မကွေးတိုင်း ပခုက္ကူမြို့နယ် ရှင်မကန်‌တောကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ COBRA ONE တပ်ဖွဲ့ထံက သိရပါတယ်။

မေလ ၁၄ ရက် နေ့လယ်ပိုင်းနဲ့ ညပိုင်းက ရှင်မကန်တောကျောင်းမှာ ယာယီတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ရော့ကတ် ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် မေလ ၁၆ ရက် ညပိုင်းကလည်း ရှင်မကန်ပျူစခန်းကို ရော့ကတ် ၂ လုံးနဲ့ ထပ်မံပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ရော့ကတ်တွေဟာ စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့နေရာသို့ ကျရောက်ပေါက်ကွဲပြီး ထိ ခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။

အထိနာသွားတဲ့ စစ်ကောင်စီတပ်သားတွေဟာ ယာယီတပ်စွဲထားတဲ့ ရှင်မကန်တောကျောင်းကနေ ယာဉ် ၄ စီးနဲ့ ပခုက္ကူတပ်မ ၁၀၁ သို့ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရပါတယ်။

ဒါ့အပြင် ဧပြီ ၂၉ ရက်ကလည်း စစ်ကောင်စီတပ်သားတွေကို နင်းမိုင်းနဲ့ တိုက်ခိုက်ခဲ့ရာ ၃ ယောက် ဒဏ်ရာရရှိသွားပြီး နယ်မြေရှင်းလင်းမှုအတွင်း MA ကျည်ဘောက် ၁ ခုနဲ့ ၅.၅၆ ကျည် ၂၄ တောင့် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ပခုက္ကူခရိုင် ပကဖ-ခွဲ-၅ဧရာဒေါင်းတပ်ဖွဲ့နဲ့ ဧရာဒေါင်းတပ်စိတ်PLOတပ်ဖွဲ့၊COBRA ONE Pakokku တပ်ဖွဲ့ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဘုရားကြီးကုန်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီစခန်းအား ဝင်ရောက်တိုက်ခိုက်၊ စစ်သား ၄ ဦး သေပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ (ရုပ်/သံ)

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို  တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ယောက်သေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ပဲခူးခရိုင် ၊ အမှတ် - ၂ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

မတရား ဖမ်းဆီးချုပ်နှောင်ခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့၏ တရားခွင် ရုပ်သံဖိုင် ထွက်ပေါ်လာ (ရုပ်/သံ)

မတရားဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ တရားရင်ဆိုင်နေရတဲ့ CCTV ရုပ်သံဖိုင်ကို ဂါဒီယန်းသတင်းမှာ ဖော်ပြလာပါတယ်။
Read More

နတ်မောက်-ပျော်ဘွယ်လမ်းပိုင်းမှာ အကြမ်းဖက်စစ်တပ်ယာဉ် ၁ စီးကို မိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ရွာတော်ကျေးရွာကနေ ပြန်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ် ၁ စီးကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ နတ်မောက် ပကဖ ထံက သိရပါတယ်။
Read More

တိုက်ပွဲအတွင်း စစ်ရှောင်ပြည်သူများကို ကယ်ထုတ်နေသည့် ရုပ်သံဖိုင် ရန်ကုန်တပ်ရင်း ၅၁၀၁ ထုတ်ပြန်

တိုက်ပွဲအတွင်း စစ်ရှောင်ပြည်သူတွေကို ကယ်ထုတ်နေတဲ့ ရုပ်သံဖိုင်ကို ရန်ကုန်တပ်ရင်း ၅၁၀၁ က ဒီနေ့ဧပြီ ၇ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

ဇီးကုန်းမြို့ထဲ ဆိုင်ကယ်ဖြင့် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး ၄ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ဇီးကုန်းမြို့ထဲ ဆိုင်ကယ် ၃ စီးနဲ့ ကင်းလှည့်လာတဲ့ စစ်ကောင်စီတပ်သားတွေ  တိုက်ခိုက်ခံရပြီး ၄ ယောက်သေကာ ၂ ယောက်ဒဏ်ရာရရှိသွားတယ်လို့ Kantbalu Counter Revolution Army က သတင်းထုတ်ပြန်ပါတယ်။
Read More

မြို့သာစက်မှုဇုန်ထဲကနေ ၁၂ ဘီးကားနဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း မြို့သာစက်မှုဇုန်ထဲကနေ ၁၂ ဘီးကားနဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို စက်တင်ဘာ ၂၅ ရက် မနက်ပိုင်းက ဆီမီးခုံဆိပ်ကမ်း-မြို့သာစက်မှုဇုန်လမ်းမပေါ် တဲကြီးရွာနဲ့ ရွာသာအေးရွာကြားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ရွှေဂျိုးဖြူ - ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။