သား အမျိုးသမီး (၂) ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အင်းတော်မြို့သိမ်းအောင်ပွဲမှ ပြန်လာသည့် Black Wolf – Army ရဲဘော်များကို ပြည်သူများ သင်္ကြန်ရေပက်ဖျန်းပြီး ကြိုဆိုခဲ့ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ ဦးဆောင်ဆင်နွှဲခဲ့တဲ့ အင်းတော်မြို့သိမ်းအောင်ပွဲက ပြန်လာတဲ့ ရဲဘော်တွေက အရပ်သားပြည်သူတွေ သင်္ကြန်ရေပတ်ဖျန်းပြီး ကြိုဆိုခဲ့တယ်လို့ Black Wolf - Army က မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပြည်သူနေအိမ်များအတွင်း ဝင်ရောက်တပ်စွဲထားသည့် ရွာကြီးအင်းရွာ စစ်တပ်ဂိတ်စခန်း တိုက်ခိုက်ခံရ၊ စစ်အုပ်စုများ ထွက်ပြေးသွားသည့်အတွက် လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်များကို တော်လှန်ရေးတပ်များ ရရှိ

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ရွာကြီးအင်းရွာဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား၃ယောက် သေဆုံးပြီး စခန်းစွန့်ခွာထွက်ပြေးသွားတာကြောင့် လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ Flacon Guerrilla Force တာဝန်ရှိသူက မောင်းကို ပြောပါတယ်။